စူဠလိပ္အား ေရနစ္သတ္ရန္ အၾကံေပးေသာ ပုဏၰား....



တန္​ဖိုးနားမလည္​ၾကသူမ်ား

©©©©©©©©©©©©©

တို႔ရြာနံေဘးက ကားလမ္းမွာ ကုန္စိမ္းကားတစ္စီး ဘီးေပါက္လို႔...

ကားဆရာကားေအာက္၀င္ နတ္ျဖဳတ္ေနတုန္း

ျဖတ္သြားျဖတ္လာ လူတစ္ေယာက္က

ကားဆရာအလစ္မွာ နတ္တစ္လံုးကိုေကာက္ယူလို႔

သံတိုသံစ၀ယ္တဲ့ဆိုင္ သြားေရာင္းတာ ၁၅၀ ေတာင္ရသတဲ့။

သူ႔အတြက္ေတာ့ ကြမ္းယာေဆးလိပ္ တစ္ေန႔စာ ဖူလံုသြားေပမဲ့

ပံုစံတူနတ္ရွာမရလို႔ ကုန္စိမ္းကားကေတာ့

အဲဒီေနရာမွာ ၂ ညေတာင္အိပ္လိုက္ရသတဲ့။

ကုန္စိမ္းေတြလည္း အခ်ိန္မွီ ေစ်းမေရာက္ေတာ့ပုပ္ကုန္ျပီး အမွိဳက္ပံု ေရာက္သြားၾကတယ္။

ကုန္စိမ္းသည္ေတြလည္း ရွံဳးလိုက္တာ ခြက္ခြက္လန္ဘဲ။

တို႔ရြာနားက လယ္ကြင္းမွာ ဘိုဒူဇာတစ္စီး ေျမတူးရင္းမိုးက်လာလို႔

ေနာက္ႏွစ္အတြက္ မျပန္ေတာ့ဘဲ နီးရာလယ္သမား တစ္ေယာက္ကို အပ္ခဲ့သတဲ့။

ရြာမွာ ဇရွိတဲ့လူေတြက ဘိုဒူဇာအတြင္း ကလီဇာကို ျဖဳတ္ဖ်က္ျပီး

သံရည္ၾကိဳတဲ့ ဆိုင္သြားေရာင္းတာ ၂ေသာင္းခြဲေတာင္ရသတဲ့။

ဘိုဒူဇာျပင္ဘို႔ ကုမၼဏီက စကၤာပူကိုပစၥည္းမွာတာ သိန္း၃၀၀ဘိုးက်သတဲ့။

သူခိုး ႏြားေကာင္းမသိရ ဆိုတာ ဒါမ်ိဳးနဲ႔တူပါရဲ႕။

မုတၱမေကြ႔က ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႔ကို ယိုးဒယားကိုေရာင္းတာ

တစ္စည္ကို ၁၇ ေဒၚလာၾကီးမ်ားေတာင္ ရသတဲ့။

ယိုးဒယားကလာတဲ့ ဓာတ္ဆီက တစ္ဂါလံမွ ၅၅၀၀ိ တည္းရယ္။

မနက္မိုးလင္းတိုင္းမွာ ထိုင္းျပည္သူေတြက

ဆာ၀ါဒီခပ္​ ျမန္မာျပည္ဆိုျပီးေန႔တိုင္း နွဳတ္ခြန္းဆက္ေနေလရဲ႕။

ေရႊလီျမစ္ေပၚက ေရအားလွ်ပ္စစ္ရဲ႕ေက်းဇူးေၾကာင့္

တရုပ္ျပည္ ယူနန္ျပည္နယ္မွာ

တႏွစ္ကိုေက်ာက္မီးေသြးတန္ခ်ိန္ ၂ ေသာင္းေတာင္သက္သာသြားေလရဲ႕။

လွ်ပ္စစ္အေရာင္းအ၀ယ္ ဘယ္လိုဆိုတာ က်ဳပ္တို႔ျပည္သူေတြမသိရေပမဲ့

ယူနန္ျပည္သူအေပါင္းကေတာ့ ညေနမိုးခ်ဳပ္ေလတိုင္း

ေထာင္ေသာင္းမက ရွဲရွဲနီပါရဲ႕ျမန္မာျပည္ ဆိုျပီး

အိပ္ယာ၀င္တိုင္းေက်းဇူးတင္ေလရဲ႕။

က်ဳပ္တို႕ျမန္မာျပည္မွာေတာ့..

