Credit;PetiMyanmar
အရမ်းချမ်းသာလာအောင် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာ ပြောပြခဲ့တဲ့ စမိုင်းလ် ရဲ ့ ( ရုပ်သံ )
နိုင်ငံကျော်အနုပညာရှင်တစ်ဦးဖြစ်တဲ့ စမိုင်းလ်ဟာ အနုပညာအလုပ်တွေကို အပြီးတိုင်ရပ်နားခဲ့ပြီးနောက် ကိုယ်ပိုင်စီးပွားရေးကို ဇနီးမောင်နှံနှစ်ဦး ဇောက်ချလုပ်ကိုင်နေပါတယ်။အခုဆိုရင် စမိုင်းလ်တို့ဇနီးမောင်နှံဟာ မြန်မာနိုင်ငံမှာ အရမ်းကိုအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်နေပါပြီ။
သူတို့ဟာ အခုလို အောင်မြင်ဖို့အတွက် ဘဝမှာ ဖြတ်ကျော်ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောပြလာခဲ့ပါတယ်။
“စမိုင်းတို့က အရင်ထဲက နိုင်ငံခြားမသွားခင်ထဲက အလုပ်လုပ်ကြတာပေါ့နော်။ ဟိုကို စမိုင်းလ်တို့နှစ်ယောက်လုံး ရောက်သွားတဲ့အချိန်မှာ အသက် 18 နဲ့ 19 ကြားလောက်ပဲ ရှိပါသေးတယ်။ဟိုရောက်တဲ့ အဆင်မပြေဖူး။ ဘာမှလဲ သိပ်မလုပ်တတ်ဖူး ။ ပြောရမယ့်ဆိုရင် ပညာလည်း မတတ်ဖူး။ အာ့တော့ ပထမဆုံး security စလုပ်ရတယ်။ တစ်နေ့ကို အပြင်ဖက်မှာ အေးနေတဲ့ကြားက 13 နာရီလောက်မတ်တပ်ရပ်ရတယ်။ကိုယ်ဝန်စရှိလာတာတောင် လုပ်ခဲ့တယ်။ သမီးကြီးကိုယ်ဝန် 7 လခွဲလောက်ထိ လုပ်ခဲ့ရတယ် လို့ ပြောလာပါတယ်။ ခြေထောက်သွေးကျတဲ့အထိ security အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ လဲ ပြောပြခဲ့ပါတယ်။
နောက်ပိုင်းမှာ မြန်မာပြည်က မိဘနဲ့ တယ်လီဖုန်းအဆက်အသွယ်လုပ်ရင်း ဘေဖိုးတွေက အရမ်းကုန်လို့ ပိုက်ဆံမပေးနိုင်ဘဲ ငိုခဲ့ရတဲ့အထိ အဆင်မပြေတွေကို ကြုံခဲ့ရပါတယ်။ အဲ့ဒီ အဆင်မပြေမှုဟာ နောက်ပိုင်းမှာ စမိုင်းလ်တို့ဇနီးမောင်နှံအတွက် အောင်မြင်စေမယ့် အခြေအနေတစ်ခုကို တွန်းအားပေးခဲ့ပါတယ်။စျေးသက်သာတဲ့ ကိုယ်ပိုင် sim card တွေပြုလုပ်ရောင်းချပြီး ပြည်ပရောက်မြန်မာတွေ အခက်အခဲကို ဖြေရှင်းပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ စျေးကွက်က အဆမတန်ကြီးထွားလာပြီး လုပ်ငန်းတွေပါ တိုးချဲ့လုပ်ကိုင်ခဲ့တာ အခုဆိုရင် ကြော်ငြာလုပ်ငန်း ဆက်သွယ်ရေး လုပ်ငန်းအချို့နဲ့ မီဒီယာလုပ်ငန်းတစ်ချို့ကို ပါ လုပ်ကိုင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းမှာ အောင်မြင်တဲ့အချိန်ကာလကို ရောက်ရှိနေသည့်တိုင် လင်မယားနှစ်ယောက်ကြားက ချစ်ခြင်းတရားတွေက လျော့မသွားပါဘူး။ ယနေ့တိုင် သူတို့ဇနီးမောင်နှံဟာ သူတို့အတွက်ထူးခြားတဲ့နေ့ရက်လေးတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်အံ့သြမှုတွေကို ယနေ့တိုင်ဖန်တီးနေဆဲဖြစ်ပါတယ်။ ဘာသာတရားကို ကြည်ညိုပြီး အလှူအတန်းရက်ရောတဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ ခက်ခဲတဲ့ ဘဝစာမျက်နှာတွေကို ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာ အောက်က ဗီဒီယိုဖိုင်မှာ ကြည့်ရှူလိုက်ကြပါဦးနော် ပရိတ်သတ်ကြီး။
Credit;PetiMyanmar
Comments