အမူးလြန္ည တညအမွားေၾကာင္႔ အခုလိုျဖစ္သြားခဲ့တာ…ထိုက္ထိုက္ကိုသာ အျပစ္တင္ပါ



အမူးလြန္ည တညအမွားေၾကာင္႔ တစ္ကိုယ္တည္း မိခင္အျဖစ္သတၱိရွိရွိေက်ာ္ျဖတ္ရဲခဲ႔သူ ထိုက္ထိုက္ကိုသာ အျပစ္တင္ပါ

ပဲခူးတုိင္းေဒသႀကီးအတြင္းက နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕၏ ေဆာင္းညသည္ သာမန္ထက္ပို၍ ခ်မ္းေနသလား ထင္ရသည္။ ေဆာင္းည၏ အေအး ဓာတ္ကို အသက္ေျခာက္လသား အရြယ္ သားငယ္ေလးတစ္ဦး ေစာင္ထူထူၾကားထဲတြင္ ေရွာင္ပုန္းရင္း ေႏြးေထြးစြာ အိပ္စက္ေန သည္။ သားငယ္ေလး အိပ္စက္ရာအနီးသို႔ ေျခအစံုက တစ္လွမ္းခ်င္း ခပ္ဖြဖြေလး ဝင္ေရာက္လာခဲ့ သည္။ ခပ္ဖြဖြေလး မလာ၍လည္း မရ။ သားငယ္ေလး အိပ္ေပ်ာ္ေနသည့္ ၾကမ္းခင္းက ဝါးၾကမ္းခင္း ေပမို႔ လူတက္လိုက္သည္ႏွင့္ တကြၽိကြၽိျမည္ကာ လႈပ္သြားတာေၾကာင့္ သားငယ္ေလး ႏိုးမွာစိုး၍ ျဖစ္ သည္။ သားကေလးသည္ ၾကမ္း ခင္းက အသံေၾကာင့္ ခႏၶာကိုယ္အနည္းငယ္လႈပ္ကာ ႏႈတ္ခမ္းအ နည္းငယ္ စူသြားေသာ္လည္း ႏွစ္ၿခိဳက္စြာပင္ အိပ္ေပ်ာ္ေနခဲ့သည္။ ေျခေထာက္အစံုက သားငယ္ေလး ေဘးနားအထိ ကပ္လာခဲ့ၿပီး အသာအယာ ထိုင္ခ်လိုက္သည္။

သားငယ္ေလးအနားေရာက္ လာသူသည္ အရပ္အေမာင္းက ၅ ေပ ၅ လက္မခန္႔၊ ခပ္ပိန္ပိန္၊ ဆံ ပင္တုိတုိႏွင့္ အမ်ိဳးသားတစ္ဦးအ သြင္ျဖစ္သည္။ ဒူးေခါင္းအထိ ဖံုး ေနေသာ ေဘာင္းဘီအတိုႏွင့္ ရွပ္ အက်ႌအကြက္ လက္ရွည္ဝတ္ဆင္ ထားၿပီး ႏႈတ္ခမ္းသည္လည္း ကြမ္း စားေသာေၾကာင့္ တလႈပ္လႈပ္။ ထို အမ်ိဳးသားအသြင္ လူငယ္သည္ ၾကမ္းျပင္ေပၚတြင္ စိတ္ခ်လက္ခ် အိပ္ေပ်ာ္ေနသည့္ သားငယ္ေလး၏ ဝိုင္းစက္ေသာမ်က္ႏွာ၊ သြယ္လ်ေသာႏွာတံ၊ ခပ္တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းတစ္စံု၊ ျဖဴေဖြးၾကည္လင္ေသာ အသားအေရေတြကို တစ္ခုခ်င္း လိုက္ၾကည့္သည္။ ၿပီးေနာက္ ‘‘သားေလးက ထိုက္ထိုက္နဲ႔တူလို႔ ေခ်ာတာ’’ဟု ေျပာရင္း သူ႔စကားသူ သေဘာက်ကာ ရဲပေတာင္းခတ္ေနသည့္ သြားအစံုေပၚသည္အထိ ရယ္ေမာ ေလသည္။

ၾကမ္းျပင္ေပၚက သားငယ္ ေလးသည္ ထိုက္ထိုက္၏ သားက ေလးျဖစ္သည္။ ႐ုတ္တရက္ျမင္ လွ်င္ေတာ့ ထိုက္ထိုက္၏ သြင္ျပင္ ေၾကာင့္ ဖခင္ဟုပင္ ထင္မိၾကလိမ့္ မည္။ သို႔ေသာ္ ထိုက္ထိုက္က ကေလးဖခင္ မဟုတ္ပါ။ ထိုက္ ထိုက္က ေယာက်္ားအသြင္ ေနထိုင္တတ္သည့္ မိန္းမသားတစ္ဦးျဖစ္ၿပီး သားကေလးကို ရင္ႏွင့္လြယ္ ေမြးခဲ့သူ မိခင္တစ္ဦးျဖစ္ သည္။

ထိုက္ထိုက္ ခုလို အားရပါးရ မရယ္ေမာႏုိင္ခဲ့သည္မွာ ၾကာေတာ့ၾကာခဲ့ၿပီ။ ကာလအားျဖင့္ဆိုလွ်င္ ႏွစ္ခ်ီၾကာျမင့္ခဲ့ေလၿပီ။

ဒီအျဖစ္အပ်က္ေတြ မျဖစ္ ပြားမီကေတာ့ ထိုက္ထိုက္သည္ ေယာက်္ားသားမ်ားႏွင့္ ရင္ေပါင္တန္းကာ ေနထိုင္ေသာ မိန္းက ေလးတစ္ဦးျဖစ္သည္။ ထိုက္ထိုက္တို႔က ပဲခူးတုိင္းေဒသႀကီးအတြင္းက နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ ေန ထိုင္သည္။ ထိုက္ထိုက္တုိ႔ မိဘ ႏွစ္ပါးက ေတာင္သူ။ ထိုက္ထိုက္ အထက္တြင္ ငါးႏွစ္ခန္႔ႀကီးသည့္ အစ္မတစ္ေယာက္သာ ရွိသည္။ ထိုက္ထိုက္ ငယ္စဥ္ကတည္းက ေယာက်္ားေလးလိုေနရတာ သ ေဘာက်သည္။ အေမကလည္း ထိုက္ထိုက္ကိုခ်စ္၍ ေယာက်္ား ေလးလိုေနတာ၊ ထိုင္တာ ဘာမွမ ေျပာ။ အေဖကေတာ့ မရ။ အျခားေယာက်္ားေလးေတြႏွင့္ ပိုက္ဆံပစ္တာ ဒိုးလွိမ့္တာမ်ိဳး ေတြ႕ၿပီဆိုလွ်င္ တုိင္မွာႀကိဳးႏွင့္တုပ္ကာ ႐ိုက္သည္အထိ အေဖက ဒဏ္ေပးခဲ့သည္။ သို႔ေသာ္ ထိုက္ထိုက္ကေတာ့မရ။ ေယာက်္ားလိုပဲ ေနရထိုင္ရတာ သေဘာက်သည္။ ေယာက်္ား ေလးကဲ့သို႔ လြတ္လြတ္လပ္လပ္ သြားလာခြင့္ရသည္ကို ခံုမင္သည္။ထို႔ေၾကာင့္ ဖေအက ဘယ္ေလာက္ေျပာေျပာ ထိုက္ထိုက္ ေယာက်္ား ေလးတစ္ဦးအျဖစ္သာ ကိုယ့္ကိုယ္ ကိုယ္ သတ္မွတ္ကာ ေနခဲ့ထိုင္ခဲ့ သည္။


ငယ္စဥ္ကတည္းက မိဘ ေတြ စီးပြားေရးအဆင္မေျပတာ ေၾကာင့္ အတန္းေက်ာင္းကို ထိုက္ ထိုက္တုိ႔ မေနခဲ့ရ။ ထိုက္ထိုက္က လည္း အိမ္စီးပြားအတြက္ ရရာအလုပ္ဝင္လုပ္သည္။ ေယာက်္ား သားမ်ားႏွင့္တန္းတူ ေတာအလုပ္ ေတြ ခပ္ၾကမ္းၾကမ္းပင္ ဝင္လုပ္ သည္။ ျမတ္ရိတ္၊ ေကာက္စိုက္၊ ပ်ိဳးႏုတ္တာေတြလည္း လုပ္ခဲ့ သည္။ ထိုကဲ့သို႔ လုပ္ကိုင္စား ေသာက္ကာ ေနထိုင္လာရင္းဆယ့္ေလး၊ ငါးႏွစ္အရြယ္မွာပင္ အလုပ္ေခတၱနားခ်ိန္ အေဖာ္အေပါင္းအသင္း ေယာက်္ားသား မ်ား၏ ယမကာမွီဝဲၾကည့္ဖို႔ တိုက္တြန္းမႈေတြ ႀကံဳခဲ့သည္။