မီးအားမမွန္လို႔ ၀ါယာေရွာ့ျဖစ္ျပီး

မဂၤလာေစ်းၾကီးမီးေလာင္တာ သိန္း......ေထာင္ဘိုး

သကၤန္းကၽြန္းေစ်း............

ပခုကၠဴေစ်း...................

မံုရြာေစ်း...................

ေမာ္လျမိဳင္ေစ်း..................

ေစ်းေတြ..............ေစ်းေတြ...............

မီးေတြေလာင္တာ သိန္းရာေထာင္ေသာင္းေပါင္းမ်ားစြာ

လွ်ပ္စစ္မလံုေလာက္ေတာ့ ထင္းမီးနဲ႔ခ်က္လို႕

ေလာင္တဲ့မီးက မေရမတြက္နိဳင္တဲ့ အၾကိမ္ေပါင္းမ်ားစြာ

အိုးမဲ့ အိမ္မဲ့ ေထာင္ေသာင္းေပါင္းမ်ားစြာ

ပူအိုက္တဲ့ရာသီမွာ မီးမလာလို႕

မီဖစက္နဲ႕ အဲယားကြန္းတြဲဖြင့္ျပီးအိပ္တာ

အိမ္ထဲရွိရွိသမွ် လူအားလံုးကေလး လူၾကီးေခြးေၾကာင္ပါမက်န္

ကာဗြန္အဆိပ္သင့္ျပီး မာလက စ်န္ၾကြ သြားရတာေတြလည္းရွိရဲ႕။

ဒီအခ်ိန္မွာ မီးပ်က္ေနက် မီးပ်က္တုန္း ၀ါယာျပင္လိုက္ဦးမွဆိုျပီး

လက္နဲ႔အကိုင္ သူနဲ႕က်မွတိုက္တိုက္ဆိုင္ဆိုင္ ဆိုသလို ဓာတ္လိုက္ျပီးေသတာလည္း ရွိရဲ႕။

တျမိဳ႕လံုးညံေနတဲ့မီးစက္သံနဲ႕ ထြက္လာတဲ့ ကာဗြန္ဓာတ္ေငြ႕ေတြေၾကာင့္

ေထာင္ေသာင္းမကေသာအဆုတ္ေရာဂါသည္ေတြဟာ တရုပ္ကလာတဲ့ ေစ်းေပါေပါေဆးကို

ကြမ္းယာသည္ကုလားေဒါက္တာအပ္ပနားရဲ႕လမ္းညႊန္မွဳနဲ႔ ၀ယ္ေသာက္ေနၾကရတယ္။

၅၀တန္တဲ့ေဆးကို ၁၅၀ ေရာင္းျပီး အႏုတ္မရွိတဲ့ အေၾကာင္းျပခ်က္နဲ႕

သၾကားလံုးက အဆစ္ပါလာေသးတယ္။

ေခ်ာင္းဆိုးရင္ ေရႊေတာင္ၾကီးရင္ၾကပ္ေတာ့ ထက္လင္း

