ဂဏန္းေတြကို သတိထား....



စာျမည္း(၃) - မွ်ေဝလိုေသာ အေတြးမ်ား(၃) စာအုပ္မွ

ဂဏန္းေတြကို သတိထား

တစ္မနက္ခင္းေစာေစာမွာ ကိုေမာင္ဟာ ပင္လယ္ကမ္းေျခမွာ ေလေကာင္းေလသန္႔ရႈရင္း လမ္းေလွ်ာက္ေနတယ္။

ခတ္လွမ္းလွမ္းမွာ လူတစ္ေယာက္ဟာ ကမ္းေပၚကို ရိုက္ခတ္လာတဲ့ ေရလႈိင္းေတြၾကားက ပစၥည္းေလးေတြကို တစ္ခုျပီး တစ္ခုေကာက္ျပီး ျခင္းေတာင္းထဲကို ထည့္ေနတာကို ေတြ႔လို႔ သူ႔အနားကို သြားၾကည့္လိုက္တယ္။

အဲဒီလူဟာ ကမ္းစပ္ေပၚမွာ တင္က်န္ေနတဲ့ ဂဏန္းေကာင္ေတြကို ဖမ္းျပီး ေတာင္းထဲကို ထည့္ေနတာပါ။ ထူးဆန္းတာက ေတာင္းကို အဖံုး ဖံုးမထားဘူး။

ေတာင္းထဲမွာ ဂဏန္းေကာင္အရွင္ေတြ ေတာ္ေတာ္မ်ားမ်ား ရွိေနၾကတယ္။ ကိုေမာင္က သူ႔ကို ေမးလိုက္တယ္။

- ‘ခင္ဗ်ား၊ ေတာင္းကို ဘာလို႔ အဖံုးမဖံုးတာလဲဗ်။ ဂဏန္းေကာင္ေတြ အျပင္ထြက္ေျပးကုန္ၾကမွာေပါ့’။အဲဒီလူက ခုလို ျပန္ေျပာတယ္။

- ‘မင္း နားမလည္ပါဘူးကြာ။ တကယ္လို႔ ေတာင္းထဲမွာ ဂဏန္းတစ္ေကာင္ထဲ ရွိေနရင္ေတာ့ အဲဒီအေကာင္ ခ်က္ခ်င္းပဲ အျပင္ကို ထြက္ေျပးသြားမွာပါ။

ဒါေပမဲ့ ေတာင္းထဲမွာ ဂဏန္းေတြ အမ်ားၾကီး ရွိေနရင္ေတာ့ တစ္ေကာင္ဟာ အျပင္ထြက္ေျပးဖို႔ ေတာင္းထဲကေန တက္ဖို႔ ၾကိဳးစားၾကတာနဲ႔ တျခားဂဏန္းေတြက အဲဒီအေကာင္ကို ဆြဲခ်ၾကလိမ့္မယ္။ သူ႔ကို အျပင္မထြက္ေစဘဲ သူတို႔နဲ႔အတူ ရွိေနေစခ်င္လို႔ပါ’

ကိုေမာင္ ျပန္ေျပာျပလို႔ သိရတဲ့ ဒီအေၾကာင္းကို သိရတာပါ။ ဒီအေၾကာင္းကို ေသေသခ်ာခ်ာ စဥ္းစားၾကည့္လိုက္စမ္းပါ။ ကၽြန္ေတာ္တို႔ ဘ၀မွာ ၾကံဳေတြ႔ေနရတာနဲ႔ တူေနပါတယ္။

လူေတြမွာ ဘ၀ကို တိုးတက္ဖို႔ ၾကိဳးစားေနသူ ရွိတယ္။ သူမ်ားနဲ႔ မတူတာကို တမူထူးျခားစြာ လုပ္ေနသူ ရွိတယ္၊ စာေမးပြဲမွာ အမွတ္ေကာင္းေကာင္း ရဖို႔ ၾကိဳးစားေနသူ ရွိတယ္၊ ရာထူးတက္ဖို႔ ၾကိဳးစားေနသူ ရွိတယ္။

လက္ရွိအေျခအေနဆိုးက ရုန္းထြက္ဖို႔ ၾကိဳးစားေနသူ ရွိတယ္၊ အိပ္မက္ၾကီးၾကီး မက္ေနသူ ရွိတယ္။ ဒါေပမဲ့ သူတို႔ကို မၾကိဳးစားေစခ်င္သူေတြလည္း သူတို႔ပတ္၀န္းက်င္မွာ ရွိေနၾကတယ္။

အဲဒီလူေတြဟာ ၾကိဳးစားသူေတြကို စိတ္ပ်က္ေအာင္ စိတ္ဓာတ္က်ေအာင္ ေျပာေနၾကတယ္။ အဲဒီလူေတြဟာ အေပၚတက္ဖို႔ ၾကိဳးစားေနၾကသူေတြကို ေအာက္ေရာက္ေအာင္ ဆြဲခ်ေနၾကတဲ့ ဂဏန္းေကာင္ေတြပါ။

