စစ္တပ္ကေနထြက္ၿပီး ရဟန္း၀တ္တာ သံုးရက္သာရွိေသးတဲ့ “ေတာဘုန္းႀကီး” အခုေတာ့ အႀကီးအက်ယ္ အခက္ေတြ႔…။



ဒီေန႔ ကိုယ္ေတာ္တစ္ပါးက ေက်ာင္းအတြက္အလွဴခံ ရန္ ၿမိဳ႕သို႔ၾကြသည္။

ေက်ာင္းထိုင္ဘုန္းႀကီးက ထိုကိုယ္ ေတာ္အစား ဆြမ္းခံၾကြရန္ အမိန္႔ရွိသည္။

ရွင္ဇနိတ မျငင္း ရဲ။စစ္တပ္မွာဆိုရင္ မလုပ္ႏိုင္လွ်င္ သတင္းပို႔။ ျဖစ္ေသးသည္။

ဘုန္းႀကီးေက်ာင္းမွာ ေတာ့မရ။ ႀကိမ္လံုးႏွင့္ တင္ပါး ႏွစ္ပါးသြား ကရမည္။

မကရလွ်င္ေတာင္ အနည္းဆံုး ပုံးေၾကာင္(ထမင္းငတ္)လိမ့္မည္။

ထမင္းေတာ့ငတ္၍မျဖစ္…တစ္ေန႔မွ တစ္နပ္သာ စားရတာကိုး။

ဒီေတာ့ ဆြမ္းခံထြက္ရတာေပါ့။

ကိုယ္လည္း ၅ရက္ထဲ ဝတ္တာပဲေလ။ ဒီေလာက္ေတာ့ လုပ္ရမွာေပါ့။

ခု ကိုယ္တစ္ပါးတည္း ဆြမ္းခံထြက္ကာမွ ဒုကၡႀကံဳရျပန္ သည္။

#ဖတ္ပါ မရီေၾကး

“ေတာဘုန္းႀကီး´´

“အရွင္ဘုရား ရပ္ေတာ္မူပါဦးဘုရား :

မလွမ္းမကမ္းမွ ေအာ္သံေၾကာင့္ ရွင္ဇနိတ ေျခစံုရပ္လိုက္ မိသည္။

ရံုထားေသာ သဃၤန္းစ ကို သပ္သပ္ရပ္ရပ္ျဖစ္ေစရန္ ဆြဲဆန္႔ျပဳျပင္ရင္း စကၡဳႏွစ္စံု အသာခ်ကာလက္ထဲကသပိတ္ကို က်နစြာဖြင့္ရန္ျပင္၏။

အသက္(၅၀)ဝန္းက်င္ခန္႔ဒကာမႀကီးတစ္ဦးႏွင့္၅ႏွစ္သား အရြယ္ ေကာင္ေလးတေယာက္ အိမ္တအိမ္ထဲမွထြက္ လာေလသည္။

“အိမ္ေပၚကိုၾကြပါဦး ဘုရား ”

ကေလးေလးတစ္ဖက္နဲ႔မို႔ အဆင္မေျပျဖစ္ေနပံုရသည္။

ရွင္ဇနိတ ျခံဝင္းအတြင္းတည္ျငိမ္ေသာေျခလွမ္းမ်ားျဖင့္လွမ္းသည္။

အိမ္ေပၚအေရာက္

“ဟင္​ ! … လူေတြမ်ားလွခ်ည္လား

“တင္ပါ့ ဘုရား ဒီေန႔ တပည့္ေတာ္မရဲ႕ခင္ပြန္း ဆံုးတာ၁၀ ႏွစ္ျပည့္ပါ ဘုရား …

အိမ္မွာလည္း အလွဴေလးလုပ္ အရွင္ဘုရားတို႔ေက်ာင္းလည္း ဆြမ္းခ်ိဳင့္ေလးပို႔ျဖစ္ပါ တယ္ ဘုရား :

“ေၾသာ္ …… ”

“အခု သြားေလသူႀကီးရဲ႕အမ်ိဳးေတြ ေရာက္ေနတာပါဘုရား … လူစံုပဲဆိုပါေတာ့ ဘုရား

လူစံု … အင္း လူကေတာ့ ေတာ္ေတာ္စံုပံုရသည္။

အနည္းဆံုးမရွိဘူးဆိုရင္ေတာင္ အေယာက္ ၂၀ေလာက္ရွိသည္။

တစ္ေယာက္က ရွင္ဇနိတ ထိုင္ဖို႔ဖ်ာေလးခင္းေပးသည္။ ရွင္ဇနိတ လက္ထဲက သပိတ္ကိုေရွ႕ခ်ကာအိမ္ေခါင္းရင္း ရွိဘုရားေက်ာင္းေဆာင္ကိုဦးခ်(ကန္ေတာ့)သည္။

ဘုရားရွိခိုးၿပီး ေနာက္လွည့္ေသာ အခါလူစုႀကီးက သူ႔ေရွ႕တည့္တည့္ ၾကမ္းျပင္ေပၚမွာ လက္အုပ္ခ်ီလ်က္သား။

အမ်ိဳးသမီးတစ္ဦးက သပိတ္ကို ယူကာ ဆြမ္း(ထမင္း)မ်ား ထည့္သည္။

အျခား အမ်ိဳးသမီးက ဟင္းခ်ိဳင့္အတြင္းသို႔ ဟင္းမ်ားထည့္သည္။

ျမန္မာလူမ်ိဳးမ်ားဟာဘာသာေရး သာသနာေရးႏွင့္ပတ္သက္လွ်င္ေတာ္ေတာ္ကိုထက္သန္ ၾကပံုကိုလည္း ျမင္ရသည္။

ဒါေၾကာင့္လည္းဗုဒၶဘာသာဟာ ဒို႔ျမန္မာျပည္မွာ မတိမ္ေကာဘဲအဓြန္႔ရွည္တည္တန္႔ေနတာ ျဖစ္မွာပဲဟုလည္း ရွင္ဇနိတေတြးမိေနေသးသည္။

