မိုင္းဖုန္းဆရာေတာ္ မယ္ဆိုင္ဂူကို ဒုတိယအႀကိမ္ ၾကြေရာက္....



မိုင္းဖုန္းဆရာေတာ္ မယ္ဆိုင္ဂူကို ဒုတိယအႀကိမ္ ၾကြေရာက္ကာ ဆုေတာင္း ေမတၱာပို႔

�Update: 2:17PM ၊ 30/6/2018�

::::::::::::::::::::::::::::::::::::::::::::

မယ္ဆိုင္ဂူအတြင္း ကယ္ဆယ္ရွာေဖြေရး (၈)ရက္ေျမာက္ေန႔ျဖစ္တဲ့ ၂၀၁၈ခုႏွစ္ ဇြန္လ(၃၀)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္(၁)နာရီ (၅၉)မိနစ္မွာ ကယ္ဆယ္ရွာေဖြေရးလုပ္ေဆာင္ရာေနရာသို႔ မုိင္းဖုန္းဆရာေတာ္ ၾကြေရာက္လာၿပီး ေန႔လည္(၂း၁၅)နာရီအခ်ိန္အထိ ဆုေတာင္းေမတၱာပို႔ေနလွ်က္ရွိပါတယ္။



ကယ္ဆယ္ရွာေဖြေရးလုပ္ေဆာင္ေနရာ မယ္ဆုိင္ ထမ့္လံုခြန္နမ့္ဂူရိွရာကို ဇြန္လ(၂၉)ရက္ေန႔ ညပိုင္းက မုိင္းဖုန္းဆရာေတာ္ ပထမအႀကိမ္ၾကြေရာက္ခဲ့ၿပီးေတာ့ ဒီေန႔ ဒုတိယအႀကိမ္ ၾကြေရာက္တာျဖစ္ပါတယ္။

ဓါတ္ပံု - #ေဇာင္းညီ - Tachileik News Agency



ျမန္မာ - ထိုင္းနယ္စပ္၊ ထိုင္းႏိုင္ငံ(ေျမာက္ပိုင္း)၊ ခ်င္း႐ိုင္းခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕၊ ပုံဖာရပ္ကြက္ရွိ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီး ဇြန္လ (၂၃)ရက္ေန႔ ကတည္းက လူငယ္(၁၃)ဦး ပိတ္မိေနသည့္ ဂူအတြင္း ရွာေဖြကယ္ဆယ္မႈ လုပ္ငန္းမ်ားကို နည္းလမ္းမ်ိဳးစံုျဖင့္ ဇြန္လ(၂၃)ရက္ေန႔ ညပိုင္းကတည္းကစ၍ ယေန႔ ဇြန္လ(၃၀)ရက္ေန႔ အထိ ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။



#TachileikNewsAgency #TachileikNewsAgencyUpdate #TNA

==================

မိုင်းဖုန်းဆရာတော် မယ်ဆိုင်ဂူကို ဒုတိယအကြိမ် ကြွရောက်ကာ ဆုတောင်း မေတ္တာပို့

�Update: 2:17PM ၊ 30/6/2018�

::::::::::::::::::::::::::::::::::::::::::::

မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရှာဖွေရေး (၈)ရက်မြောက်နေ့ဖြစ်တဲ့ ၂၀၁၈ခုနှစ် ဇွန်လ(၃၀)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁)နာရီ (၅၉)မိနစ်မှာ ကယ်ဆယ်ရှာဖွေရေးလုပ်ဆောင်ရာနေရာသို့ မိုင်းဖုန်းဆရာတော် ကြွရောက်လာပြီး နေ့လည်(၂း၁၅)နာရီအချိန်အထိ ဆုတောင်းမေတ္တာပို့နေလျှက်ရှိပါတယ်။



ကယ်ဆယ်ရှာဖွေရေးလုပ်ဆောင်နေရာ မယ်ဆိုင် ထမ့်လုံခွန်နမ့်ဂူရှိရာကို ဇွန်လ(၂၉)ရက်နေ့ ညပိုင်းက မိုင်းဖုန်းဆရာတော် ပထမအကြိမ်ကြွရောက်ခဲ့ပြီးတော့ ဒီနေ့ ဒုတိယအကြိမ် ကြွရောက်တာဖြစ်ပါတယ်။

ဓါတ်ပုံ - #ဇောင်းညီ - Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ယနေ့ ဇွန်လ(၃၀)ရက်နေ့ အထိ ဆောင်ရွက်နေကြခြင်းဖြစ်သည်။

#TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate

Comments