ဂဏန္းေတြ ေျပာတာကို ဂရုစိုက္ျပီး နားမေထာင္ပါနဲ႔။ သင့္နွလံုးသားက ေျပာတာကိုပဲ နားေထာင္ပါ။ သင့္စိတ္ထဲမွာ မွန္တယ္ ထင္တာကို ဆက္လုပ္ပါ။

အဲဒီလို လုပ္ဖို႔ လြယ္ေတာ့ မလြယ္ပါဘူး။ သင္ ေအာင္ျမင္ခ်င္သေလာက္ ေအာင္ျမင္ခ်င္မွ ေအာင္ျမင္ပါလိမ့္မယ္။ ဒါေပမဲ့ သင္ဟာ ဘာမွမၾကိဳးစားဘဲ သင့္ကို ဆြဲခ်ေနၾကတဲ့ ဂဏန္းေကာင္ အရံႈးသမားေတြထက္ေတာ့ သာလြန္မွာ ေသခ်ာပါတယ္။

သင္ သင္ ျဖစ္ခ်င္တာ လိုခ်င္တာကို ရဖို႔ ၾကိဳးစားေနရင္း စိတ္ပ်က္အားေလွ်ာ့ခ်င္စိတ္ ျဖစ္လာရင္ ေအာင္ျမင္သူေတြကို ေမးၾကည့္ပါ။ အၾကံေတာင္းပါ။ သူတို႔ သင့္ကို အၾကံေပးၾကပါလိ္မ့္မယ္။ အားေပးၾကပါလိမ့္မယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ဟာ သင္ ဘယ္လိုရုန္းကန္ၾကိဳးစားေနတယ္ဆိုတာကို နားလည္ၾကတယ္။ သူတို႔လည္း သင့္လုိပဲ ေတာင္းထဲကေန ဂဏန္းေတြရဲ႕ ဆြဲခ်တာကို ခံခဲ့ၾကရတယ္။ ဒါေပမဲ့ သူတို႔ဟာ ရုန္းကန္ျပီး အေပၚကို တက္လာနိုင္ခဲ့ၾကတယ္။

ထပ္ေျပာပါမယ္။ ‘ဂဏန္းလို အေကာင္ေတြကို ဂရုစိုက္မေနဘဲ သင့္နွလံုးသားက ျဖစ္ခ်င္တာကို ေအာင္ျမင္မႈရတဲ့အထိ ဆက္လုပ္ပါ။ အရံႈးမေပးပါနဲ႔’။

၂၅-၀၄-၂၀၁၈

#credit_ဗန္းေမာ္သိန္းေဖ

=============

စာမြည်း(၃) - မျှဝေလိုသော အတွေးများ(၃) စာအုပ်မှ

ဂဏန်းတွေကို သတိထား

တစ်မနက်ခင်းစောစောမှာ ကိုမောင်ဟာ ပင်လယ်ကမ်းခြေမှာ လေကောင်းလေသန့်ရှုရင်း လမ်းလျှောက်နေတယ်။

ခတ်လှမ်းလှမ်းမှာ လူတစ်ယောက်ဟာ ကမ်းပေါ်ကို ရိုက်ခတ်လာတဲ့ ရေလှိုင်းတွေကြားက ပစ္စည်းလေးတွေကို တစ်ခုပြီး တစ်ခုကောက်ပြီး ခြင်းတောင်းထဲကို ထည့်နေတာကို တွေ့လို့ သူ့အနားကို သွားကြည့်လိုက်တယ်။

အဲဒီလူဟာ ကမ်းစပ်ပေါ်မှာ တင်ကျန်နေတဲ့ ဂဏန်းကောင်တွေကို ဖမ်းပြီး တောင်းထဲကို ထည့်နေတာပါ။ ထူးဆန်းတာက တောင်းကို အဖုံး ဖုံးမထားဘူး။

တောင်းထဲမှာ ဂဏန်းကောင်အရှင်တွေ တော်တော်များများ ရှိနေကြတယ်။ ကိုမောင်က သူ့ကို မေးလိုက်တယ်။

- ‘ခင်ဗျား၊ တောင်းကို ဘာလို့ အဖုံးမဖုံးတာလဲဗျ။ ဂဏန်းကောင်တွေ အပြင်ထွက်ပြေးကုန်ကြမှာပေါ့’။အဲဒီလူက ခုလို ပြန်ပြောတယ်။

- ‘မင်း နားမလည်ပါဘူးကွာ။ တကယ်လို့ တောင်းထဲမှာ ဂဏန်းတစ်ကောင်ထဲ ရှိနေရင်တော့ အဲဒီအကောင် ချက်ချင်းပဲ အပြင်ကို ထွက်ပြေးသွားမှာပါ။