“သာဓု သာဓု သာဓု ယခုကဲ့သို႔ ကပ္လွဴပူေဇာ္ရေသာ …

ကုသိုလ္ကံေစတနာတို႔ေၾကာင့္ စိတ္၏ခ်မ္းသာျခင္း၊ကိုယ္ ၏က်န္းမာျခင္းမ်ားႏွင့္ျပည့္စံုႏိုင္ၾကပါေစ။

အႏၲရာယ္ခပ္သိမ္း ေၾကာင့္က်ခပ္သိမ္းတို႔မွကင္းေဝးႏိုင္ၾကပါေစ။

စိတ္သြားတိုင္းကိုယ္ပါ၍ လိုရာဆႏၵ မေတာင့္မတမေၾကာင့္မက်ျပည့္စံုၾကပါေစ

“ေပးတဲ့ဆုနဲ႔ျပည့္ပါေစ ဘုရား …

အရွင္ဘုရား ငါးပါးသီလေလး ေပးပါဦးဘုရား”

အင္း… ခက္ေခ်ၿပီ။ရွင္ဇနိတတစ္ေယာက္ အဲ႔ေလ တစ္ပါးအခက္ႀကံဳေလၿပီ။

အမွန္ေတာ ့ရွင္ဇနိတ ပဥၨင္းတက္တာဒီေန႔ႏွင့္မွ ၃ ရက္သာရွိေသးသည္။

၃ရက္သား ရဟန္းပ်ိဳတစ္ပါးအေနျဖင့္ ငါးပါးသီလေပးဖို႔ရန္ ရွင္ဇနိတ စိုးရြံ႕ေနမိသည္။

အရင္ေရွ႕ရက္ေတြ ဆြမ္းခံၾကြတုန္းက စီနီယာသံဃာ တစ္ပါးမဟုတ္ တစ္ပါး ပါသည္။

ဒီေန႔က်မွ သူတစ္ပါး တည္း ။

ဒါကလည္း ဒီလို …

ရွင္ဇနိတ ပဥၨင္းတက္ေသာ ေက်ာင္းက ရွင္ဇနိတ၏ ဘႀကီး အရင္းေခါက္ေခါက္ေက်ာင္းထိုင္ရာ ေတာေက်ာင္းငယ္ေလး။

ကိုယ့္ဘႀကီးေက်ာင္းဆိုေတာ့ ေနရျပဳရတာ အဆင္ေျပမွာပဲဟု လည္း တြက္လိုက္မိတာကိုး။

အတြက္ အခ်က္မွားသြားမွန္း ေနာက္မွသိေတာ့သည္။

ေတာေက်ာင္းပီသစြာေတာ္ေတာ္ေလးပင္ေတာက်သည္…ပို႔ဆြမ္းမရွိ။

ေတာသူေတာင္သား မအားတာကမ်ားသည္။

ကိုယ့္ေက်ာင္းအတြက္ဆြမ္း ကိုယ့္ဘာသာ ဆြမ္းခံၾကြရေပသည္။

ဘုန္းႀကီးေက်ာင္းသားလား ? ကပိၸယလား?

ျမန္မာျပည္သိန္းတန္ စတိုင္လ္ျဖင့္ No ပါ ဟု ေျဖလိုက္ခ်င္သည္။ ရွိကို မရွိတာ။ ေအးေရာ။

ကိုယ့္သပိတ္ကိုယ္လြယ္ ဟင္းခ်ိဳင့္ေလးကိုယ့္ဘာသာကိုယ္ကိုင္ ကိုယ့္ဘာသာကို္ယ္ ဆြမ္းေတာ္ဟစ္ ဒါပဲ။

ေက်ာင္းမွာက ရွင္ဇနိတ အပါအဝင္ ဘုန္းႀကီး ၄ ပါးသာရွိသည္။

တစ္ပါးက ေက်ာင္းထိုင္(ဘႀကီး)။

ဒီေတာ့ က်န္တဲ့ ၃ ပါးက ရြာနီးစပ္ခ်ဳပ္ဆြမ္းခံၾကြ။

ယခင္က ၂ ပါးသာၾကြသည္။

ထို ၂ ပါးက ရြာ ၂ရြာ ခြဲၾကြသည္။ယခု ရွင္ဇနိတတစ္ပါးတိုးလာသည္။

ဒါလည္း အဆင္ေျပေသးသည္။

ရွင္ဇနိတ က ထိုကိုယ္ေတာ္ ၂ ပါးထဲက တစ္ပါးပါးျဖင့္ ကပ္လိုက္ရင္း ဟင္းခ်ိဳင့္ကိုင္ေပးရံုသာ။ အပန္းမႀကီး။

ဒီေန႔ ကိုယ္ေတာ္တစ္ပါးက ေက်ာင္းအတြက္အလွဴခံရန္ ၿမိဳ႕သို႔ၾကြသည္။

ေက်ာင္းထိုင္ဘုန္းႀကီးက ထိုကိုယ္ေတာ္အစား ဆြမ္းခံၾကြရန္ အမိန္႔ရွိသည္။

ရွင္ဇနိတ မျငင္း ရဲ။ စစ္တပ္မွာဆိုရင္ မလုပ္ႏိုင္လွ်င္ သတင္းပို႔။ ျဖစ္ေသးသည္။

ဘုန္းႀကီးေက်ာင္းမွာ ေတာ့မရ။ ႀကိမ္လံုးႏွင့္ တင္ပါး ႏွစ္ပါးသြား ကရမည္။

မကရလွ်င္ေတာင္ အနည္းဆံုး ပုံးေၾကာင္(ထမင္းငတ္)လိမ့္မည္။

ထမင္းေတာ့ငတ္၍မျဖစ္…တစ္ေန႔မွ တစ္နပ္သာ စားရတာကိုး။

ဒီေတာ့ ဆြမ္းခံထြက္ရတာေပါ့။

ကိုယ္လည္း ၅ရက္ထဲ ဝတ္တာပဲေလ။ ဒီေလာက္ေတာ့ လုပ္ရမွာေပါ့။

ခု ကိုယ္တစ္ပါးတည္း ဆြမ္းခံထြက္ကာမွ ဒုကၡႀကံဳရျပန္သည္။

ေၾသာ္ … ဒကာႀကီးရယ္ ပထမေန႔ေတြက ေသရင္လည္းေသ မေသလည္း မနက္ျဖန္ေလာက္မွေသရင္ ေတာ္ေသးတာေပါ့ဟု မေတာ္တေရာ္ေတြ ေတြးမိေသးသည္ ။