အရက္ဆုိ၍ ေသာက္ၾကည့္ လိုက္တာ ခါးလိုက္တာ။ အနံ႔က လည္း ဆုိးေသးသည္။ သို႔ေသာ္ ကိုယ့္ကိုယ္ကိုယ္ ေယာက်္ားသား ဟု ထင္မွတ္ထား၍ အျခား ေယာက်္ားေတြေတာင္ ေသာက္ ေနတာ ငါ ဘာလို႔မေသာက္ႏုိင္ရ မွာလဲဟုေတြးကာ ႀကိတ္မွိတ္မ်ိဳခ် သည္။ ေဘးနားက သူငယ္ခ်င္း ေယာက်္ားေလးေတြကလည္း သူ ေသာက္ႏုိင္မႈအေပၚ အားရပါးရ အားေပးသည္။ ထို႔ေနာက္ပိုင္း ေတာ့ ထိုက္ထိုက္သည္ အလုပ္ပင္ ပန္းတာေတြေရာ အျခားအဆင္ မေျပမႈေတြပါ ေရာခ်ကာ အရက္ ေသာက္တတ္ခဲ့ပါေတာ့သည္။

အလုပ္ၿပီးခ်ိန္ တစ္ခါတစ္ရံ ေယာက်္ားသားမ်ားႏွင့္ အရက္ ဆုိင္ အတူတကြသြားေသာက္တာ မ်ိဳးေတြ ထိုက္ထိုက္လုပ္ျဖစ္လာခဲ့ သည္။ ထိုက္ထိုက္ မိဘႏွစ္ပါးမရွိ ေတာ့သည့္အခ်ိန္ အစ္မကလည္း အိမ္ေထာင္က်ၿပီးေနာက္ ထိုက္ ထိုက္ေနပံုထိုင္ပံုႏွင့္ အဆင္မေျပ မႈေတြ ရွိလာခဲ့ေတာ့ ထိုက္ထိုက္ အိမ္ေပၚက ဆင္းခဲ့သည္။ အသိ အိမ္ေတြမွာ ခိုကပ္ေနရင္း ေနာက္ ဆံုးေတာ့ ထိုက္ထိုက္ ဘုန္းႀကီး ေက်ာင္းထဲက နတ္စင္ႀကီးတစ္စင္ တြင္ သြားေရာက္ေနထုိင္ျဖစ္ေတာ့ သည္။

ရရာအလုပ္လုပ္၊ ညဘက္ ဆို အေပါင္းအသင္းေတြနဲ႔ ေဟး လားဝါးလား။ တစ္ခါတစ္ရံ အရက္ေသာက္ၾကရင္း ထိုက္ထိုက္သည္ သာမန္ေယာက်္ားတစ္ဦး အျဖစ္ သာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနထိုင္ခဲ့ သည္။ အရြယ္ကေလး ေရာက္လာခ်ိန္မွာေတာ့ အရက္အတူတူ ေသာက္ရင္း အခ်ိဳ႕ေယာက်္ားသား ေတြက ပခံုးဖက္တာမ်ိဳးေတြ ႀကံဳ လာလွ်င္ ထိုက္ထုိုက္ ဆတ္ခနဲဆုိ ႐ိုက္ခ်သည္။ မလုပ္နဲ႔ မႀကိဳက္ဘူး ဟု ထိုက္ထိုက္ ခပ္မာမာေျပာ သည္။ မင္းကလည္း ေယာက်္ား ေလးခ်င္းဖက္တာ ဘာျဖစ္လဲဟု တစ္ဖက္က ေစာဒကတက္လာ ေတာ့လည္း ထိုက္ထိုက္ ဘာမွ မေျပာႏုိင္။ သို႔ေသာ္ ထိုက္ထိုက္ ကို အဲဒီလို ဖက္လားျပဳလားလုပ္ တာေတာ့ နည္းနည္းမွမႀကိဳက္။

တစ္ခါေတာ့ ထိုက္ထိုက္ အ ျခားၿမိဳ႕တစ္ၿမိဳ႕တြင္ စပါးရိတ္သြား အလုပ္လုပ္သည္။ ထိုကဲ့သို႔အလုပ္ လုပ္ရင္း ခင္မင္တာၾကာၿပီျဖစ္ သည့္ ေယာက်္ားေလးသူငယ္ခ်င္း တစ္ဦးႏွင့္ အရက္အတူတူေသာက္ ျဖစ္ခဲ့သည္။ ထုိညသည္ ထိုက္ ထိုက္ လူမွန္းသူမွန္းမသိေအာင္ မူးခဲ့သည္။ အတူေသာက္သည့္ ရြယ္တူသူငယ္ခ်င္း ေယာက်္ား သားကလည္း ထိုက္ထိုက္ကို ပိုေသာက္ဖုိ႔သာ အားေပးခဲ့သည္။ ထိုက္ထိုက္လည္း အတူတြဲလာတာၾကာၿပီျဖစ္သည့္ သူငယ္ခ်င္းမို႔ စိတ္ခ်လက္ခ်ပင္ေသာက္ခဲ့သည္။ ထိုညက ထိုက္ထိုက္ ေခါင္းပင္ မေထာင္ႏိုင္ေလာက္ေအာင္ မူးမိခဲ့ သည္။ ထိုအခ်ိန္ကို အခြင့္ေကာင္း ယူကာ သူငယ္ခ်င္းသည္ ထိုက္ ထိုက္ကို အခြင့္အေရးယူခဲ့ပါေတာ့ သည္။ ခပ္ေသးေသးခႏၶာကိုယ္၊ ေခါင္းမေထာင္ႏိုင္ေအာင္ အမူး လြန္ေနေသာ ထိုက္ထိုက္သည္ သူငယ္ခ်င္း၏ အခြင့္အေရးယူမႈကို ဘယ္လိုမွ မေရွာင္ႏိုင္ခဲ့ေတာ့ေပ။

ထိုအျဖစ္အပ်က္သည္ လူ မွန္းသူမွန္းမသိေအာင္ပင္ မူးေန ခ်ိန္ျဖစ္ပြားခဲ့ျခင္းေၾကာင့္ အိပ္မက္ လုိ႔ပင္ ထိုက္ထိုက္ ထင္ေနသည္။ ကိုယ့္ၿမိဳ႕ျပန္ေရာက္ေတာ့လည္း ထိုက္ထိုက္ ျပန္ေတြးမိတုိင္း ထို ကိစၥအေပၚ ရွက္သည္။ ေဒါသျဖစ္ သည္။ ဟုတ္ခ်င္မွ ဟုတ္မွာပါဟု လည္း ျပန္ေတြးျပန္သည္။ သို႔ ေသာ္ တကယ္ဟုတ္ခဲ့ေၾကာင္း တစ္ရက္မွာေတာ့ျဖင့္ ထိုက္ထိုက္ သိလာခဲ့ေလသည္။

အမ်ိဳးသမီးကိစၥ ပံုမွန္လာေနက်အခ်ိန္ မလာ၍ ထုိက္ထိုက္ ကိုယ့္ကိုယ္ကိုယ္ သကၤာမကင္း ျဖစ္လာခဲ့သည္။ ထို႔ေနာက္ အသိ သူငယ္ခ်င္းတစ္ဦးကို ေဆးဆုိင္တြင္ ကိုယ္ဝန္ ရွိ၊ မရွိ ဆီးစစ္ၾကည့္လို႔ရသည့္ ပိုက္ဆိုတာကို ဝယ္ေပးရန္ ညာခုိင္းလိုက္သည္။ ကိုယ့္ဟာကိုယ္ စစ္ၾကည့္သည့္အခါမွာေတာ့ ကိုယ္ဝန္ရွိေၾကာင္း အေျဖထြက္လာ၍ ထိုက္ထိုက္ မ်က္လံုးျပဴးသြားခဲ့သည္။ သို႔ေသာ္ လက္မခံ ႏုိင္ေသး။

သို႔ေသာ္ စစ္ေဆးၾကည့္တာ ထက္ ပိုေသခ်ာသည့္ ထင္သာျမင္ သာရွိသည့္ အေျခအေနက ဆုိက္ ေရာက္လာခဲ့သည္။ ထိုက္ထိုက္ ခါးေတြ တျဖည္းျဖည္းတုတ္လာခဲ့ သည္။ ဗိုက္ကေလး ပိုပိုေဖာင္းလာ ခဲ့သည္။ ထိုက္ထိုက္ ရွက္လိုက္ တာ။ ထို႔ေနာက္ သူ႔ကို အခြင့္အ ေရးယူခဲ့သည့္ သူငယ္ခ်င္းထံသြား သည္။ သူ႔ကိစၥကို ေျပာျပသည္။ သူ႔ကုိမယူႏိုင္လွ်င္ေတာင္ ကေလးအေဖအျဖစ္ နာမည္ခံေပးဖို႔။ သို႔ ေသာ္ သူ႔သူငယ္ခ်င္းကေတာ့ လက္မခံခဲ့သလို တာဝန္လည္း မယူခဲ့ေပ။ ေနာက္တစ္ႀကိမ္ သြား ေတြ႕သည့္အခါမွာေတာ့ ထိုသူ ငယ္ခ်င္း ျမဝတီဘက္သြားတာလို လိုႏွင့္ ထိုက္ထိုက္ကို အၿပီးတုိင္ ေရွာင္ပုန္းသြားခဲ့ေလသည္။

