ေပ်ာက္ဆုံးလူငယ္မ်ားအား ရွာေဖြလွ်က္ရွိသည့္ ကယ္ဆယ္ေရးအဖြဲ႔သားမ်ားအတြက္...


ေပ်ာက္ဆုံးလူငယ္မ်ားအား ရွာေဖြလွ်က္ရွိသည့္ ကယ္ဆယ္ေရးအဖြဲ႔သားမ်ားအတြက္ လွ်ပ္စစ္ဓာတ္ယိုစိမ့္မႈကို သိရွိေစသည့္ ကိရိယာမ်ားျပဳလုပ္ကူညီ
မယ္ဆိုင္၊ ဇြန္ ၃၀
ေပ်ာက္ဆုံးလူငယ္မ်ားအား ရွာေဖြလွ်က္ရွိသည့္ ကယ္ဆယ္ေရးအဖြဲ႔သားမ်ားအတြက္ လွ်ပ္စစ္ဓာတ္ယိုစိမ့္မႈကို သိရွိေစသည့္ ကိရိယာမ်ားကို အင္ဂ်င္နီယာေက်ာင္းသားမ်ားက ျပဳလုပ္၍ ကူညီေပးခဲ့သည္။
ယမန္ေန႔က ဂူတြင္းမွေရမ်ားကိုစုပ္ထုတ္သည့္ ပန္႔တစ္ခုသို႔သြယ္တန္းထားသည့္ လွ်ပ္စစ္ဓာတ္အားယုိစိမ့္မႈေၾကာင့္ ကယ္ဆယ္ေရးအဖြဲ႔သားတစ္ဦး ဓာတ္လိုက္မႈျဖစ္ပြားခဲ့ျပီးေနာက္ အလားတူျဖစ္ရပ္မ်ဳိးမျဖစ္ပြားေစရန္အတြက္ ထိုသို႔ျပဳလုပ္လွဴဒါန္းျခင္းျဖစ္ေၾကာင္းသိရသည္။
ယင္းကိရိယာမ်ားကို King Mongkut’s Institute of Technology တကၠသိုလ္မွ လွ်ပ္စစ္အင္ဂ်င္နီယာ မဟာတန္း ေက်ာင္းသားမ်ားက ျပဳလုပ္ထားျခင္းျဖစ္ျပီး၊ သစ္သားတုတ္တံျဖင့္ ေျမသို႔ေထာက္ကာ လွ်ပ္စစ္ဓာတ္ယိုစိမ့္မႈကို သိရွိအခ်က္ျပမည္ျဖစ္သည္။ ကိရိယာ အခု ၅၀ မွ် ျပဳလုပ္ေပးၾကျခင္းျဖစ္သည္။
လိုဏ္ဂူတြင္းေပ်ာက္ဆုံးေနသည့္ လူငယ္မ်ားအား ထိုင္းႏိုင္ငံက ဦးေဆာင္၍၊ လာအိုႏိုင္ငံ၊ ျဗိတိန္ႏိုင္ငံ၊ အေမရိကန္ျပည္ေထာင္စု၊ ၾသစေၾတးလ်ႏိုင္ငံ၊ ျမန္မာႏုိင္ငံ၊ ဂ်ပန္ႏိုင္ငံ ႏွင့္ တရုတ္ႏိုင္ငံတို႔မွ ကယ္ဆယ္ေရးအဖြဲ႔၀င္မ်ားက ပူးေပါင္းကူညီရွာေဖြေနၾကေၾကာင္းသိရသည္။
PN002
ref: Ready to send a wood measurement for the team to help
==========
ပျောက်ဆုံးလူငယ်များအား ရှာဖွေလျှက်ရှိသည့် ကယ်ဆယ်ရေးအဖွဲ့သားများအတွက် လျှပ်စစ်ဓာတ်ယိုစိမ့်မှုကို သိရှိစေသည့် ကိရိယာများပြုလုပ်ကူညီ
မယ်ဆိုင်၊ ဇွန် ၃၀
ပျောက်ဆုံးလူငယ်များအား ရှာဖွေလျှက်ရှိသည့် ကယ်ဆယ်ရေးအဖွဲ့သားများအတွက် လျှပ်စစ်ဓာတ်ယိုစိမ့်မှုကို သိရှိစေသည့် ကိရိယာများကို အင်ဂျင်နီယာကျောင်းသားများက ပြုလုပ်၍ ကူညီပေးခဲ့သည်။
ယမန်နေ့က ဂူတွင်းမှရေများကိုစုပ်ထုတ်သည့် ပန့်တစ်ခုသို့သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားယိုစိမ့်မှုကြောင့် ကယ်ဆယ်ရေးအဖွဲ့သားတစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အလားတူဖြစ်ရပ်မျိုးမဖြစ်ပွားစေရန်အတွက် ထိုသို့ပြုလုပ်လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။
ယင်းကိရိယာများကို King Mongkut’s Institute of Technology တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာ မဟာတန်း ကျောင်းသားများက ပြုလုပ်ထားခြင်းဖြစ်ပြီး၊ သစ်သားတုတ်တံဖြင့် မြေသို့ထောက်ကာ လျှပ်စစ်ဓာတ်ယိုစိမ့်မှုကို သိရှိအချက်ပြမည်ဖြစ်သည်။ ကိရိယာ အခု ၅၀ မျှ ပြုလုပ်ပေးကြခြင်းဖြစ်သည်။
လိုဏ်ဂူတွင်းပျောက်ဆုံးနေသည့် လူငယ်များအား ထိုင်းနိုင်ငံက ဦးဆောင်၍၊ လာအိုနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဂျပန်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပူးပေါင်းကူညီရှာဖွေနေကြကြောင်းသိရသည်။
PN002
ref: Ready to send a wood measurement for the team to help

Comments