ပရိတ္သတ္ကေတာ့ လက္အုပ္ေလးေတြခ်ီကာ တရားေစာင့္ေနေလသည္။ မတတ္ႏိုင္ဘူး။ ေဟာတတ္သမ်ွေတာ့ ေဟာရမွာပ။

“အဟမ္း အဟမ္း”

(ပရိတ္သတ္ႀကီး လည္ပင္းေထာင္လာၾကသည္)

“ဆံုးသြားတဲ႔ဒကာႀကီးက ဘယ္သူ”

“”ကိုေအာင္ဝင္းခိုင္ပါဘုရား ”

“ဟင္ !… ကိုေအာင္ဝင္းခိုင္ ”

“တင္ပါ့ … အရွင္ဘုရား သိလို႔လား ဘုရား”

“အင္!မသိ… မသိပါဘူးကြယ္(အမႈႀကီးေအာင္လုပ္ေနတာ)”

“အင္း … ကြယ္လြန္သူ ဦးေအာင္ဝင္းခိုင္အတြက္ရည္စူးၿပီးေတာ့ အခုလို ဒါနျပဳလုပ္ၾကတဲ႔ က်န္ရစ္သူ မိသားစုမ်ားက …

ငါးပါးသီလ ေဆာက္တည္ၾကမယ္ … ဟုတ္ျပီလား… ”

“တင္ပါ့ဘုရား”

“ကဲ ၾသကာသေလး လိုက္ဆိုၾက”

“ၾသကာသ ၾသကာသ ၾသကာသ

……………………………………………

နိဗၺာန္ခ်မ္းသာ တရားေတာ္ ျမတ္တို႔ကို ရလိုပါ၏ ဘုရား။”

“အဟံဘေႏၲ …..အဟံဘေႏၲ

တိသရေဏန သဟ…..တိသရေဏန သဟ

– – – – – – – – – – – –

“သာဓု သာဓု သာဓု ပါ ဘုရား”

ဟူး…ေတာ္ေသးတာေပါ့ ။ အဆင္ေျပသြားလို႔။

ငါးပါးသီလက ငယ္ငယ္ေလးထဲက ကြ်မ္းဝင္ခဲ့တဲ႔အရာ မို႔လို႔ေတာ္ေသးသည္။

ရွင္ဇနိတ ရင္ထဲက အပူလံုးႀကီး ခုမွက်သြားေတာ့သည္။

ငါကြ ဟု၍လည္း ကိုယ့္ကိုယ္ကို အထင္ႀကီးမိသြားသည္။

ျပန္ၾကြဖို႔ထေလ၏။

“အရွင္ဘုရား တရားတပုဒ္ေလာက္ခ်ီးျမွင့္ေတာ္မူပါဦးဘုရား”

ဟိုက္! … ေသာက္က်ိဳးနည္းၿပီ။ နဖူးထက္ဆီမွ ေခြ်းေစးမ်ား က်ေလၿပီ။

ဒီတစ္ခါမွ game over မျဖစ္ရင္ ေနာက္ ဘယ္ေတာ့မွ မျဖစ္ဘူး။ ေသဟ။

အရပ္သားဘဝ စစ္သားဘဝတုန္းက တရားနာရင္ေတာင္ ငိုက္တတ္တဲ့ ရွင္ဇနိတသည္ ဘယ္နိပါတ္ေတာ္မွ ေကာင္းေကာင္းမသိ။

ဘယ္တရားမွလည္း က်က်နန မနာဖူးခဲ့။

တရားပြဲၿပီးလွ်င္ ေကြ်းမည့္အစားအေသာက္မွတစ္ပါး ျမတ္ႏိုးဖြယ္ရာမရွိခဲ့။

ခုေတာ့ ထိၿပီ။ ထိတာမွ ထိခ်က္ျပင္းေသာတရားတစ္စင္း ဆိုၿပီး နာမည္တပ္ရေလာက္ေအာင္ကို ထိေလသည္။

တရား?!!!!

“တင္ပါ့ ဘုရား

“သြားေလသူႀကီးအတြက္ ရင္ထဲမခ်ိလို႔ပါဘုရား

…တရားတစ္ပုဒ္ေလာက္ေဟာေပးပါဘုရား”

“ေၾသာ္ …ငယ္ငယ္ရြယ္ရြယ္နဲ႔ ဆံုးသြားတယ္ ထင္ရဲ႕”

“တင္ပါ့ ၆၇ ႏွစ္သားမွာ ကြယ္လြန္သြားတာပါဘုရား”

အြမ့္ (ေမးမိတာငါ့အမွား!)

ဖ်တ္ခနဲ အႀကံတစ္ခုရသည္။

“အဟမ္း ဟမ္း!… ေအးေပါ့ေလ လူရယ္လို႔ျဖစ္လာရင္ အိုရမယ္

နာရမယ္ ေသရမယ္ ဟုတ္တယ္မို႔လား?”