ထိုက္ထိုက္မ်က္ရည္က်ရပါ သည္။ တစ္ဘဝလံုး ေယာက်္ား သားမ်ားႏွင့္ တန္းတူရင္ေပါင္တန္း အလုပ္လုပ္ရင္း ကိုယ့္ကိုယ္ကိုယ္ ေယာက်္ားအျဖစ္သာ ေနထုိင္ခဲ့ရာ မွ ယခုလို မေပါ့မပါးႀကီးျဖစ္လာ ခဲ့ခ်ိန္ တစ္ဖက္ကလည္း တာဝန္ ယူမေပးဆိုေတာ့ ထိုက္ထိုက္ ဘာ ဆက္လုပ္ရမလဲမသိေတာ့။ ၾကား ခဲ့ရဖူးတာေတြလို ဖေအမေပၚ သည့္ ရင္ေသြးကိုလည္း ဖ်က္ခ်ဖို႔ ထိုက္ထိုက္မစဥ္းစား။ ထိုက္ထိုက္ ဝမ္းထဲက ရင္ေသြးေလးသည္ တကယ္ေတာ့ ဘာမွအျပစ္မရွိဟု ထိုက္ထိုက္ထင္ေလသည္။ ထို႔အ တြက္ ထိုက္ထိုက္ ဒီရင္ေသြးေလး ကို ရေအာင္ေမြးမည္ဟုသာ ဆံုး ျဖတ္ခဲ့ပါေတာ့သည္။

ကိုယ့္ၿမိဳ႕ျပန္ေရာက္ေတာ့ အရင္ေနခဲ့သည့္ ဘုန္းႀကီးေက်ာင္း ဝင္းအတြင္းက နတ္စင္အေဆာက္ အအံုမွာပင္ ျပန္လည္ေနထိုင္ခဲ့သည္။ အေဆာက္အအံုက ေအာက္က သံမံတလင္းခင္းထား သည္မို႔ အရင္က ျဖစ္သလို ေခါင္း ထိုးအိပ္ခဲ့ေသာ္လည္း ဗိုက္ထဲက ရင္ေသြးေလး ထိခိုက္မည္စိုးတာမို႔ ထိုက္ထိုက္ ပီနန္အိတ္ကေလးခင္း ကာ အိပ္ျဖစ္ခဲ့သည္။ ေမြးဖို႔ဖြားဖို႔ အတြက္ ဘယ္လိုလုပ္ရမလဲ၊ ထိုက္ထိုက္ စဥ္းစားသည္။ သူတုိ႔ၿမိဳ႕ ကေလးမွာေတာ့ အရပ္လက္သည္ ေခၚလွ်င္ တစ္ေသာင္းေလာက္ သာက်တာ ထိုက္ထိုက္ စံုစမ္းရ သည္။ ေမြးၿပီဆုိလွ်င္ ဒီဘုန္းႀကီး ေက်ာင္းဝင္းထဲေမြးရန္ မသင့္ေတာ္၍ အျခားအိမ္ကေလးတစ္ခုငွားေန ကာ ေမြးဖို႔ ထိုက္ထိုက္ စီမံရသည္။ ထိုက္ထိုက္မွာလည္း တစ္ေန႔လုပ္၊ တစ္ေန႔စား၊ တစ္ေန႔နဲ႔တင္ ကုန္ တာမို႔ ေမြးစရိတ္အတြက္ ထိုက္ ထိုက္ ျပင္ဆင္ရေတာ့မည္။ ေနာက္ၿပီး မီးဖြားၿပီးလွ်င္လည္း ရက္အ တန္ၾကာ နားရဦးမည္မို႔ ထိုရက္ ေတြအတြက္ ေငြပိုေငြလွ်ံေလးေတြ ရွိေနမွ ျဖစ္မည္ဟု ထိုက္ထိုက္ ေတြးမိသည္။

ထို႔ေၾကာင့္ ေမြးစရိတ္ကေလးရေစဖုိ႔ ကိုယ္ဝန္ႀကီးႏွင့္ပင္ ထိုက္ ထိုက္ ပံုမွန္လုပ္ေနက် ႀကံဳရာက် ပန္းအလုပ္ေတြ ဝင္လုပ္ရသည္။ အပ်ိဳဗိုက္ျဖစ္၍ လူကလည္းေသး တာမို႔ ေျခာက္လေလာက္အထိကို ကိုယ္ဝန္ရွိမွန္း အခ်ိဳ႕က မသိၾက။ ထို႔ေၾကာင့္ သာမန္အတုိင္း အေလးအပင္ေတြမ၊ ေရေတြထမ္းရသည့္ အခါ ထိုက္ထိုက္ အေတာ္ကေလး ဂ႐ုစိုက္ရသည္။ ထိုက္ထိုက္ ဗိုက္ ထဲက ကေလးကို ဘာမွမျဖစ္ေစ ခ်င္။ ညဘက္အိပ္သည့္အခါတြင္ ေတာ့ ထိုက္ထိုက္ ဗိုက္ကေလး ပြတ္ကာ ဘုရားႏွင့္ ခိုနားရာ အေဆာက္အအံုရွိ နတ္ေတြထံ ကေလးေရွာေရွာ႐ွဴ႐ွဴေမြးႏုိင္ဖို႔ ဆုေတြေတာင္းရသည္။

ေနာက္ၿပီး ႏွစ္ရွည္လမ်ား ေသာက္္လာခဲ့သည့္ အရက္ကို ထိုက္ထိုက္ တိခနဲ ျဖတ္လိုက္ သည္။ ထိုက္ထိုက္ကို အေမွာင္ တြင္းသို႔ ဆုိက္ေရာက္ေစခဲ့သည့္ အရက္ေသစာကို ထိုက္ထိုက္ လံုးဝမေသာက္လိုေတာ့။ မျမင္လို ေတာ့။ အရက္တင္မက ေဆးလိပ္ ကိုပါ ျဖတ္ပစ္လိုက္သည္။ ထိုက္ ထိုက္ ဗိုက္ထဲတြင္ ေရာက္ေနၿပီ ျဖစ္သည့္ ရင္ေသြးကေလးအတြက္ ထိုက္ထိုက္ အျပဳအမူဆုိးေတြ အ ကုန္စြန္႔ပစ္လိုက္သည္။

ထိုက္ထိုက္အေၾကာင္းကို ထိုက္ထိုက္ဝန္းက်င္က အခ်ိဳ႕ေတြ ရိပ္စားမိလာခဲ့သည္။ ထိုက္ထိုက္ ကေတာ့ ဘယ္သူမွ် ဘာမွမေျပာ ျဖစ္ဘဲ ကေလးေမြးစရိတ္ရဖို႔ကို သာ အားသြန္ခြန္စိုက္ အလုပ္ေတြ လုပ္ေနခဲ့သည္။ တစ္ရက္မွာေတာ့ ေဈးနားက ခင္မင္ေနသည့္ အစ္မ တစ္ေယာက္က ထိုက္ထိုက္ကို သတင္းေလးတစ္ခု ေပးလာခဲ့ သည္။ ထိုက္ထိုက္တို႔လို တစ္ဦး တည္း မိခင္ေတြအား ကေလးေမြး ဖြားရန္ အကူအညီေတြ ေပးေန သည့္ ကိုစိုးထိုက္(ဖဒို)တုိ႔ႏွင့္ ဆက္သြယ္ဖို႔ျဖစ္သည္။

ထိုက္ထုိက္ ကိုစိုးထိုက္တုိ႔ႏွင့္ ဆက္သြယ္ခဲ့သည္။ ကိုစိုးထိုက္တုိ႔ ထိုက္ထိုက္ကို လာေခၚသည္။ ကိုစိုးထိုက္တို႔က ထိုက္ထိုက္ကို အိမ္ကေလးတစ္အိမ္ဆီ ေခၚသြားခဲ့သည္။ ထိုအိမ္ကေလးသည္ ထိုက္ထိုက္လို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိမိပတ္ဝန္းက်င္မွာ ကေလးေမြးဖြားရန္ အဆင္မေျပျဖစ္ေနသည့္ အမ်ိဳးသမီးကေလးေတြ ၁၀ ေယာက္ေလာက္ ေရာက္ေနခဲ့သည္။ ထိုေဂဟာဆရာမ ေဒၚျမစႏၵာသန္႔ကလည္း ထိုက္ ထိုက္တုိ႔ကို အေတာ္ေလး ဂ႐ုစိုက္ခဲ့သည္။

ထိုေဂဟာေရာက္လာေတာ့ ထိုက္ထိုက္ ေဘာင္းဘီတိုႏွင့္ေန၍ မရေတာ့ပါ။ ပါလာသည့္ ပုဆိုး ေတြ၊ ေဘာင္းဘီတိုေတြအစား ထဘီေတြ ေျပာင္းဝတ္ရသည္။ ဗိုက္ဖံုးအက်ႌေတြ ဝတ္ဆင္ရ သည္။ ေယာက်္ားပံုႀကီးႏွင့္ ထဘီ ေတြ ဗိုက္ဗံုးအက်ႌေတြဝတ္ရေတာ့ ထိုက္ထိုက္ အေတာ္ေလး စိတ္ က်ဥ္းက်ပ္မိသည္။ သို႔ေသာ္ ေရာက္လာေတာ့မည့္ ရင္ေသြး ေလးအတြက္ ထိုက္ထိုက္ ဒီ ေလာက္ေလးေတာ့ မမႈေတာ့ပါ။