ေသြးတိုး ေလငန္း ႏွလံုးစတာေတြက ေအးျငိမ္းသီတာ

ဒီထက္ပိုလာရင္ေတာ့ ျဖဴနီျပာ၀ါ ေရာင္မ်ိဳးစံုျပီး

ဘာမွန္းမသိတဲ့ ေဆးေတြနဲ႕ ၂ပါးသြားေနလိုက္ၾကတာ

ကြမ္းယာသည္ ကုလားအတြက္ေတာ့ ဟီးေနတဲ့တိုက္အိမ္ၾကီးကို အျပီးတိုင္ေစခဲ့တယ္။

ေဆးထိုးအပ္ကိုင္ျပီး စတိုင္အျပည့္နဲ႔ ရမ္းကုေတြကလည္း ျမိဳ႔ျပနဲ႕အလွမ္းေ၀းတဲ့ေဒသေတြမွာမွိဳလိုေပါလာခဲ့တယ္။

ေငြေၾကးတက္နိဳင္တဲ့ သူေတြကေတာ့ ကိုယ့္တိုင္းျပည္က ေဆးရံုကိုဘာေၾကာင့္ရယ္မသိ ေက်ာ္ခြလို႔

ယိုးဒယားသြား ေဆးကုဘို႔အတြက္သံရံုးမွာ ဗီဇာတန္းစီေနေလရဲ႕။

တရုပ္နဲ႔ ထိုင္းကလာတဲ့လွ်ပ္စစ္နဲ႔ ပတ္သက္သမွ်ေသာ

တီဗီေအာက္စက္ ေရခဲေသတၱာအစရွိေသာ

လူသံုးကုန္ပစၥည္း အေပါင္းတို႔သည္လည္း မမွန္ေလေသာ လွ်ပ္စစ္မီးေၾကာင့္

ပ်က္အစဥ္ ျပင္ခဏ ဆိုေသာစကားကဲ့သို႕ျပင္လွ်င္ခဏသာေကာင္းျပီး အျမဲပ်က္ေနေသာေၾကာင့္

ျပင္ခမတတ္နိဳင္ရကားအမိွဳက္ပံုသို႔ သာျမန္းရေလသတည္း။

လွ်ပ္စစ္မီး မလံုေလာက္ေသာေၾကာင့္ ေသာ္လည္းေကာင္း

လွ်ပ္စစ္မီးမရ ေလေသာေၾကာင့္ ေသာ္လည္းေကာင္း

ဘတၳရီအိုး ၀ယ္သံုးေလေသာေၾကာင့္

အက္စစ္ႏွင့္ခဲ ဓာတ္ျပဳကာ ထြက္လာေသာအနံ႔ကို ရွဴမိေသာေၾကာင့္

ခဲဆိပ္သင့္ရေသာ ခေလးငယ္တို႔ကား မေရတြက္နိဳင္ကုန္။

နံနက္လင္းတိုင္း.....

ရွဲရွဲျမည္ျပီးမွ စီးတတ္ေလထေသာ အရည္ေၾကာင္းမွ အစျပဳ၍

ျမန္မာျပည္တ၀ွမ္းရွိရွိသမွ် ေျမာင္းေခ်ာင္းျမစ္အေပါင္းတို႕၏အေၾကာင္းခ်င္းရာအစံုလင္ကို