“တင္ပါ့ဘုရား”

“ဒီေသျခင္းတရားကို လြတ္ေျမာက္စရာလမ္းရွိသလား”

“မရွိပါဘူးဘုရား(တညီတညြတ္တည္း)”

“မလြတ္ေျမာက္ႏိုင္တဲ႔ ဒီေသျခင္းတရားကို ေၾကာက္စရာ လိုေသးရဲ႕လား”

“မလိုပါဘူးဘုရား”

“ေအး တစ္ခုပဲ ေရဘူးနဲ႔ဖိနပ္မပါရင္ …”

“ဆရာမက ဆူမွာေပါ့ ”

“အမ္… ဟိုကေလး အိမ္ရွင္အဖြားရဲ႕ေျမးေပါက္စ … ”

“ဟဲ႔ !… ဘာေတြေလ်ွာက္ေျပာေနတာလဲ ဘုန္းဘုန္းက သီလေပးေနတဲ့ဟာကို ”

အမယ္အိုႀကီးက လွမ္းဟန္႔သည္။

(သူလုပ္တာနဲ႔ ေျပာလက္စေလးေတာင္ဘယ္ေရာက္သြားသည္မသိ )

“အဟမ္း… ေရဘူးနဲ႔ဖိနပ္မပါရင္ ေႏြအခါမွသိ ဒါနနဲ႔ သီလမပါရင္ ေသခါမွ သိမယ္ မဟုတ္လား”

” တင္ပါ့ ”

“ဆိုေတာ့ မေသခင္ ဒါနနဲ႔သီလပါေအာင္ယူမသြားသင့္ ဘူးလား”

“ယူသြားသင့္ပါတယ္ ဘုရား”

(အေဟးး ဒီအထိေတာ့ key မခ်ိန္းေသးဘူး အဆင္ေျပ သား

“လူရယ္လို႔ျဖစ္လာရင္ ျဖစ္ခ်င္တာရယ္ ျဖစ္သင့္တာရယ္ မရွိဘူးလား”

“ရွိပါတယ္ ဘုရား”

“ျဖစ္ခ်င္တာက ဘာလဲ ?”

“စပိုက္ဒါမန္း ပါဘုရား ”

“ဟင္ !!!! ဒင္းးး ဟိုကေလးပဲ ”

“ဟဲ့ !ဘာေတြေလွ်ာက္ေျပာ”

“ဟာ !ဖြားကလည္း သားလည္းေမးလို႔ေျဖတဲ႔ဟာကို သားက စပိုက္ဒါမန္းလို လက္ထဲကေန ကြိကြိနဲ႔ ပင့္ကူမ်ွင္ ေတြထြက္ခ်င္တာေလ 😛 ”

“ဟဲ့ !ဒီမွာက တရားနာေနတာ သြားသြား! ေအာက္ဆင္း ေဆာ့ေခ် .. ဒီကေလးနဲ႔ေတာ့ ခက္ပါတယ္ :'( ”

“ရပါတယ္ ဒကာမႀကီးရယ္ ထားလိုက္ပါ ကေလးပဲ ”

“တင္ပါ့ဘုရား အားနာမိပါတယ္ မိန္႔ပါဦးဘုရား”

“ျဖစ္ခ်င္တာေတြအကုန္ျဖစ္လို႔ရလား”

“မရပါဘူးဘုရား”

“ျဖစ္သင့္တာေတြေရာ အကုန္လုပ္ျဖစ္ၾကရဲ႕လား ”

“မလုပ္ျဖစ္ပါဘူး ဘုရား”

“ေအး !ဒီေတာ့ လိုက္ဆို ”

{ရႈံးနိမ့္မႈေတြ မ်ားစြာက ႏွိပ္ဆက္လို႔ေန

(ရံုးနိမ့္မႈေတြ မ်ားစြာက ႏွိပ္ဆက္လို႔ေန)

ေသာကရဲ႕မီးလ်ွံေတြၾကားမွာ ေလွာင္ပိတ္လို႔

(ေသာကရဲ႕မီးလွ်ံေတြၾကားမွာေလွာင္ပိတ္လို႔)

သံသယေတြကေတာ့ ေခါင္းထဲမွာအျပည့္နဲ႔ပါ

(သံသယေတြကေတာ့ေခါင္းထဲမွာအျပည့္နဲ႔ပါ)

“ဒါေတြကို ႀကံဳရမွာ ပူစရာလိုသလား”

“မလိုပါဘူးဘုရား”

“စိတ္ကိုေလ်ွာ့စရာေကာ လိုလား”

“မလိုပါဘူးဘုရား ”

“ေမ်ွာ္လင့္ခ်က္ဆိုတာမ်ိဳးကေတာ့ ျဖစ္လာမွာမလား”

“ျဖစ္လာမွာပါဘုရား”

“ေအး! လူဆိုတာကေတာ့အၿမဲ ယံုၾကည္ရာတစ္ခုအတြက္ အသက္ရွင္ရတာမဟုတ္လား ”

“တင္ပါ့ဘုရား ”

“ကိုယ့္ရဲ႕ဘဝမွာ ဘာကိုယံုၾကည္သလဲ စဥ္းစားရမယ္

“မွန္ပါ့

“ဘာကို ယံုၾကည္သလဲေဟ့

“ဘုရား တရား သံဃာ ပါဘုရား””(နိပ္သဟ)

“ကိုယ္ယံုၾကည္ရာကို အဆံုးထိေလ်ွာက္လွမ္းဖို႔ေရာ?

“လိုပါတယ္ဘုရား”

“ေရာက္ႏိုင္ပါ့မလားေဟ့

“ေရာက္ႏိုင္ပါတယ္ ဘုရား ”

“ေအး ဒါပဲ ယံုယံုၾကည္ၾကည္ေလ်ွာက္ ဦးဇင္းကေတာ့ ဒါပဲ ေျပာခ်င္တယ္ ”

“တင္ပါ့ဘုရား ..ေက်းဇူးတင္ပါတယ္ဘုရား ခုလိုရွင္းျပေပးလို႔ နားလည္သြားပါၿပီ ဘုရား ”

“ကဲ !ဦးဇင္းလည္းၾကြေတာ့မယ္ ဆြမ္းစားခ်ိန္လည္းနီးၿပီ”

“တင္ပါ့ဘုရား …တရားအမည္ေလးအမိန္႔ရွိပါဘုရား ”

“ယံုၾကည္ရာ တရားလို႔ေခၚတယ္ ဒကာမၾကီး ”