ထိုေဂဟာေရာက္ၿပီးမွ ထိုက္ ထိုက္ ပထမဆံုးေသာ အေၾကာ အားေဆး စထိုးျဖစ္သည္။ အရင္ ၿမိဳ႕မွာေနတုန္းက ကိုယ္ဝန္ႏွင့္ပတ္ သက္၍ ဘာဆုိဘာမွ် မလုပ္ႏိုင္ခဲ့။ ထိုေဂဟာအစီအမံျဖင့္ ထိုက္ထိုက္ တုိ႔တစ္ေတြ မနီးမေဝးက ေဆး႐ံုမွာ ကိုယ္ဝန္သြားျပရသည္။ ေဆး႐ံု ေရာက္ေတာ့ အမ်ိဳးသားနာမည္ ေမးခါနီး ဘယ္လိုေျပာရမည္မသိ၊ ထိုက္ထိုက္ ေၾကာက္ေနသည္။ ထို႔ေၾကာင့္ အတူပါလာသူေတြကို ေယာက်္ားနာမည္ ေမးေနတယ္ ဘယ္လိုေျပာရမလဲဟု တိုးတိုးေမး ေတာ့ သူတုိ႔ကလည္း ကိုစိုးထိုက္ လုိ႔သာ ေျပာလိုက္ဟု ေျပာသည္။ ထို႔ေၾကာင့္ ထိုက္ထိုက္လည္း ကိုစိုးထိုက္ဟု ေျဖလိုက္သည္။ အလုပ္အကိုင္ကေကာဟု တစ္ခါထပ္ေမးျပန္သည္။ ထိုက္ထိုက္ အျခားသူ ေတြကို ျပန္ေမးရျပန္သည္။ ပန္းရန္လို႔ေျဖလိုက္ဟုဆိုကာ ကိုစိုးထိုက္ လည္း ပန္းရန္သမား ျဖစ္ရျပန္သည္။ ထိုက္ထိုက္ကေတာ့ အားနာသည္။ ကိုယ့္ကို ကူညီခဲ့သည့္သူ နာမည္သံုးလိုက္ရ႐ံုတင္မက ပန္းရန္သမားပါ ျဖစ္ရျပန္၍ အားနာၿပီးရင္း အားနာခဲ့ရသည္။

ေဂဟာမွာ ထိုက္ထိုက္တို႔ မိခင္ေလာင္းေတြအား ေမြးၿပီးလွ်င္ ကေလးျပန္ေခၚသြားမလား၊ ေဂ ဟာမွာပဲ ထားခဲ့မလားေမးသည္။အခ်ိဳ႕မိခင္ေတြကေတာ့ သူတို႔အခက္အခဲႏွင့္သူမုိ႔ ကေလးကိုထားခဲ့သူေတြရွိသည္။ ထိုက္ထိုက္ကိုေမး ေတာ့ မထားခဲ့ပါ၊ ေခၚသြားမည္ဟု ရဲရဲပင္ ေျဖသည္။ ဟုတ္သည္။ ထိုက္ထိုက္ သူ႔ရင္ေသြးကေလးကို မျမင္ရမီကတည္းက သံေယာဇဥ္ တြယ္တာမိေလၿပီ။ ရင္ေသြးေလး ကို ဘယ္မွလည္း မထားခဲ့ႏုိင္။

ေမြးဖို႔ဖြားဖို႔အတြက္ ေဂဟာ က အစစအရာရာ ျပည့္စံုေအာင္ စီမံေပးပါသည္။ ဘဝတူ တစ္ဦး တည္း မိခင္မ်ားျဖင့္ အားယူရင္း ေမြးဖြားမည့္ရက္က တျဖည္းျဖည္း ေရာက္လာခဲ့သည္။ ထိုက္ထိုက္ သေဘာကေတာ့ ကေလးကို ႐ိုး႐ိုးပဲ ေမြးခ်င္သည္။ ခြဲေမြးပါက ေနာက္ပိုင္း အလုပ္ၾကမ္းေတြ သိပ္မလုပ္ႏိုင္မွာစိုးတာျဖစ္သည္။ ေမြးလာ မည့္ ရင္ေသြးေလးႏွင့္ သားအမိႏွစ္ေယာက္ ဝမ္းေရး႐ုန္းကန္ရဦး မည္မဟုတ္လား။

သို႔ေသာ္ ထိုက္ထိုက္က အ သက္(၃၄)ႏွစ္ရွိၿပီမို႔ အသက္လည္းႀကီးတာတစ္ေၾကာင္း၊ ညႇပ္႐ိုးက လည္း က်ဥ္းတာတစ္ေၾကာင္းမို႔ ခြဲ ေမြးဖို႔သာ အေျခအေနေပးခဲ့သည္။ သို႔ျဖင့္ ၂၀၁၇ ဇူလုိင္ ၁၃ ရက္မွာ ထိုက္ထိုက္တစ္ေယာက္ ရင္ေသြး ကေလးကို ေမြးဖြားခဲ့ပါသည္။ ရင္ ေသြးေလးမွာ သားေယာက်္ားေလးျဖစ္သည္။ ဆရာမေတြက သားကေလးကို ယူလာျပေတာ့ ထိုက္ထိုက္ ဝမ္းနည္းဝမ္းသာ မ်က္ရည္က်ခဲ့ရသည္။

ဝမ္းသာသည္က သူ႔ရင္ေသြး ကေလး ေခ်ာေခ်ာေမာေမာ ေမြး ႏုိင္ခဲ့ျခင္းေၾကာင့္ျဖစ္ၿပီး ဝမ္းနည္း သည္ကေတာ့ သူ႔ေဘးနားတြင္ မိသားစုအရင္းအခ်ာမ်ား တစ္ ေယာက္မွမရွိခဲ့ျခင္းေၾကာင့္ ျဖစ္ ေလသည္။ ထိုက္ထိုက္ ကြယ္လြန္ သြားၿပီျဖစ္သည့္ မိခင္ကို သတိရ ေစသည္။ ေယာက်္ားလိုဝတ္ဆင္ တိုင္း၊ ေျပာဆိုတုိင္း ဆိုဆံုးမေနက်အေဖ့ကို သတိရသည္။ သူ၏ အစ္မျဖစ္သူကို သတိရသည္။ ေနာက္ ၿပီး.. ေနာက္တစ္ေယာက္ကိုေတာ့ ထိုက္ထိုက္ ရင္နာနာႏွင့္ပင္ သတိ ရခဲ့ေလသည္။

ေမြးၿပီး ၁၃ ရက္အၾကာတြင္ ေတာ့ ထိုက္ထိုက္ ကိုယ့္ၿမိဳ႕ကိုယ့္ ေဒသဆီ ျပန္လာခဲ့ပါသည္။ ကိုစိုး ထိုက္တုိ႔ကလည္း အိမ္အထိ လိုက္ပို႔ခဲ့ၾကသည္။ ကေလးေမြးၿပီးစျဖစ္ ၍ သားကေလးကလည္း ငယ္ေသးသည္မို႔ အရင္လို ဘုန္းႀကီးေက်ာင္း ဝင္းထဲ သြားမေနေတာ့ဘဲ အစ္မ ႀကီးအိမ္တြင္သာ ေခတၱခိုလႈံေနခဲ့ သည္။ အိမ္ျပန္ေရာက္ၿပီး မၾကာ မီေတာ့ သားအမိႏွစ္ေယာက္ ဝမ္း ေရးအတြက္ ထိုက္ထိုက္ အလုပ္ ေတြ ျပန္လုပ္ပါသည္။

ေဈးထဲမွာ ကုန္စိမ္းသြား ေရာင္းလွ်င္လည္း သားကေလးကိုေခၚသြားသည္။ အျခားေကာက္ စိုက္ပ်ိဳးႏုတ္ဆုိလွ်င္လည္း သား ကေလးကို ခ်ီပိုးသြားသည္။ သား ကေလးကို ထိုက္ထိုက္ မ်က္ကြယ္ ရာမွာ မထားခဲ့ႏုိင္။ သားကလည္း သားေပပဲ။ မေအျဖစ္သူကိုျမင္႐ံု ျဖင့္ မ်က္ႏွာၿပံဳးရႊင္ကာ သူ႔ကိုခ်ီ ရန္ လက္ကမ္းသည္။ မ်က္ႏွာက လည္း အၿမဲတမ္းၿပံဳးရႊင္ေနသည္။ ဂ်ီက်တာ ဂ်စ္တိုက္တာမ်ိဳးလည္း မရွိ။ အိပ္ၿပီဆိုလွ်င္လည္း တစ္ခ်ိဳး တည္း။ သို႔ေသာ္ ထိုက္ထိုက္ စိတ္ ပူမိတာေတြရွိေသးသည္။ သား ကေလးသည္ ဘဝတစ္ေလွ်ာက္ လံုး ဖေအမေပၚဘဲ ေမြးလာသည့္ ကေလးအျဖစ္ အမ်ားက သိထား သည့္အတြက္ အႏွိမ္ခံရမွာ စိုးျခင္း ျဖစ္သည္။ ဥပဓိ႐ုပ္ကေလးတည္ ၾကည္သန္႔စင္ေသာ သားကေလး အား ဘာအစြန္းအထင္းမွ် ထိုက္ ထိုက္ မရေစလိုပါ။ တကယ္ေတာ့ သားကေလးတြင္ ဘာဆိုဘာအျပစ္မွ မရွိပါ။ မိန္းမသားတစ္ ေယာက္ မေသာက္သင့္သည့္ အ ရက္ေသစာေသာက္စားမိ၍ တစ္ ပါးသူ အႏုိင္က်င့္ခံရေသာေၾကာင့္ အျပစ္တင္ခ်င္လွ်င္ ထိုက္ထိုက္ကို သာ အျပစ္တင္ပါဟု ထိုက္ထိုက္ က သားကေလးကို လွမ္းၾကည့္ ရင္း ဆုိပါသည္။