ႏွံ႔စပ္သိျမင္ေသာအရာ၌ငါ့ေလာက္သိသူ ဤျမန္ျပည္၌ ငါသည္ပင္လွ်င္မရွိဟူ၍

မိမိကိုယ္ကို မိမိဘာသာအမြန္းတင္လြန္းေသာ

ျမစ္ေခ်ာင္းေျမာင္းတကာအရာ၌ ပါရဂူဆည္အရာ၌ ဧတဒဂ္ရေတာ္မူေသာ ႏြားႏွင့္ပင္လွ်င္

လွ်ပ္စစ္ထုတ္ရန္ၾကိဳးပမ္းဘို႔ရာ လမ္းညႊန္တတ္ေသာ၀န္ၾကီးအဖြဲ႕၌

သူလည္းတပါးအပါ၀င္ျဖစ္ေသာ ဟို၀န္ၾကီးေျပာစကားအရ

လွ်ပ္စစ္ဟူသည္ ပါကင္ထုပ္၍မရ

ျမန္မာျပည္၌ ပိုလွ်ံလြန္းေသာေၾကာင့္အိမ္နီးခ်င္းတိုင္းျပည္ကို

အလကားနီးပါးေစ်းႏွင့္ၾကိဳးသြယ္၍ေရာင္းရသည္။

ထိုစကားကို ကၽြန္ဳပ္တို႕ျမန္မာျပည္သူအေပါင္းသည္

ေဒါနေတာင္တန္းသို႔တိုင္ ရုိက္ခတ္၍လာေသာ

ရေနာင္း မဲေဆာက္ ဘန္ေကာက္ အနိွပ္ခန္းတို႕မွ

လံုမပ်ိဳတို႕၏ရွိဳက္သံကဲ့သို႔ ေသာ္လည္းေကာင္း

ရွမ္းကုန္းေျမျမင့္ကိုပင္ တုန္ခါေစခဲ့ေသာ

ၾကယ္ေခါင္ ကာရာအိုေကခန္းမွ ပေလာင္ပ်ိဳျဖဴငယ္တို႔၏

ငိုညည္းသံကဲ့သို႔ေသာ္လည္းေကာင္း

ဧရာ၀တီျမစ္ကိုပင္ လွိဳင္းတံပိုးထေစအပ္ေသာ

ကိုယ့္တိုင္းျပည္မွာ အလုပ္မရွိေလေသာေၾကာင့္

တိုင္းတပါး၌ ရရာအလုပ္ကိုေအာက္က်ခံကာ လုပ္ကိုင္ေနၾကရေသာ

ျမန္မာတို႔၏ ေတာက္ေခါက္သံ ကဲ့သို႔ေသာ္လည္းေကာင္း

အံၾကိတ္ကာ ဟန္လုပ္ျပီး လက္ခုပ္တီး၍ ေထာက္ခံအပ္၏။

တိမ္သလႅာဖုံးအုပ္ေသာ လကြယ္ည၏သန္းေကာင္ယံအခါကာလ၌

ေတာအုပ္အလယ္တြင္ ေရာက္ေနေသာ သူကဲ့သို႕

အေမွာင္တြင္းမွ ကၽြန္ဳပ္တို႕ျမန္မာျပည္သူအေပါင္းသည္ကား

ညအိပ္ယာ၀င္ေလတိုင္း ယိုးဒယားဘက္သို႕လည္း ရွိခိုးရ၏။

တရုပ္ဘက္သို႔လည္း လက္အုပ္ခ်ီရေလသည္။

ကုလားျပည္ဘက္သို႔လည္း ေမတၱာအစစ္ပို႔လႊတ္ရေသး၏။

စက္မွဳစြမ္းအား ေခတ္ေက်ာ္လႊား

ေခတ္မီဖြံ႕ျဖိဳးတိုးတက္ေသာ စက္မွဳနိဳင္ငံေတာ္ၾကီးတည္ေဆာက္အံ့

အစရွိေသာေဆာင္ပုဒ္တို႔ျဖင့္ ေၾကြးေၾကာ္ကာ

စက္မွဳစြမ္းအားအတြက္ မရွိမျဖစ္လိုအပ္ေသာလွ်ပ္စစ္ဓာတ္အားကို

ေစ်းေပါေပါျဖင့္ ေရာင္းစား၀ံ့ေသာ

ကၽြန္ဳပ္တို႔၏ ေခါင္းေဆာင္အေပါင္းတို႔သည္ကား

ဘူရိဒတ္ ဇာတ္ေတာ္လာ

စူဠလိပ္အား ေရနစ္သတ္ရန္ အၾကံေပးေသာ

ပုဏၰားႏွင့္သာ တူေခ်ေတာ့သည္။

နံနက္လင္းေသာ္....