“ဟာ!…… ဖြားကလည္း ဒါေတာင္သိဘူးလား

အဲ႔ဒါေလးျဖဴသီခ်င္းေလ သားေတာင္ရတယ္ ”

(C မ့္ … ဒီကေလး သိလည္းေအးေဆးေနတာမဟုတ္ဘူး)

“ဟဲ့ !တယ္ ဒီကေလးနဲ႔ေတာ့ “…

ရွင္ဇနိတ လည္း ခပ္သုတ္သုတ္ဆင္းခ်လာရသည္။

ေတာ္ၾကာ ဒီကေလးက သီခ်င္းေကာက္ဆိုျပမွျဖင့္ မဟာအရွက္ေတာ္ ကြဲရခ်ည္ေသးရဲ႕။

ဒါေတာင္ေနာက္ေန႔ ဆြမ္းခံၾကြေတာ့ အဲ့အိမ္က ေလးျဖဴရဲ႕ ယံုၾကည္ရာ သီခ်င္းဖြင့္သံခပ္သဲ့သဲ့ၾကားရသည္။

ရြာထဲမွာေတာ့ ရွင္ဇနိတ အတြက္ ဘြဲ႕ေတာ္တစ္ခု ထပ္တိုး သြားေလသည္။

“ယံုၾကည္ရာဆရာေတာ္ “ဟူသတတ္။

Credit.

=================



ဒီနေ့ ကိုယ်တော်တစ်ပါးက ကျောင်းအတွက်အလှူခံ ရန် မြို့သို့ကြွသည်။

ကျောင်းထိုင်ဘုန်းကြီးက ထိုကိုယ် တော်အစား ဆွမ်းခံကြွရန် အမိန့်ရှိသည်။

ရှင်ဇနိတ မငြင်း ရဲ။စစ်တပ်မှာဆိုရင် မလုပ်နိုင်လျှင် သတင်းပို့။ ဖြစ်သေးသည်။

ဘုန်းကြီးကျောင်းမှာ တော့မရ။ ကြိမ်လုံးနှင့် တင်ပါး နှစ်ပါးသွား ကရမည်။

မကရလျှင်တောင် အနည်းဆုံး ပုံးကြောင်(ထမင်းငတ်)လိမ့်မည်။

ထမင်းတော့ငတ်၍မဖြစ်…တစ်နေ့မှ တစ်နပ်သာ စားရတာကိုး။

ဒီတော့ ဆွမ်းခံထွက်ရတာပေါ့။

ကိုယ်လည်း ၅ရက်ထဲ ဝတ်တာပဲလေ။ ဒီလောက်တော့ လုပ်ရမှာပေါ့။

ခု ကိုယ်တစ်ပါးတည်း ဆွမ်းခံထွက်ကာမှ ဒုက္ခကြုံရပြန် သည်။

#ဖတ်ပါ မရီကြေး

“တောဘုန်းကြီး´´

“အရှင်ဘုရား ရပ်တော်မူပါဦးဘုရား :

မလှမ်းမကမ်းမှ အော်သံကြောင့် ရှင်ဇနိတ ခြေစုံရပ်လိုက် မိသည်။

ရုံထားသော သင်္ဃန်းစ ကို သပ်သပ်ရပ်ရပ်ဖြစ်စေရန် ဆွဲဆန့်ပြုပြင်ရင်း စက္ခုနှစ်စုံ အသာချကာလက်ထဲကသပိတ်ကို ကျနစွာဖွင့်ရန်ပြင်၏။

အသက်(၅၀)ဝန်းကျင်ခန့်ဒကာမကြီးတစ်ဦးနှင့်၅နှစ်သား အရွယ် ကောင်လေးတယောက် အိမ်တအိမ်ထဲမှထွက် လာလေသည်။

“အိမ်ပေါ်ကိုကြွပါဦး ဘုရား ”

ကလေးလေးတစ်ဖက်နဲ့မို့ အဆင်မပြေဖြစ်နေပုံရသည်။

ရှင်ဇနိတ ခြံဝင်းအတွင်းတည်ငြိမ်သောခြေလှမ်းများဖြင့်လှမ်းသည်။

အိမ်ပေါ်အရောက်

“ဟင်​ ! … လူတွေများလှချည်လား

“တင်ပါ့ ဘုရား ဒီနေ့ တပည့်တော်မရဲ့ခင်ပွန်း ဆုံးတာ၁၀ နှစ်ပြည့်ပါ ဘုရား …

အိမ်မှာလည်း အလှူလေးလုပ် အရှင်ဘုရားတို့ကျောင်းလည်း ဆွမ်းချိုင့်လေးပို့ဖြစ်ပါ တယ် ဘုရား :

“သြော် …… ”

“အခု သွားလေသူကြီးရဲ့အမျိုးတွေ ရောက်နေတာပါဘုရား … လူစုံပဲဆိုပါတော့ ဘုရား

လူစုံ … အင်း လူကတော့ တော်တော်စုံပုံရသည်။

အနည်းဆုံးမရှိဘူးဆိုရင်တောင် အယောက် ၂၀လောက်ရှိသည်။

တစ်ယောက်က ရှင်ဇနိတ ထိုင်ဖို့ဖျာလေးခင်းပေးသည်။ ရှင်ဇနိတ လက်ထဲက သပိတ်ကိုရှေ့ချကာအိမ်ခေါင်းရင်း ရှိဘုရားကျောင်းဆောင်ကိုဦးချ(ကန်တော့)သည်။

ဘုရားရှိခိုးပြီး နောက်လှည့်သော အခါလူစုကြီးက သူ့ရှေ့တည့်တည့် ကြမ်းပြင်ပေါ်မှာ လက်အုပ်ချီလျက်သား။

အမျိုးသမီးတစ်ဦးက သပိတ်ကို ယူကာ ဆွမ်း(ထမင်း)များ ထည့်သည်။

အခြား အမျိုးသမီးက ဟင်းချိုင့်အတွင်းသို့ ဟင်းများထည့်သည်။

မြန်မာလူမျိုးများဟာဘာသာရေး သာသနာရေးနှင့်ပတ်သက်လျှင်တော်တော်ကိုထက်သန် ကြပုံကိုလည်း မြင်ရသည်။

