ဂ်ပန္ဖိုက္တာ ဟစီဂဝါကို အႏုိင္ယူလိုက္တဲ့ ေအာင္လအန္ဆန္....




ရန္ကုန္က သုဝဏၰ မိုးလုံေလလုံ အားကစား႐ုံႀကီးထဲမွာ က်င္းပခဲ့တဲ့ စကၤာပူ အေျခစိုက္ One Championship ရဲ႕ ကမာၻ႔ကိုယ္လုံပညာ သိုင္းေပါင္းစုံ ၿပိဳင္ပြဲႀကီး ရဲ႕ မစ္ဒယ္ဝိတ္တန္း ေရႊခါးပတ္ ပြဲမွာေတာ့ လက္ရွိခ်န္ပီယံ ျမန္မာကို္ယ္စားျပဳ ေအာင္လအာန္ဆန္းက စိန္ေခၚသူ ဂ်ပန္ က ခန္ဟစဲ့ဂါဝါကို ခ်ီ မွာ အႏိုင္ယူၿပီး သူ႔ရဲ႕ ေရႊခါးပတ္ကကို ကာကြယ္ ႏိုင္ခဲ့ပါတယ္။
ျမန္မာ့စပါးအံုးေျမြ ေအာင္လအန္ဆန္ကေတာ့ ယေန႔ညမွာ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့တဲ့ ဂ်ပန္ဖိုက္တာနဲ႔ ပဲြမွာ ျမန္မာပရိတ္သတ္ေတြအတြက္ အႏိုင္ထိုးသတ္ေပးခဲ့ပါတယ္။

ၿပိဳင္ဘက္ႏွစ္ေယာက္လံုးက အရြယ္နဲ႔ တိုက္ကြက္ခ်င္း ညီေနခဲ့ၿပီး မၾကာခင္မွာပဲ ႏွစ္ေယာက္လံုးက သက္လံုခ်က္ခ်င္း က်ခဲ့ၾကပါတယ္။
ႏွစ္ေယာက္လံုး မ်က္လံုးတစ္ဖက္စီ ထိခဲ့ၾကပါတယ္။ ေနာက္ဆံုး ၅ ခ်ီေျမာက္မွာေတာ့ ဟစီဂဝါဟာ လံုးလံုး လဲက်အရံႈးေပးခဲ့ရတာျဖစ္ပါတယ္။

ေအာင္လက ျမန္မာ့ဂုဏ္ေဆာင္ အမ္အမ္ေအ ဖိုက္တာတစ္ေယာက္ျဖစ္သလို ဟစဲဂဝါကလည္း ဂ်ပန္မွာ ျပိဳင္ဘက္မဲ့ ဖိုက္တာတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။
ဒါေပမယ့္လည္း ဒီညရန္ကုန္မွာေတာ့ ေအာင္လအန္ဆန္က စိန္ေခၚသူ ဟစဲဂဝါကို အႏိုင္ယူၿပီး သူးခါးပတ္ကို ထိန္းသိမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။
PannPwint
(ဓာတ္ပံုမ်ား BBC Burmese မွ ကူးယူေဖာ္ျပပါသည္)
==============
ရန်ကုန်က သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံကြီးထဲမှာ ကျင်းပခဲ့တဲ့ စင်္ကာပူ အခြေစိုက် One Championship ရဲ့ ကမ္ဘာ့ကိုယ်လုံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲကြီး ရဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ပွဲမှာတော့ လက်ရှိချန်ပီယံ မြန်မာကို်ယ်စားပြု အောင်လအာန်ဆန်းက စိန်ခေါ်သူ ဂျပန် က ခန်ဟစဲ့ဂါဝါကို ချီ မှာ အနိုင်ယူပြီး သူ့ရဲ့ ရွှေခါးပတ်ကကို ကာကွယ် နိုင်ခဲ့ပါတယ်။

မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဂျပန်ဖိုက်တာနဲ့ ပွဲမှာ မြန်မာပရိတ်သတ်တွေအတွက် အနိုင်ထိုးသတ်ပေးခဲ့ပါတယ်။
ပြိုင်ဘက်နှစ်ယောက်လုံးက အရွယ်နဲ့ တိုက်ကွက်ချင်း ညီနေခဲ့ပြီး မကြာခင်မှာပဲ နှစ်ယောက်လုံးက သက်လုံချက်ချင်း ကျခဲ့ကြပါတယ်။
နှစ်ယောက်လုံး မျက်လုံးတစ်ဖက်စီ ထိခဲ့ကြပါတယ်။ နောက်ဆုံး ၅ ချီမြောက်မှာတော့ ဟစီဂဝါဟာ လုံးလုံး လဲကျအရှုံးပေးခဲ့ရတာဖြစ်ပါတယ်။
အောင်လက မြန်မာ့ဂုဏ်ဆောင် အမ်အမ်အေ ဖိုက်တာတစ်ယောက်ဖြစ်သလို ဟစဲဂဝါကလည်း ဂျပန်မှာ ပြိုင်ဘက်မဲ့ ဖိုက်တာတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဒီညရန်ကုန်မှာတော့ အောင်လအန်ဆန်က စိန်ခေါ်သူ ဟစဲဂဝါကို အနိုင်ယူပြီး သူးခါးပတ်ကို ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
PannPwint
(ဓာတ်ပုံများ BBC Burmese မှ ကူးယူဖော်ပြပါသည်)

Comments