ထိုက္ထိုက္ သားကေလး အား ေမြးစားလုိ၍ ေတာင္းယူသူ ေတြရွိပါသည္။ သို႔ေသာ္ ထိုက္ ထိုက္ လံုးဝေပးဖို႔ ျငင္းဆန္ခဲ့သည္။ သားကေလးသည္ ထိုက္ထိုက္၏ အသက္။ သားကေလးသည္ ထိုက္ထိုက္၏ ဘဝ။ ထိုက္ထိုက္ဆံုးျဖတ္ ထားသည္က ထိုက္ထိုက္ အသက္ မေသမခ်င္း သားကေလး လူတန္း ေစ့ေနႏုိင္ေအာင္ ႀကိဳးစားရွာေဖြ မည္။ သားကေလးမ်က္ႏွာမငယ္ ေအာင္ ဖေအလိုတစ္္မ်ိဳး၊ မေအလိုတသြယ္ ေစာင့္ေရွာက္မည္။ ေနာက္ၿပီး သားကေလးအရြယ္ ေရာက္လာလွ်င္ တန္ဖိုးရွိေသာ ေယာက်္ားသားတစ္ဦးျဖစ္ေအာင္၊ မိန္းကေလးမ်ားအား ႏွမသားခ်င္း စာနာတတ္ေသာ ေယာက်္ားတစ္ ဦးျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္မည္ ဟု ထိုက္ထိုက္ ရည္မွန္းထား သည္။

ထိုက္ထိုက္ကေတာ့ သူ႔အ သက္ခႏၶာ တည္ၿမဲေနသေရြ႕ သား ငယ္ေလးအတြက္ အားအင္ေတြ ျပည့္ၿဖိဳးေနပံုရသည္။ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနသည့္ သားငယ္ ေလးကိုၾကည့္ရင္း ရႊန္းျမေသာ မ်က္ႏွာျဖင့္ ၿပံဳးၾကည့္ေနပါသည္။ သားငယ္ေလးကေတာ့ ေစာင္အ ေႏြးဓာတ္ေရာ မိခင္ျဖစ္သူ ထိုက္ ထိုက္၏ မိခင္ေမတၱာျဖင့္ပါ ေႏြး ေထြးစြာ အိပ္စက္၍ ေကာင္းေန ဆဲ… ။ ။

Credit – 7 Day Daily

===============

အမူးလွန်ည တညအမှားကြောင့် တစ်ကိုယ်တည်း မိခင်အဖြစ်သတ္တိရှိရှိကျော်ဖြတ်ရဲခဲ့သူ ထိုက်ထိုက်ကိုသာ အပြစ်တင်ပါ

ပဲခူးတိုင်းဒေသကြီးအတွင်းက နယ်မြို့လေးတစ်မြို့၏ ဆောင်းညသည် သာမန်ထက်ပို၍ ချမ်းနေသလား ထင်ရသည်။ ဆောင်းည၏ အအေး ဓာတ်ကို အသက်ခြောက်လသား အရွယ် သားငယ်လေးတစ်ဦး စောင်ထူထူကြားထဲတွင် ရှောင်ပုန်းရင်း နွေးထွေးစွာ အိပ်စက်နေ သည်။ သားငယ်လေး အိပ်စက်ရာအနီးသို့ ခြေအစုံက တစ်လှမ်းချင်း ခပ်ဖွဖွလေး ဝင်ရောက်လာခဲ့ သည်။ ခပ်ဖွဖွလေး မလာ၍လည်း မရ။ သားငယ်လေး အိပ်ပျော်နေသည့် ကြမ်းခင်းက ဝါးကြမ်းခင်း ပေမို့ လူတက်လိုက်သည်နှင့် တကျွိကျွိမြည်ကာ လှုပ်သွားတာကြောင့် သားငယ်လေး နိုးမှာစိုး၍ ဖြစ် သည်။ သားကလေးသည် ကြမ်း ခင်းက အသံကြောင့် ခန္ဓာကိုယ်အနည်းငယ်လှုပ်ကာ နှုတ်ခမ်းအ နည်းငယ် စူသွားသော်လည်း နှစ်ခြိုက်စွာပင် အိပ်ပျော်နေခဲ့သည်။ ခြေထောက်အစုံက သားငယ်လေး ဘေးနားအထိ ကပ်လာခဲ့ပြီး အသာအယာ ထိုင်ချလိုက်သည်။

သားငယ်လေးအနားရောက် လာသူသည် အရပ်အမောင်းက ၅ ပေ ၅ လက်မခန့်၊ ခပ်ပိန်ပိန်၊ ဆံ ပင်တိုတိုနှင့် အမျိုးသားတစ်ဦးအ သွင်ဖြစ်သည်။ ဒူးခေါင်းအထိ ဖုံး နေသော ဘောင်းဘီအတိုနှင့် ရှပ် အကျႌအကွက် လက်ရှည်ဝတ်ဆင် ထားပြီး နှုတ်ခမ်းသည်လည်း ကွမ်း စားသောကြောင့် တလှုပ်လှုပ်။ ထို အမျိုးသားအသွင် လူငယ်သည် ကြမ်းပြင်ပေါ်တွင် စိတ်ချလက်ချ အိပ်ပျော်နေသည့် သားငယ်လေး၏ ဝိုင်းစက်သောမျက်နှာ၊ သွယ်လျသောနှာတံ၊ ခပ်တင်းတင်းစေ့ထားသော နှုတ်ခမ်းတစ်စုံ၊ ဖြူဖွေးကြည်လင်သော အသားအရေတွေကို တစ်ခုချင်း လိုက်ကြည့်သည်။ ပြီးနောက် ‘‘သားလေးက ထိုက်ထိုက်နဲ့တူလို့ ချောတာ’’ဟု ပြောရင်း သူ့စကားသူ သဘောကျကာ ရဲပတောင်းခတ်နေသည့် သွားအစုံပေါ်သည်အထိ ရယ်မော လေသည်။

ကြမ်းပြင်ပေါ်က သားငယ် လေးသည် ထိုက်ထိုက်၏ သားက လေးဖြစ်သည်။ ရုတ်တရက်မြင် လျှင်တော့ ထိုက်ထိုက်၏ သွင်ပြင် ကြောင့် ဖခင်ဟုပင် ထင်မိကြလိမ့် မည်။ သို့သော် ထိုက်ထိုက်က ကလေးဖခင် မဟုတ်ပါ။ ထိုက် ထိုက်က ယောကျ်ားအသွင် နေထိုင်တတ်သည့် မိန်းမသားတစ်ဦးဖြစ်ပြီး သားကလေးကို ရင်နှင့်လွယ် မွေးခဲ့သူ မိခင်တစ်ဦးဖြစ် သည်။

ထိုက်ထိုက် ခုလို အားရပါးရ မရယ်မောနိုင်ခဲ့သည်မှာ ကြာတော့ကြာခဲ့ပြီ။ ကာလအားဖြင့်ဆိုလျှင် နှစ်ချီကြာမြင့်ခဲ့လေပြီ။

ဒီအဖြစ်အပျက်တွေ မဖြစ် ပွားမီကတော့ ထိုက်ထိုက်သည် ယောကျ်ားသားများနှင့် ရင်ပေါင်တန်းကာ နေထိုင်သော မိန်းက လေးတစ်ဦးဖြစ်သည်။ ထိုက်ထိုက်တို့က ပဲခူးတိုင်းဒေသကြီးအတွင်းက နယ်မြို့လေးတစ်မြို့မှာ နေ ထိုင်သည်။ ထိုက်ထိုက်တို့ မိဘ နှစ်ပါးက တောင်သူ။ ထိုက်ထိုက် အထက်တွင် ငါးနှစ်ခန့်ကြီးသည့် အစ်မတစ်ယောက်သာ ရှိသည်။ ထိုက်ထိုက် ငယ်စဉ်ကတည်းက ယောကျ်ားလေးလိုနေရတာ သ ဘောကျသည်။ အမေကလည်း ထိုက်ထိုက်ကိုချစ်၍ ယောကျ်ား လေးလိုနေတာ၊ ထိုင်တာ ဘာမှမ ပြော။ အဖေကတော့ မရ။ အခြားယောကျ်ားလေးတွေနှင့် ပိုက်ဆံပစ်တာ ဒိုးလှိမ့်တာမျိုး တွေ့ပြီဆိုလျှင် တိုင်မှာကြိုးနှင့်တုပ်ကာ ရိုက်သည်အထိ အဖေက ဒဏ်ပေးခဲ့သည်။ သို့သော် ထိုက်ထိုက်ကတော့မရ။ ယောကျ်ားလိုပဲ နေရထိုင်ရတာ သဘောကျသည်။ ယောကျ်ား လေးကဲ့သို့ လွတ်လွတ်လပ်လပ် သွားလာခွင့်ရသည်ကို ခုံမင်သည်။ထို့ကြောင့် ဖအေက ဘယ်လောက်ပြောပြော ထိုက်ထိုက် ယောကျ်ား လေးတစ်ဦးအဖြစ်သာ ကိုယ့်ကိုယ် ကိုယ် သတ်မှတ်ကာ နေခဲ့ထိုင်ခဲ့ သည်။