ဒါကြောင့်လည်းဗုဒ္ဓဘာသာဟာ ဒို့မြန်မာပြည်မှာ မတိမ်ကောဘဲအဓွန့်ရှည်တည်တန့်နေတာ ဖြစ်မှာပဲဟုလည်း ရှင်ဇနိတတွေးမိနေသေးသည်။

“သာဓု သာဓု သာဓု ယခုကဲ့သို့ ကပ်လှူပူဇော်ရသော …

ကုသိုလ်ကံစေတနာတို့ကြောင့် စိတ်၏ချမ်းသာခြင်း၊ကိုယ် ၏ကျန်းမာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေ။

အန္တရာယ်ခပ်သိမ်း ကြောင့်ကျခပ်သိမ်းတို့မှကင်းဝေးနိုင်ကြပါစေ။

စိတ်သွားတိုင်းကိုယ်ပါ၍ လိုရာဆန္ဒ မတောင့်မတမကြောင့်မကျပြည့်စုံကြပါစေ

“ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဘုရား …

အရှင်ဘုရား ငါးပါးသီလလေး ပေးပါဦးဘုရား”

အင်း… ခက်ချေပြီ။ရှင်ဇနိတတစ်ယောက် အဲ့လေ တစ်ပါးအခက်ကြံုလေပြီ။

အမှန်တော ့ရှင်ဇနိတ ပဥ္ဇင်းတက်တာဒီနေ့နှင့်မှ ၃ ရက်သာရှိသေးသည်။

၃ရက်သား ရဟန်းပျိုတစ်ပါးအနေဖြင့် ငါးပါးသီလပေးဖို့ရန် ရှင်ဇနိတ စိုးရွံ့နေမိသည်။

အရင်ရှေ့ရက်တွေ ဆွမ်းခံကြွတုန်းက စီနီယာသံဃာ တစ်ပါးမဟုတ် တစ်ပါး ပါသည်။

ဒီနေ့ကျမှ သူတစ်ပါး တည်း ။

ဒါကလည်း ဒီလို …

ရှင်ဇနိတ ပဥ္ဇင်းတက်သော ကျောင်းက ရှင်ဇနိတ၏ ဘကြီး အရင်းခေါက်ခေါက်ကျောင်းထိုင်ရာ တောကျောင်းငယ်လေး။

ကိုယ့်ဘကြီးကျောင်းဆိုတော့ နေရပြုရတာ အဆင်ပြေမှာပဲဟု လည်း တွက်လိုက်မိတာကိုး။

အတွက် အချက်မှားသွားမှန်း နောက်မှသိတော့သည်။

တောကျောင်းပီသစွာတော်တော်လေးပင်တောကျသည်…ပို့ဆွမ်းမရှိ။

တောသူတောင်သား မအားတာကများသည်။

ကိုယ့်ကျောင်းအတွက်ဆွမ်း ကိုယ့်ဘာသာ ဆွမ်းခံကြွရပေသည်။

ဘုန်းကြီးကျောင်းသားလား ? ကပ္ပိယလား?

မြန်မာပြည်သိန်းတန် စတိုင်လ်ဖြင့် No ပါ ဟု ဖြေလိုက်ချင်သည်။ ရှိကို မရှိတာ။ အေးရော။

ကိုယ့်သပိတ်ကိုယ်လွယ် ဟင်းချိုင့်လေးကိုယ့်ဘာသာကိုယ်ကိုင် ကိုယ့်ဘာသာကို်ယ် ဆွမ်းတော်ဟစ် ဒါပဲ။

ကျောင်းမှာက ရှင်ဇနိတ အပါအဝင် ဘုန်းကြီး ၄ ပါးသာရှိသည်။

တစ်ပါးက ကျောင်းထိုင်(ဘကြီး)။

ဒီတော့ ကျန်တဲ့ ၃ ပါးက ရွာနီးစပ်ချုပ်ဆွမ်းခံကြွ။

ယခင်က ၂ ပါးသာကြွသည်။

ထို ၂ ပါးက ရွာ ၂ရွာ ခွဲကြွသည်။ယခု ရှင်ဇနိတတစ်ပါးတိုးလာသည်။

ဒါလည်း အဆင်ပြေသေးသည်။

ရှင်ဇနိတ က ထိုကိုယ်တော် ၂ ပါးထဲက တစ်ပါးပါးဖြင့် ကပ်လိုက်ရင်း ဟင်းချိုင့်ကိုင်ပေးရုံသာ။ အပန်းမကြီး။

ဒီနေ့ ကိုယ်တော်တစ်ပါးက ကျောင်းအတွက်အလှူခံရန် မြို့သို့ကြွသည်။

ကျောင်းထိုင်ဘုန်းကြီးက ထိုကိုယ်တော်အစား ဆွမ်းခံကြွရန် အမိန့်ရှိသည်။

ရှင်ဇနိတ မငြင်း ရဲ။ စစ်တပ်မှာဆိုရင် မလုပ်နိုင်လျှင် သတင်းပို့။ ဖြစ်သေးသည်။

ဘုန်းကြီးကျောင်းမှာ တော့မရ။ ကြိမ်လုံးနှင့် တင်ပါး နှစ်ပါးသွား ကရမည်။

မကရလျှင်တောင် အနည်းဆုံး ပုံးကြောင်(ထမင်းငတ်)လိမ့်မည်။

ထမင်းတော့ငတ်၍မဖြစ်…တစ်နေ့မှ တစ်နပ်သာ စားရတာကိုး။

ဒီတော့ ဆွမ်းခံထွက်ရတာပေါ့။

ကိုယ်လည်း ၅ရက်ထဲ ဝတ်တာပဲလေ။ ဒီလောက်တော့ လုပ်ရမှာပေါ့။

ခု ကိုယ်တစ်ပါးတည်း ဆွမ်းခံထွက်ကာမှ ဒုက္ခကြံုရပြန်သည်။

သြော် … ဒကာကြီးရယ် ပထမနေ့တွေက သေရင်လည်းသေ မသေလည်း မနက်ဖြန်လောက်မှသေရင် တော်သေးတာပေါ့ဟု မတော်တရော်တွေ တွေးမိသေးသည် ။