ဒါပေမဲ့ တောင်းထဲမှာ ဂဏန်းတွေ အများကြီး ရှိနေရင်တော့ တစ်ကောင်ဟာ အပြင်ထွက်ပြေးဖို့ တောင်းထဲကနေ တက်ဖို့ ကြိုးစားကြတာနဲ့ တခြားဂဏန်းတွေက အဲဒီအကောင်ကို ဆွဲချကြလိမ့်မယ်။ သူ့ကို အပြင်မထွက်စေဘဲ သူတို့နဲ့အတူ ရှိနေစေချင်လို့ပါ’

ကိုမောင် ပြန်ပြောပြလို့ သိရတဲ့ ဒီအကြောင်းကို သိရတာပါ။ ဒီအကြောင်းကို သေသေချာချာ စဉ်းစားကြည့်လိုက်စမ်းပါ။ ကျွန်တော်တို့ ဘဝမှာ ကြုံတွေ့နေရတာနဲ့ တူနေပါတယ်။

လူတွေမှာ ဘဝကို တိုးတက်ဖို့ ကြိုးစားနေသူ ရှိတယ်။ သူများနဲ့ မတူတာကို တမူထူးခြားစွာ လုပ်နေသူ ရှိတယ်၊ စာမေးပွဲမှာ အမှတ်ကောင်းကောင်း ရဖို့ ကြိုးစားနေသူ ရှိတယ်၊ ရာထူးတက်ဖို့ ကြိုးစားနေသူ ရှိတယ်။

လက်ရှိအခြေအနေဆိုးက ရုန်းထွက်ဖို့ ကြိုးစားနေသူ ရှိတယ်၊ အိပ်မက်ကြီးကြီး မက်နေသူ ရှိတယ်။ ဒါပေမဲ့ သူတို့ကို မကြိုးစားစေချင်သူတွေလည်း သူတို့ပတ်ဝန်းကျင်မှာ ရှိနေကြတယ်။

အဲဒီလူတွေဟာ ကြိုးစားသူတွေကို စိတ်ပျက်အောင် စိတ်ဓာတ်ကျအောင် ပြောနေကြတယ်။ အဲဒီလူတွေဟာ အပေါ်တက်ဖို့ ကြိုးစားနေကြသူတွေကို အောက်ရောက်အောင် ဆွဲချနေကြတဲ့ ဂဏန်းကောင်တွေပါ။

ဂဏန်းတွေ ပြောတာကို ဂရုစိုက်ပြီး နားမထောင်ပါနဲ့။ သင့်နှလုံးသားက ပြောတာကိုပဲ နားထောင်ပါ။ သင့်စိတ်ထဲမှာ မှန်တယ် ထင်တာကို ဆက်လုပ်ပါ။

အဲဒီလို လုပ်ဖို့ လွယ်တော့ မလွယ်ပါဘူး။ သင် အောင်မြင်ချင်သလောက် အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ်။ ဒါပေမဲ့ သင်ဟာ ဘာမှမကြိုးစားဘဲ သင့်ကို ဆွဲချနေကြတဲ့ ဂဏန်းကောင် အရှုံးသမားတွေထက်တော့ သာလွန်မှာ သေချာပါတယ်။

သင် သင် ဖြစ်ချင်တာ လိုချင်တာကို ရဖို့ ကြိုးစားနေရင်း စိတ်ပျက်အားလျှော့ချင်စိတ် ဖြစ်လာရင် အောင်မြင်သူတွေကို မေးကြည့်ပါ။ အကြံတောင်းပါ။ သူတို့ သင့်ကို အကြံပေးကြပါလိ်မ့်မယ်။ အားပေးကြပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင် ဘယ်လိုရုန်းကန်ကြိုးစားနေတယ်ဆိုတာကို နားလည်ကြတယ်။ သူတို့လည်း သင့်လိုပဲ တောင်းထဲကနေ ဂဏန်းတွေရဲ့ ဆွဲချတာကို ခံခဲ့ကြရတယ်။ ဒါပေမဲ့ သူတို့ဟာ ရုန်းကန်ပြီး အပေါ်ကို တက်လာနိုင်ခဲ့ကြတယ်။

ထပ်ပြောပါမယ်။ ‘ဂဏန်းလို အကောင်တွေကို ဂရုစိုက်မနေဘဲ သင့်နှလုံးသားက ဖြစ်ချင်တာကို အောင်မြင်မှုရတဲ့အထိ ဆက်လုပ်ပါ။ အရှုံးမပေးပါနဲ့’။

၂၅-၀၄-၂၀၁၈

#credit_ဗန်းမော်သိန်းဖေ

Comments