ငယ်စဉ်ကတည်းက မိဘ တွေ စီးပွားရေးအဆင်မပြေတာ ကြောင့် အတန်းကျောင်းကို ထိုက် ထိုက်တို့ မနေခဲ့ရ။ ထိုက်ထိုက်က လည်း အိမ်စီးပွားအတွက် ရရာအလုပ်ဝင်လုပ်သည်။ ယောကျ်ား သားများနှင့်တန်းတူ တောအလုပ် တွေ ခပ်ကြမ်းကြမ်းပင် ဝင်လုပ် သည်။ မြတ်ရိတ်၊ ကောက်စိုက်၊ ပျိုးနုတ်တာတွေလည်း လုပ်ခဲ့ သည်။ ထိုကဲ့သို့ လုပ်ကိုင်စား သောက်ကာ နေထိုင်လာရင်းဆယ့်လေး၊ ငါးနှစ်အရွယ်မှာပင် အလုပ်ခေတ္တနားချိန် အဖော်အပေါင်းအသင်း ယောကျ်ားသား များ၏ ယမကာမှီဝဲကြည့်ဖို့ တိုက်တွန်းမှုတွေ ကြုံခဲ့သည်။

အရက်ဆို၍ သောက်ကြည့် လိုက်တာ ခါးလိုက်တာ။ အနံ့က လည်း ဆိုးသေးသည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ယောကျ်ားသား ဟု ထင်မှတ်ထား၍ အခြား ယောကျ်ားတွေတောင် သောက် နေတာ ငါ ဘာလို့မသောက်နိုင်ရ မှာလဲဟုတွေးကာ ကြိတ်မှိတ်မျိုချ သည်။ ဘေးနားက သူငယ်ချင်း ယောကျ်ားလေးတွေကလည်း သူ သောက်နိုင်မှုအပေါ် အားရပါးရ အားပေးသည်။ ထို့နောက်ပိုင်း တော့ ထိုက်ထိုက်သည် အလုပ်ပင် ပန်းတာတွေရော အခြားအဆင် မပြေမှုတွေပါ ရောချကာ အရက် သောက်တတ်ခဲ့ပါတော့သည်။

အလုပ်ပြီးချိန် တစ်ခါတစ်ရံ ယောကျ်ားသားများနှင့် အရက် ဆိုင် အတူတကွသွားသောက်တာ မျိုးတွေ ထိုက်ထိုက်လုပ်ဖြစ်လာခဲ့ သည်။ ထိုက်ထိုက် မိဘနှစ်ပါးမရှိ တော့သည့်အချိန် အစ်မကလည်း အိမ်ထောင်ကျပြီးနောက် ထိုက် ထိုက်နေပုံထိုင်ပုံနှင့် အဆင်မပြေ မှုတွေ ရှိလာခဲ့တော့ ထိုက်ထိုက် အိမ်ပေါ်က ဆင်းခဲ့သည်။ အသိ အိမ်တွေမှာ ခိုကပ်နေရင်း နောက် ဆုံးတော့ ထိုက်ထိုက် ဘုန်းကြီး ကျောင်းထဲက နတ်စင်ကြီးတစ်စင် တွင် သွားရောက်နေထိုင်ဖြစ်တော့ သည်။

ရရာအလုပ်လုပ်၊ ညဘက် ဆို အပေါင်းအသင်းတွေနဲ့ ဟေး လားဝါးလား။ တစ်ခါတစ်ရံ အရက်သောက်ကြရင်း ထိုက်ထိုက်သည် သာမန်ယောကျ်ားတစ်ဦး အဖြစ် သာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ သည်။ အရွယ်ကလေး ရောက်လာချိန်မှာတော့ အရက်အတူတူ သောက်ရင်း အချို့ယောကျ်ားသား တွေက ပခုံးဖက်တာမျိုးတွေ ကြုံ လာလျှင် ထိုက်ထိုုက် ဆတ်ခနဲဆို ရိုက်ချသည်။ မလုပ်နဲ့ မကြိုက်ဘူး ဟု ထိုက်ထိုက် ခပ်မာမာပြော သည်။ မင်းကလည်း ယောကျ်ား လေးချင်းဖက်တာ ဘာဖြစ်လဲဟု တစ်ဖက်က စောဒကတက်လာ တော့လည်း ထိုက်ထိုက် ဘာမှ မပြောနိုင်။ သို့သော် ထိုက်ထိုက် ကို အဲဒီလို ဖက်လားပြုလားလုပ် တာတော့ နည်းနည်းမှမကြိုက်။

တစ်ခါတော့ ထိုက်ထိုက် အ ခြားမြို့တစ်မြို့တွင် စပါးရိတ်သွား အလုပ်လုပ်သည်။ ထိုကဲ့သို့အလုပ် လုပ်ရင်း ခင်မင်တာကြာပြီဖြစ် သည့် ယောကျ်ားလေးသူငယ်ချင်း တစ်ဦးနှင့် အရက်အတူတူသောက် ဖြစ်ခဲ့သည်။ ထိုညသည် ထိုက် ထိုက် လူမှန်းသူမှန်းမသိအောင် မူးခဲ့သည်။ အတူသောက်သည့် ရွယ်တူသူငယ်ချင်း ယောကျ်ား သားကလည်း ထိုက်ထိုက်ကို ပိုသောက်ဖို့သာ အားပေးခဲ့သည်။ ထိုက်ထိုက်လည်း အတူတွဲလာတာကြာပြီဖြစ်သည့် သူငယ်ချင်းမို့ စိတ်ချလက်ချပင်သောက်ခဲ့သည်။ ထိုညက ထိုက်ထိုက် ခေါင်းပင် မထောင်နိုင်လောက်အောင် မူးမိခဲ့ သည်။ ထိုအချိန်ကို အခွင့်ကောင်း ယူကာ သူငယ်ချင်းသည် ထိုက် ထိုက်ကို အခွင့်အရေးယူခဲ့ပါတော့ သည်။ ခပ်သေးသေးခန္ဓာကိုယ်၊ ခေါင်းမထောင်နိုင်အောင် အမူး လွန်နေသော ထိုက်ထိုက်သည် သူငယ်ချင်း၏ အခွင့်အရေးယူမှုကို ဘယ်လိုမှ မရှောင်နိုင်ခဲ့တော့ပေ။

ထိုအဖြစ်အပျက်သည် လူ မှန်းသူမှန်းမသိအောင်ပင် မူးနေ ချိန်ဖြစ်ပွားခဲ့ခြင်းကြောင့် အိပ်မက် လို့ပင် ထိုက်ထိုက် ထင်နေသည်။ ကိုယ့်မြို့ပြန်ရောက်တော့လည်း ထိုက်ထိုက် ပြန်တွေးမိတိုင်း ထို ကိစ္စအပေါ် ရှက်သည်။ ဒေါသဖြစ် သည်။ ဟုတ်ချင်မှ ဟုတ်မှာပါဟု လည်း ပြန်တွေးပြန်သည်။ သို့ သော် တကယ်ဟုတ်ခဲ့ကြောင်း တစ်ရက်မှာတော့ဖြင့် ထိုက်ထိုက် သိလာခဲ့လေသည်။

အမျိုးသမီးကိစ္စ ပုံမှန်လာနေကျအချိန် မလာ၍ ထိုက်ထိုက် ကိုယ့်ကိုယ်ကိုယ် သင်္ကာမကင်း ဖြစ်လာခဲ့သည်။ ထို့နောက် အသိ သူငယ်ချင်းတစ်ဦးကို ဆေးဆိုင်တွင် ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်ကြည့်လို့ရသည့် ပိုက်ဆိုတာကို ဝယ်ပေးရန် ညာခိုင်းလိုက်သည်။ ကိုယ့်ဟာကိုယ် စစ်ကြည့်သည့်အခါမှာတော့ ကိုယ်ဝန်ရှိကြောင်း အဖြေထွက်လာ၍ ထိုက်ထိုက် မျက်လုံးပြူးသွားခဲ့သည်။ သို့သော် လက်မခံ နိုင်သေး။

သို့သော် စစ်ဆေးကြည့်တာ ထက် ပိုသေချာသည့် ထင်သာမြင် သာရှိသည့် အခြေအနေက ဆိုက် ရောက်လာခဲ့သည်။ ထိုက်ထိုက် ခါးတွေ တဖြည်းဖြည်းတုတ်လာခဲ့ သည်။ ဗိုက်ကလေး ပိုပိုဖောင်းလာ ခဲ့သည်။ ထိုက်ထိုက် ရှက်လိုက် တာ။ ထို့နောက် သူ့ကို အခွင့်အ ရေးယူခဲ့သည့် သူငယ်ချင်းထံသွား သည်။ သူ့ကိစ္စကို ပြောပြသည်။ သူ့ကိုမယူနိုင်လျှင်တောင် ကလေးအဖေအဖြစ် နာမည်ခံပေးဖို့။ သို့ သော် သူ့သူငယ်ချင်းကတော့ လက်မခံခဲ့သလို တာဝန်လည်း မယူခဲ့ပေ။ နောက်တစ်ကြိမ် သွား တွေ့သည့်အခါမှာတော့ ထိုသူ ငယ်ချင်း မြဝတီဘက်သွားတာလို လိုနှင့် ထိုက်ထိုက်ကို အပြီးတိုင် ရှောင်ပုန်းသွားခဲ့လေသည်။

