ဂူတြင္းက ကေလးေတြကို ကယ္ဖို႔ အဂၤလန္မွ ကြ်မ္းက်င္ပညာရွင္မ်ား လာၿပီ


အဂၤလန္မွ ကြ်မ္းက်င္ပညာရွင္မ်ား လာေနၿပီ
Update: 12:35PM ၊ 27/6/2018
မယ္ဆုိင္ဂူအတြင္း ပိတ္မိေနသည့္ လူငယ္(၁၃)ဦးကို ကယ္ဆယ္ေရးအဖြဲ႕တြင္ အားျဖည့္ကူညီေပးရန္ အဂၤလန္ႏုိင္ငံ ဒါဘီရိႈင္း RPU မွအဖြဲ႕ကလည္း ေက်ာက္လိုဏ္ဂူအတြင္း မီတာရာႏွင့္ခ်ီ၍ ဆက္သြယ္ႏုိင္သည့္ အထူးေရဒီယိုစက္သြယ္ေရးစက္ပစၥည္းမ်ားျဖင့္ လာေနၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဆက္သြယ္ေရးပစၥည္းမ်ားသည္ ေက်ာက္လိုဏ္ဂူမ်ားအတြင္း ေရငုပ္ပစၥည္းမ်ားႏွင့္အတူ တြဲ၍ အသံုးျပဳႏုိင္မည့္ အထူးဆက္သြယ္ေရးပစၥည္းမ်ားျဖစ္ေၾကာင္း သိရၿပီး ေရငုပ္ကၽြမ္းက်င္သူ (၃)ဦးလည္း ပါဝင္လာမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာ – ထိုင္းနယ္စပ္၊ ထိုင္းႏိုင္ငံ(ေျမာက္ပိုင္း)၊ ခ်င္း႐ိုင္းခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕၊ ပုံဖာရပ္ကြက္ရွိ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီး ဇြန္လ (၂၃)ရက္ေန႔ ကတည္းက လူငယ္(၁၃)ဦး ပိတ္မိေနသည့္ ဂူအတြင္း ရွာေဖြကယ္ဆယ္မႈ လုပ္ငန္းမ်ားကို နည္းလမ္းမ်ားစြာျဖင့္ ဇြန္လ(၂၃)ရက္ေန႔ ညပိုင္းကတည္းက စ၍ ယေန႔ ဇြန္လ(၂၇)ရက္ေန႔ ေန႔လည္(၁၂)နာရီေက်ာ္အထိ ရွာေဖြမႈမ်ား ျပဳလုပ္ေနလ်က္ရွိရာ လူငယ္(၁၃)ဦးအား ရွာေဖြေတြ႔ရွိရျခင္းမရွိေသးသျဖင့္ ရွာေဖြကယ္ဆယ္မႈမ်ားကို လုပ္ေဆာင္ေနၾကျခင္း ျဖစ္သည္။
Photo Crd: RPU
#TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate
========
အင်္ဂလန်မှ ကျွမ်းကျင်ပညာရှင်များ လာနေပြီ
Update: 12:35PM ၊ 27/6/2018
မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးကို ကယ်ဆယ်ရေးအဖွဲ့တွင် အားဖြည့်ကူညီပေးရန် အင်္ဂလန်နိုင်ငံ ဒါဘီရှိုင်း RPU မှအဖွဲ့ကလည်း ကျောက်လိုဏ်ဂူအတွင်း မီတာရာနှင့်ချီ၍ ဆက်သွယ်နိုင်သည့် အထူးရေဒီယိုစက်သွယ်ရေးစက်ပစ္စည်းများဖြင့် လာနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆက်သွယ်ရေးပစ္စည်းများသည် ကျောက်လိုဏ်ဂူများအတွင်း ရေငုပ်ပစ္စည်းများနှင့်အတူ တွဲ၍ အသုံးပြုနိုင်မည့် အထူးဆက်သွယ်ရေးပစ္စည်းများဖြစ်ကြောင်း သိရပြီး ရေငုပ်ကျွမ်းကျင်သူ (၃)ဦးလည်း ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ – ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းများစွာဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းက စ၍ ယနေ့ ဇွန်လ(၂၇)ရက်နေ့ နေ့လည်(၁၂)နာရီကျော်အထိ ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိရာ လူငယ်(၁၃)ဦးအား ရှာဖွေတွေ့ရှိရခြင်းမရှိသေးသဖြင့် ရှာဖွေကယ်ဆယ်မှုများကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
Photo Crd: RPU
#TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate

Comments