ပရိတ်သတ်ကတော့ လက်အုပ်လေးတွေချီကာ တရားစောင့်နေလေသည်။ မတတ်နိုင်ဘူး။ ဟောတတ်သမျှတော့ ဟောရမှာပ။

“အဟမ်း အဟမ်း”

(ပရိတ်သတ်ကြီး လည်ပင်းထောင်လာကြသည်)

“ဆုံးသွားတဲ့ဒကာကြီးက ဘယ်သူ”

“”ကိုအောင်ဝင်းခိုင်ပါဘုရား ”

“ဟင် !… ကိုအောင်ဝင်းခိုင် ”

“တင်ပါ့ … အရှင်ဘုရား သိလို့လား ဘုရား”

“အင်!မသိ… မသိပါဘူးကွယ်(အမှုကြီးအောင်လုပ်နေတာ)”

“အင်း … ကွယ်လွန်သူ ဦးအောင်ဝင်းခိုင်အတွက်ရည်စူးပြီးတော့ အခုလို ဒါနပြုလုပ်ကြတဲ့ ကျန်ရစ်သူ မိသားစုများက …

ငါးပါးသီလ ဆောက်တည်ကြမယ် … ဟုတ်ပြီလား… ”

“တင်ပါ့ဘုရား”

“ကဲ သြကာသလေး လိုက်ဆိုကြ”

“သြကာသ သြကာသ သြကာသ

……………………………………………

နိဗ္ဗာန်ချမ်းသာ တရားတော် မြတ်တို့ကို ရလိုပါ၏ ဘုရား။”

“အဟံဘန္တေ …..အဟံဘန္တေ

တိသရဏေန သဟ…..တိသရဏေန သဟ

====================

“သာဓု သာဓု သာဓု ပါ ဘုရား”

ဟူး…တော်သေးတာပေါ့ ။ အဆင်ပြေသွားလို့။

ငါးပါးသီလက ငယ်ငယ်လေးထဲက ကျွမ်းဝင်ခဲ့တဲ့အရာ မို့လို့တော်သေးသည်။

ရှင်ဇနိတ ရင်ထဲက အပူလုံးကြီး ခုမှကျသွားတော့သည်။

ငါကွ ဟု၍လည်း ကိုယ့်ကိုယ်ကို အထင်ကြီးမိသွားသည်။

ပြန်ကြွဖို့ထလေ၏။

“အရှင်ဘုရား တရားတပုဒ်လောက်ချီးမြှင့်တော်မူပါဦးဘုရား”

ဟိုက်! … သောက်ကျိုးနည်းပြီ။ နဖူးထက်ဆီမှ ချွေးစေးများ ကျလေပြီ။

ဒီတစ်ခါမှ game over မဖြစ်ရင် နောက် ဘယ်တော့မှ မဖြစ်ဘူး။ သေဟ။

အရပ်သားဘဝ စစ်သားဘဝတုန်းက တရားနာရင်တောင် ငိုက်တတ်တဲ့ ရှင်ဇနိတသည် ဘယ်နိပါတ်တော်မှ ကောင်းကောင်းမသိ။

ဘယ်တရားမှလည်း ကျကျနန မနာဖူးခဲ့။

တရားပွဲပြီးလျှင် ကျွေးမည့်အစားအသောက်မှတစ်ပါး မြတ်နိုးဖွယ်ရာမရှိခဲ့။

ခုတော့ ထိပြီ။ ထိတာမှ ထိချက်ပြင်းသောတရားတစ်စင်း ဆိုပြီး နာမည်တပ်ရလောက်အောင်ကို ထိလေသည်။

တရား?!!!!

“တင်ပါ့ ဘုရား

“သွားလေသူကြီးအတွက် ရင်ထဲမချိလို့ပါဘုရား

…တရားတစ်ပုဒ်လောက်ဟောပေးပါဘုရား”

“သြော် …ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတယ် ထင်ရဲ့”

“တင်ပါ့ ၆၇ နှစ်သားမှာ ကွယ်လွန်သွားတာပါဘုရား”

အွမ့် (မေးမိတာငါ့အမှား!)

ဖျတ်ခနဲ အကြံတစ်ခုရသည်။

“အဟမ်း ဟမ်း!… အေးပေါ့လေ လူရယ်လို့ဖြစ်လာရင် အိုရမယ်

နာရမယ် သေရမယ် ဟုတ်တယ်မို့လား?”

“တင်ပါ့ဘုရား”

“ဒီသေခြင်းတရားကို လွတ်မြောက်စရာလမ်းရှိသလား”

“မရှိပါဘူးဘုရား(တညီတညွတ်တည်း)”

“မလွတ်မြောက်နိုင်တဲ့ ဒီသေခြင်းတရားကို ကြောက်စရာ လိုသေးရဲ့လား”

“မလိုပါဘူးဘုရား”

“အေး တစ်ခုပဲ ရေဘူးနဲ့ဖိနပ်မပါရင် …”

“ဆရာမက ဆူမှာပေါ့ ”

“အမ်… ဟိုကလေး အိမ်ရှင်အဖွားရဲ့မြေးပေါက်စ … ”

“ဟဲ့ !… ဘာတွေလျှောက်ပြောနေတာလဲ ဘုန်းဘုန်းက သီလပေးနေတဲ့ဟာကို ”

အမယ်အိုကြီးက လှမ်းဟန့်သည်။

(သူလုပ်တာနဲ့ ပြောလက်စလေးတောင်ဘယ်ရောက်သွားသည်မသိ )

“အဟမ်း… ရေဘူးနဲ့ဖိနပ်မပါရင် နွေအခါမှသိ ဒါနနဲ့ သီလမပါရင် သေခါမှ သိမယ် မဟုတ်လား”

” တင်ပါ့ ”

“ဆိုတော့ မသေခင် ဒါနနဲ့သီလပါအောင်ယူမသွားသင့် ဘူးလား”

“ယူသွားသင့်ပါတယ် ဘုရား”

(အဟေးး ဒီအထိတော့ key မချိန်းသေးဘူး အဆင်ပြေ သား

“လူရယ်လို့ဖြစ်လာရင် ဖြစ်ချင်တာရယ် ဖြစ်သင့်တာရယ် မရှိဘူးလား”

“ရှိပါတယ် ဘုရား”

“ဖြစ်ချင်တာက ဘာလဲ ?”