ထိုက်ထိုက်မျက်ရည်ကျရပါ သည်။ တစ်ဘဝလုံး ယောကျ်ား သားများနှင့် တန်းတူရင်ပေါင်တန်း အလုပ်လုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ယောကျ်ားအဖြစ်သာ နေထိုင်ခဲ့ရာ မှ ယခုလို မပေါ့မပါးကြီးဖြစ်လာ ခဲ့ချိန် တစ်ဖက်ကလည်း တာဝန် ယူမပေးဆိုတော့ ထိုက်ထိုက် ဘာ ဆက်လုပ်ရမလဲမသိတော့။ ကြား ခဲ့ရဖူးတာတွေလို ဖအေမပေါ် သည့် ရင်သွေးကိုလည်း ဖျက်ချဖို့ ထိုက်ထိုက်မစဉ်းစား။ ထိုက်ထိုက် ဝမ်းထဲက ရင်သွေးလေးသည် တကယ်တော့ ဘာမှအပြစ်မရှိဟု ထိုက်ထိုက်ထင်လေသည်။ ထို့အ တွက် ထိုက်ထိုက် ဒီရင်သွေးလေး ကို ရအောင်မွေးမည်ဟုသာ ဆုံး ဖြတ်ခဲ့ပါတော့သည်။

ကိုယ့်မြို့ပြန်ရောက်တော့ အရင်နေခဲ့သည့် ဘုန်းကြီးကျောင်း ဝင်းအတွင်းက နတ်စင်အဆောက် အအုံမှာပင် ပြန်လည်နေထိုင်ခဲ့သည်။ အဆောက်အအုံက အောက်က သံမံတလင်းခင်းထား သည်မို့ အရင်က ဖြစ်သလို ခေါင်း ထိုးအိပ်ခဲ့သော်လည်း ဗိုက်ထဲက ရင်သွေးလေး ထိခိုက်မည်စိုးတာမို့ ထိုက်ထိုက် ပီနန်အိတ်ကလေးခင်း ကာ အိပ်ဖြစ်ခဲ့သည်။ မွေးဖို့ဖွားဖို့ အတွက် ဘယ်လိုလုပ်ရမလဲ၊ ထိုက်ထိုက် စဉ်းစားသည်။ သူတို့မြို့ ကလေးမှာတော့ အရပ်လက်သည် ခေါ်လျှင် တစ်သောင်းလောက် သာကျတာ ထိုက်ထိုက် စုံစမ်းရ သည်။ မွေးပြီဆိုလျှင် ဒီဘုန်းကြီး ကျောင်းဝင်းထဲမွေးရန် မသင့်တော်၍ အခြားအိမ်ကလေးတစ်ခုငှားနေ ကာ မွေးဖို့ ထိုက်ထိုက် စီမံရသည်။ ထိုက်ထိုက်မှာလည်း တစ်နေ့လုပ်၊ တစ်နေ့စား၊ တစ်နေ့နဲ့တင် ကုန် တာမို့ မွေးစရိတ်အတွက် ထိုက် ထိုက် ပြင်ဆင်ရတော့မည်။ နောက်ပြီး မီးဖွားပြီးလျှင်လည်း ရက်အ တန်ကြာ နားရဦးမည်မို့ ထိုရက် တွေအတွက် ငွေပိုငွေလျှံလေးတွေ ရှိနေမှ ဖြစ်မည်ဟု ထိုက်ထိုက် တွေးမိသည်။

ထို့ကြောင့် မွေးစရိတ်ကလေးရစေဖို့ ကိုယ်ဝန်ကြီးနှင့်ပင် ထိုက် ထိုက် ပုံမှန်လုပ်နေကျ ကြုံရာကျ ပန်းအလုပ်တွေ ဝင်လုပ်ရသည်။ အပျိုဗိုက်ဖြစ်၍ လူကလည်းသေး တာမို့ ခြောက်လလောက်အထိကို ကိုယ်ဝန်ရှိမှန်း အချို့က မသိကြ။ ထို့ကြောင့် သာမန်အတိုင်း အလေးအပင်တွေမ၊ ရေတွေထမ်းရသည့် အခါ ထိုက်ထိုက် အတော်ကလေး ဂရုစိုက်ရသည်။ ထိုက်ထိုက် ဗိုက် ထဲက ကလေးကို ဘာမှမဖြစ်စေ ချင်။ ညဘက်အိပ်သည့်အခါတွင် တော့ ထိုက်ထိုက် ဗိုက်ကလေး ပွတ်ကာ ဘုရားနှင့် ခိုနားရာ အဆောက်အအုံရှိ နတ်တွေထံ ကလေးရှောရှောရှူရှူမွေးနိုင်ဖို့ ဆုတွေတောင်းရသည်။

နောက်ပြီး နှစ်ရှည်လများ သောက််လာခဲ့သည့် အရက်ကို ထိုက်ထိုက် တိခနဲ ဖြတ်လိုက် သည်။ ထိုက်ထိုက်ကို အမှောင် တွင်းသို့ ဆိုက်ရောက်စေခဲ့သည့် အရက်သေစာကို ထိုက်ထိုက် လုံးဝမသောက်လိုတော့။ မမြင်လို တော့။ အရက်တင်မက ဆေးလိပ် ကိုပါ ဖြတ်ပစ်လိုက်သည်။ ထိုက် ထိုက် ဗိုက်ထဲတွင် ရောက်နေပြီ ဖြစ်သည့် ရင်သွေးကလေးအတွက် ထိုက်ထိုက် အပြုအမူဆိုးတွေ အ ကုန်စွန့်ပစ်လိုက်သည်။

ထိုက်ထိုက်အကြောင်းကို ထိုက်ထိုက်ဝန်းကျင်က အချို့တွေ ရိပ်စားမိလာခဲ့သည်။ ထိုက်ထိုက် ကတော့ ဘယ်သူမျှ ဘာမှမပြော ဖြစ်ဘဲ ကလေးမွေးစရိတ်ရဖို့ကို သာ အားသွန်ခွန်စိုက် အလုပ်တွေ လုပ်နေခဲ့သည်။ တစ်ရက်မှာတော့ ဈေးနားက ခင်မင်နေသည့် အစ်မ တစ်ယောက်က ထိုက်ထိုက်ကို သတင်းလေးတစ်ခု ပေးလာခဲ့ သည်။ ထိုက်ထိုက်တို့လို တစ်ဦး တည်း မိခင်တွေအား ကလေးမွေး ဖွားရန် အကူအညီတွေ ပေးနေ သည့် ကိုစိုးထိုက်(ဖဒို)တို့နှင့် ဆက်သွယ်ဖို့ဖြစ်သည်။

ထိုက်ထိုက် ကိုစိုးထိုက်တို့နှင့် ဆက်သွယ်ခဲ့သည်။ ကိုစိုးထိုက်တို့ ထိုက်ထိုက်ကို လာခေါ်သည်။ ကိုစိုးထိုက်တို့က ထိုက်ထိုက်ကို အိမ်ကလေးတစ်အိမ်ဆီ ခေါ်သွားခဲ့သည်။ ထိုအိမ်ကလေးသည် ထိုက်ထိုက်လို အကြောင်းအမျိုးမျိုးကြောင့် မိမိပတ်ဝန်းကျင်မှာ ကလေးမွေးဖွားရန် အဆင်မပြေဖြစ်နေသည့် အမျိုးသမီးကလေးတွေ ၁၀ ယောက်လောက် ရောက်နေခဲ့သည်။ ထိုဂေဟာဆရာမ ဒေါ်မြစန္ဒာသန့်ကလည်း ထိုက် ထိုက်တို့ကို အတော်လေး ဂရုစိုက်ခဲ့သည်။

ထိုဂေဟာရောက်လာတော့ ထိုက်ထိုက် ဘောင်းဘီတိုနှင့်နေ၍ မရတော့ပါ။ ပါလာသည့် ပုဆိုး တွေ၊ ဘောင်းဘီတိုတွေအစား ထဘီတွေ ပြောင်းဝတ်ရသည်။ ဗိုက်ဖုံးအကျႌတွေ ဝတ်ဆင်ရ သည်။ ယောကျ်ားပုံကြီးနှင့် ထဘီ တွေ ဗိုက်ဗုံးအကျႌတွေဝတ်ရတော့ ထိုက်ထိုက် အတော်လေး စိတ် ကျဉ်းကျပ်မိသည်။ သို့သော် ရောက်လာတော့မည့် ရင်သွေး လေးအတွက် ထိုက်ထိုက် ဒီ လောက်လေးတော့ မမှုတော့ပါ။

ထိုဂေဟာရောက်ပြီးမှ ထိုက် ထိုက် ပထမဆုံးသော အကြော အားဆေး စထိုးဖြစ်သည်။ အရင် မြို့မှာနေတုန်းက ကိုယ်ဝန်နှင့်ပတ် သက်၍ ဘာဆိုဘာမျှ မလုပ်နိုင်ခဲ့။ ထိုဂေဟာအစီအမံဖြင့် ထိုက်ထိုက် တို့တစ်တွေ မနီးမဝေးက ဆေးရုံမှာ ကိုယ်ဝန်သွားပြရသည်။ ဆေးရုံ ရောက်တော့ အမျိုးသားနာမည် မေးခါနီး ဘယ်လိုပြောရမည်မသိ၊ ထိုက်ထိုက် ကြောက်နေသည်။ ထို့ကြောင့် အတူပါလာသူတွေကို ယောကျ်ားနာမည် မေးနေတယ် ဘယ်လိုပြောရမလဲဟု တိုးတိုးမေး တော့ သူတို့ကလည်း ကိုစိုးထိုက် လို့သာ ပြောလိုက်ဟု ပြောသည်။ ထို့ကြောင့် ထိုက်ထိုက်လည်း ကိုစိုးထိုက်ဟု ဖြေလိုက်သည်။ အလုပ်အကိုင်ကကောဟု တစ်ခါထပ်မေးပြန်သည်။ ထိုက်ထိုက် အခြားသူ တွေကို ပြန်မေးရပြန်သည်။ ပန်းရန်လို့ဖြေလိုက်ဟုဆိုကာ ကိုစိုးထိုက် လည်း ပန်းရန်သမား ဖြစ်ရပြန်သည်။ ထိုက်ထိုက်ကတော့ အားနာသည်။ ကိုယ့်ကို ကူညီခဲ့သည့်သူ နာမည်သုံးလိုက်ရရုံတင်မက ပန်းရန်သမားပါ ဖြစ်ရပြန်၍ အားနာပြီးရင်း အားနာခဲ့ရသည်။