ယိုးဒယားျပည္ဘက္မွ ဆာ၀ါသီခတ္ ဟူ၍လည္းေကာင္း..

ညေနမိုးခ်ဳပ္ေသာ္..

တရုပ္ျပည္ဘက္မွ ရွဲရွဲနီ ဟူ၍ေသာ္လည္းေကာင္း..

ျမန္မာျပည္ဘက္သို႔ လွည့္ကာ.

ႏွစ္ေပါင္းသံုးဆယ္ မျပည့္မခ်င္း..

မဂၤလာႏွဳတ္ခြန္း ဆက္ေလေတာ့သတည္း။

[📗✏credit--Thu Rain] &ဘႀကီးမိုး

#MMO

============

တန်​ဖိုးနားမလည်​ကြသူများ

©©©©©©©©©©©©©

တို့ရွာနံဘေးက ကားလမ်းမှာ ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့...

ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း

ဖြတ်သွားဖြတ်လာ လူတစ်ယောက်က

ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့

သံတိုသံစဝယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။

သူ့အတွက်တော့ ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့

ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့

အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။

ကုန်စိမ်းတွေလည်း အချိန်မှီ စျေးမရောက်တော့ပုပ်ကုန်ပြီး အမှိုက်ပုံ ရောက်သွားကြတယ်။

ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။

တို့ရွာနားက လယ်ကွင်းမှာ ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့

နောက်နှစ်အတွက် မပြန်တော့ဘဲ နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။

ရွာမှာ ဇရှိတဲ့လူတွေက ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး

သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။

ဘိုဒူဇာပြင်ဘို့ ကုမ္မဏီက စင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃ဝဝဘိုးကျသတဲ့။

သူခိုး နွားကောင်းမသိရ ဆိုတာ ဒါမျိုးနဲ့တူပါရဲ့။

မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ယိုးဒယားကိုရောင်းတာ

တစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။

ယိုးဒယားကလာတဲ့ ဓာတ်ဆီက တစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။

မနက်မိုးလင်းတိုင်းမှာ ထိုင်းပြည်သူတွေက

ဆာဝါဒီခပ်​ မြန်မာပြည်ဆိုပြီးနေ့တိုင်း နှုတ်ခွန်းဆက်နေလေရဲ့။

ရွှေလီမြစ်ပေါ်က ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့်

တရုပ်ပြည် ယူနန်ပြည်နယ်မှာ

တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။

လျှပ်စစ်အရောင်းအဝယ် ဘယ်လိုဆိုတာ ကျုပ်တို့ပြည်သူတွေမသိရပေမဲ့

ယူနန်ပြည်သူအပေါင်းကတော့ ညနေမိုးချုပ်လေတိုင်း

ထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီး

အိပ်ယာဝင်တိုင်းကျေးဇူးတင်လေရဲ့။

ကျုပ်တို့မြန်မာပြည်မှာတော့..

မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီး

မင်္ဂလာစျေးကြီးမီးလောင်တာ သိန်း......ထောင်ဘိုး

သင်္ကန်းကျွန်းစျေး............

ပခုက္ကူစျေး...................

မုံရွာစျေး...................

မော်လမြိုင်စျေး..................

စျေးတွေ..............စျေးတွေ...............

မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာ

လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့

လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ

အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ

ပူအိုက်တဲ့ရာသီမှာ မီးမလာလို့

မီဖစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ

အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန်

ကာဗွန်အဆိပ်သင့်ပြီး မာလက စျန်ကြွ သွားရတာတွေလည်းရှိရဲ့။

ဒီအချိန်မှာ မီးပျက်နေကျ မီးပျက်တုန်း ၀ါယာပြင်လိုက်ဦးမှဆိုပြီး

လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။

တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့တွေကြောင့်

ထောင်သောင်းမကသောအဆုတ်ရောဂါသည်တွေဟာ တရုပ်ကလာတဲ့ စျေးပေါပေါဆေးကို

ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့လမ်းညွှန်မှုနဲ့ ဝယ်သောက်နေကြရတယ်။