“စပိုက်ဒါမန်း ပါဘုရား ”

“ဟင် !!!! ဒင်းးး ဟိုကလေးပဲ ”

“ဟဲ့ !ဘာတွေလျှောက်ပြော”

“ဟာ !ဖွားကလည်း သားလည်းမေးလို့ဖြေတဲ့ဟာကို သားက စပိုက်ဒါမန်းလို လက်ထဲကနေ ကွိကွိနဲ့ ပင့်ကူမျှင် တွေထွက်ချင်တာလေ 😛 ”

“ဟဲ့ !ဒီမှာက တရားနာနေတာ သွားသွား! အောက်ဆင်း ဆော့ချေ .. ဒီကလေးနဲ့တော့ ခက်ပါတယ် :'( ”

“ရပါတယ် ဒကာမကြီးရယ် ထားလိုက်ပါ ကလေးပဲ ”

“တင်ပါ့ဘုရား အားနာမိပါတယ် မိန့်ပါဦးဘုရား”

“ဖြစ်ချင်တာတွေအကုန်ဖြစ်လို့ရလား”

“မရပါဘူးဘုရား”

“ဖြစ်သင့်တာတွေရော အကုန်လုပ်ဖြစ်ကြရဲ့လား ”

“မလုပ်ဖြစ်ပါဘူး ဘုရား”

“အေး !ဒီတော့ လိုက်ဆို ”

{ရှုံးနိမ့်မှုတွေ များစွာက နှိပ်ဆက်လို့နေ

(ရုံးနိမ့်မှုတွေ များစွာက နှိပ်ဆက်လို့နေ)

သောကရဲ့မီးလျှံတွေကြားမှာ လှောင်ပိတ်လို့

(သောကရဲ့မီးလျှံတွေကြားမှာလှောင်ပိတ်လို့)

သံသယတွေကတော့ ခေါင်းထဲမှာအပြည့်နဲ့ပါ

(သံသယတွေကတော့ခေါင်းထဲမှာအပြည့်နဲ့ပါ)

“ဒါတွေကို ကြံုရမှာ ပူစရာလိုသလား”

“မလိုပါဘူးဘုရား”

“စိတ်ကိုလျှော့စရာကော လိုလား”

“မလိုပါဘူးဘုရား ”

“မျှော်လင့်ချက်ဆိုတာမျိုးကတော့ ဖြစ်လာမှာမလား”

“ဖြစ်လာမှာပါဘုရား”

“အေး! လူဆိုတာကတော့အမြဲ ယုံကြည်ရာတစ်ခုအတွက် အသက်ရှင်ရတာမဟုတ်လား ”

“တင်ပါ့ဘုရား ”

“ကိုယ့်ရဲ့ဘဝမှာ ဘာကိုယုံကြည်သလဲ စဉ်းစားရမယ်

“မှန်ပါ့

“ဘာကို ယုံကြည်သလဲဟေ့

“ဘုရား တရား သံဃာ ပါဘုရား””(နိပ်သဟ)

“ကိုယ်ယုံကြည်ရာကို အဆုံးထိလျှောက်လှမ်းဖို့ရော?

“လိုပါတယ်ဘုရား”

“ရောက်နိုင်ပါ့မလားဟေ့

“ရောက်နိုင်ပါတယ် ဘုရား ”

“အေး ဒါပဲ ယုံယုံကြည်ကြည်လျှောက် ဦးဇင်းကတော့ ဒါပဲ ပြောချင်တယ် ”

“တင်ပါ့ဘုရား ..ကျေးဇူးတင်ပါတယ်ဘုရား ခုလိုရှင်းပြပေးလို့ နားလည်သွားပါပြီ ဘုရား ”

“ကဲ !ဦးဇင်းလည်းကြွတော့မယ် ဆွမ်းစားချိန်လည်းနီးပြီ”

“တင်ပါ့ဘုရား …တရားအမည်လေးအမိန့်ရှိပါဘုရား ”

“ယုံကြည်ရာ တရားလို့ခေါ်တယ် ဒကာမကြီး ”

“ဟာ!…… ဖွားကလည်း ဒါတောင်သိဘူးလား

အဲ့ဒါလေးဖြူသီချင်းလေ သားတောင်ရတယ် ”

(C မ့် … ဒီကလေး သိလည်းအေးဆေးနေတာမဟုတ်ဘူး)

“ဟဲ့ !တယ် ဒီကလေးနဲ့တော့ “…

ရှင်ဇနိတ လည်း ခပ်သုတ်သုတ်ဆင်းချလာရသည်။

တော်ကြာ ဒီကလေးက သီချင်းကောက်ဆိုပြမှဖြင့် မဟာအရှက်တော် ကွဲရချည်သေးရဲ့။

ဒါတောင်နောက်နေ့ ဆွမ်းခံကြွတော့ အဲ့အိမ်က လေးဖြူရဲ့ ယုံကြည်ရာ သီချင်းဖွင့်သံခပ်သဲ့သဲ့ကြားရသည်။

ရွာထဲမှာတော့ ရှင်ဇနိတ အတွက် ဘွဲ့တော်တစ်ခု ထပ်တိုး သွားလေသည်။

“ယုံကြည်ရာဆရာတော် “ဟူသတတ်။

Credit.

Comments