ဂေဟာမှာ ထိုက်ထိုက်တို့ မိခင်လောင်းတွေအား မွေးပြီးလျှင် ကလေးပြန်ခေါ်သွားမလား၊ ဂေ ဟာမှာပဲ ထားခဲ့မလားမေးသည်။အချို့မိခင်တွေကတော့ သူတို့အခက်အခဲနှင့်သူမို့ ကလေးကိုထားခဲ့သူတွေရှိသည်။ ထိုက်ထိုက်ကိုမေး တော့ မထားခဲ့ပါ၊ ခေါ်သွားမည်ဟု ရဲရဲပင် ဖြေသည်။ ဟုတ်သည်။ ထိုက်ထိုက် သူ့ရင်သွေးကလေးကို မမြင်ရမီကတည်းက သံယောဇဉ် တွယ်တာမိလေပြီ။ ရင်သွေးလေး ကို ဘယ်မှလည်း မထားခဲ့နိုင်။

မွေးဖို့ဖွားဖို့အတွက် ဂေဟာ က အစစအရာရာ ပြည့်စုံအောင် စီမံပေးပါသည်။ ဘဝတူ တစ်ဦး တည်း မိခင်များဖြင့် အားယူရင်း မွေးဖွားမည့်ရက်က တဖြည်းဖြည်း ရောက်လာခဲ့သည်။ ထိုက်ထိုက် သဘောကတော့ ကလေးကို ရိုးရိုးပဲ မွေးချင်သည်။ ခွဲမွေးပါက နောက်ပိုင်း အလုပ်ကြမ်းတွေ သိပ်မလုပ်နိုင်မှာစိုးတာဖြစ်သည်။ မွေးလာ မည့် ရင်သွေးလေးနှင့် သားအမိနှစ်ယောက် ဝမ်းရေးရုန်းကန်ရဦး မည်မဟုတ်လား။

သို့သော် ထိုက်ထိုက်က အ သက်(၃၄)နှစ်ရှိပြီမို့ အသက်လည်းကြီးတာတစ်ကြောင်း၊ ညှပ်ရိုးက လည်း ကျဉ်းတာတစ်ကြောင်းမို့ ခွဲ မွေးဖို့သာ အခြေအနေပေးခဲ့သည်။ သို့ဖြင့် ၂၀၁၇ ဇူလိုင် ၁၃ ရက်မှာ ထိုက်ထိုက်တစ်ယောက် ရင်သွေး ကလေးကို မွေးဖွားခဲ့ပါသည်။ ရင် သွေးလေးမှာ သားယောကျ်ားလေးဖြစ်သည်။ ဆရာမတွေက သားကလေးကို ယူလာပြတော့ ထိုက်ထိုက် ဝမ်းနည်းဝမ်းသာ မျက်ရည်ကျခဲ့ရသည်။

ဝမ်းသာသည်က သူ့ရင်သွေး ကလေး ချောချောမောမော မွေး နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ဝမ်းနည်း သည်ကတော့ သူ့ဘေးနားတွင် မိသားစုအရင်းအချာများ တစ် ယောက်မှမရှိခဲ့ခြင်းကြောင့် ဖြစ် လေသည်။ ထိုက်ထိုက် ကွယ်လွန် သွားပြီဖြစ်သည့် မိခင်ကို သတိရ စေသည်။ ယောကျ်ားလိုဝတ်ဆင် တိုင်း၊ ပြောဆိုတိုင်း ဆိုဆုံးမနေကျအဖေ့ကို သတိရသည်။ သူ၏ အစ်မဖြစ်သူကို သတိရသည်။ နောက် ပြီး.. နောက်တစ်ယောက်ကိုတော့ ထိုက်ထိုက် ရင်နာနာနှင့်ပင် သတိ ရခဲ့လေသည်။

မွေးပြီး ၁၃ ရက်အကြာတွင် တော့ ထိုက်ထိုက် ကိုယ့်မြို့ကိုယ့် ဒေသဆီ ပြန်လာခဲ့ပါသည်။ ကိုစိုး ထိုက်တို့ကလည်း အိမ်အထိ လိုက်ပို့ခဲ့ကြသည်။ ကလေးမွေးပြီးစဖြစ် ၍ သားကလေးကလည်း ငယ်သေးသည်မို့ အရင်လို ဘုန်းကြီးကျောင်း ဝင်းထဲ သွားမနေတော့ဘဲ အစ်မ ကြီးအိမ်တွင်သာ ခေတ္တခိုလှုံနေခဲ့ သည်။ အိမ်ပြန်ရောက်ပြီး မကြာ မီတော့ သားအမိနှစ်ယောက် ဝမ်း ရေးအတွက် ထိုက်ထိုက် အလုပ် တွေ ပြန်လုပ်ပါသည်။

ဈေးထဲမှာ ကုန်စိမ်းသွား ရောင်းလျှင်လည်း သားကလေးကိုခေါ်သွားသည်။ အခြားကောက် စိုက်ပျိုးနုတ်ဆိုလျှင်လည်း သား ကလေးကို ချီပိုးသွားသည်။ သား ကလေးကို ထိုက်ထိုက် မျက်ကွယ် ရာမှာ မထားခဲ့နိုင်။ သားကလည်း သားပေပဲ။ မအေဖြစ်သူကိုမြင်ရုံ ဖြင့် မျက်နှာပြုံးရွှင်ကာ သူ့ကိုချီ ရန် လက်ကမ်းသည်။ မျက်နှာက လည်း အမြဲတမ်းပြုံးရွှင်နေသည်။ ဂျီကျတာ ဂျစ်တိုက်တာမျိုးလည်း မရှိ။ အိပ်ပြီဆိုလျှင်လည်း တစ်ချိုး တည်း။ သို့သော် ထိုက်ထိုက် စိတ် ပူမိတာတွေရှိသေးသည်။ သား ကလေးသည် ဘဝတစ်လျှောက် လုံး ဖအေမပေါ်ဘဲ မွေးလာသည့် ကလေးအဖြစ် အများက သိထား သည့်အတွက် အနှိမ်ခံရမှာ စိုးခြင်း ဖြစ်သည်။ ဥပဓိရုပ်ကလေးတည် ကြည်သန့်စင်သော သားကလေး အား ဘာအစွန်းအထင်းမျှ ထိုက် ထိုက် မရစေလိုပါ။ တကယ်တော့ သားကလေးတွင် ဘာဆိုဘာအပြစ်မှ မရှိပါ။ မိန်းမသားတစ် ယောက် မသောက်သင့်သည့် အ ရက်သေစာသောက်စားမိ၍ တစ် ပါးသူ အနိုင်ကျင့်ခံရသောကြောင့် အပြစ်တင်ချင်လျှင် ထိုက်ထိုက်ကို သာ အပြစ်တင်ပါဟု ထိုက်ထိုက် က သားကလေးကို လှမ်းကြည့် ရင်း ဆိုပါသည်။

ထိုက်ထိုက် သားကလေး အား မွေးစားလို၍ တောင်းယူသူ တွေရှိပါသည်။ သို့သော် ထိုက် ထိုက် လုံးဝပေးဖို့ ငြင်းဆန်ခဲ့သည်။ သားကလေးသည် ထိုက်ထိုက်၏ အသက်။ သားကလေးသည် ထိုက်ထိုက်၏ ဘဝ။ ထိုက်ထိုက်ဆုံးဖြတ် ထားသည်က ထိုက်ထိုက် အသက် မသေမချင်း သားကလေး လူတန်း စေ့နေနိုင်အောင် ကြိုးစားရှာဖွေ မည်။ သားကလေးမျက်နှာမငယ် အောင် ဖအေလိုတစ််မျိုး၊ မအေလိုတသွယ် စောင့်ရှောက်မည်။ နောက်ပြီး သားကလေးအရွယ် ရောက်လာလျှင် တန်ဖိုးရှိသော ယောကျ်ားသားတစ်ဦးဖြစ်အောင်၊ မိန်းကလေးများအား နှမသားချင်း စာနာတတ်သော ယောကျ်ားတစ် ဦးဖြစ်အောင် ပြုစုပျိုးထောင်မည် ဟု ထိုက်ထိုက် ရည်မှန်းထား သည်။

ထိုက်ထိုက်ကတော့ သူ့အ သက်ခန္ဓာ တည်မြဲနေသရွေ့ သား ငယ်လေးအတွက် အားအင်တွေ ပြည့်ဖြိုးနေပုံရသည်။ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် သားငယ် လေးကိုကြည့်ရင်း ရွှန်းမြသော မျက်နှာဖြင့် ပြုံးကြည့်နေပါသည်။ သားငယ်လေးကတော့ စောင်အ နွေးဓာတ်ရော မိခင်ဖြစ်သူ ထိုက် ထိုက်၏ မိခင်မေတ္တာဖြင့်ပါ နွေး ထွေးစွာ အိပ်စက်၍ ကောင်းနေ ဆဲ… ။ ။

Credit – 7 Day Daily

Comments