၅ဝတန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့

သကြားလုံးက အဆစ်ပါလာသေးတယ်။

ချောင်းဆိုးရင် ရွှေတောင်ကြီးရင်ကြပ်တော့ ထက်လင်း

သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ

ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး

ဘာမှန်းမသိတဲ့ ဆေးတွေနဲ့ ၂ပါးသွားနေလိုက်ကြတာ

ကွမ်းယာသည် ကုလားအတွက်တော့ ဟီးနေတဲ့တိုက်အိမ်ကြီးကို အပြီးတိုင်စေခဲ့တယ်။

ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာမှိုလိုပေါလာခဲ့တယ်။

ငွေကြေးတက်နိုင်တဲ့ သူတွေကတော့ ကိုယ့်တိုင်းပြည်က ဆေးရုံကိုဘာကြောင့်ရယ်မသိ ကျော်ခွလို့

ယိုးဒယားသွား ဆေးကုဘို့အတွက်သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။

တရုပ်နဲ့ ထိုင်းကလာတဲ့လျှပ်စစ်နဲ့ ပတ်သက်သမျှသော

တီဗီအောက်စက် ရေခဲသေတ္တာအစရှိသော

လူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း မမှန်လေသော လျှပ်စစ်မီးကြောင့်

ပျက်အစဉ် ပြင်ခဏ ဆိုသောစကားကဲ့သို့ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့်

ပြင်ခမတတ်နိုင်ရကားအမှိုက်ပုံသို့ သာမြန်းရလေသတည်း။

လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း

လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း

ဘတ္ထရီအိုး ဝယ်သုံးလေသောကြောင့်

အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့်

ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။

နံနက်လင်းတိုင်း.....

ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍

မြန်မာပြည်တဝှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏အကြောင်းချင်းရာအစုံလင်ကို

နှံ့စပ်သိမြင်သောအရာ၌ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍

မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော

မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူဆည်အရာ၌ ဧတဒဂ်ရတော်မူသော နွားနှင့်ပင်လျှင်

လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌

သူလည်းတပါးအပါဝင်ဖြစ်သော ဟိုဝန်ကြီးပြောစကားအရ

လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ

မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့်အိမ်နီးချင်းတိုင်းပြည်ကို

အလကားနီးပါးစျေးနှင့်ကြိုးသွယ်၍ရောင်းရသည်။

ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်

ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော

ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှ

လုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း

ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော

ကြယ်ခေါင် ကာရာအိုကေခန်းမှ ပလောင်ပျိုဖြူငယ်တို့၏

ငိုညည်းသံကဲ့သို့သော်လည်းကောင်း

ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော

ကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်

တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော

မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း

အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍ ထောက်ခံအပ်၏။

တိမ်သလ္လာဖုံးအုပ်သော လကွယ်ည၏သန်းကောင်ယံအခါကာလ၌

တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့

အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကား

ညအိပ်ယာဝင်လေတိုင်း ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။

တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။

ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။

စက်မှုစွမ်းအား ခေတ်ကျော်လွှား

ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့

အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာ

စက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သောလျှပ်စစ်ဓာတ်အားကို

စျေးပေါပေါဖြင့် ရောင်းစားဝံ့သော

ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား

ဘူရိဒတ် ဇာတ်တော်လာ

စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသော

ပုဏ္ဏားနှင့်သာ တူချေတော့သည်။

နံနက်လင်းသော်....

ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း..

ညနေမိုးချုပ်သော်..

တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း..

မြန်မာပြည်ဘက်သို့ လှည့်ကာ.

နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း..

မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။

[📗✏credit--Thu Rain] &ဘကြီးမိုး

#MMO

Comments