ေဖ့စ္ဘုတ္ မရွိတဲ့ ႏုိင္ငံ.....



တရုတ္ႏုိင္ငံဟာ ကမာၻေပၚမွာ ခရီးသြားဧည့္သည္ အလာမ်ားဆုံး ႏုိင္ငံေတြထဲမွာ ပဥၥမ ေျမာက္ႏုိင္ငံ အျဖစ္ရပ္တည္ေနပါတယ္။ တစ္ခ်ိန္တုန္းက ဆန္ အတြက္ နဲ႔ လူ႔အသက္ေပါင္းမ်ားစြာ စေတးခဲ့ေပမယ့္ အခု အခ်ိန္မွာေတာ့ ကမာၻ႔အင္အားအႀကီးဆုံး ႏုိင္ငံေတြထဲမွာ တတိယေျမာက္ႏုိင္ငံအျဖစ္ ရပ္တည္လုိ႔ ေနႏုိင္ခဲ့ပါၿပီ။

တရုတ္ႏုိင္ငံေရာက္ရင္ အမ်ဳိးသားအားလပ္ရက္ေတြမွာ ဘယ္ေတာ့မွ ခရီးထြက္ဖုိ႔ မႀကိဳးစားပါနဲ႔။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတုိ႔ ဟာ အားလပ္ခ်ိန္ ဆုိတာကုိ ၾကားဖူးၾကပါ့မလား လုိ႔ သံသယျဖစ္မိလုိ႔ပါပဲ။

တရုတ္ေတြဟာ အလုပ္ႀကိဳးစားၿပီး ေန႔စဥ္ေန႔တုိင္း ကုိ ရုံးတက္ရက္လုိကုိ သေဘာထားကာ အလုပ္လုပ္တဲ့အတြက္ အစုိးရ က တရား၀င္ အလုပ္ပိတ္လုိက္တဲ့ ေန႔ဆုိရင္ ရထားတဲြေတြမွာ လူေတြ မတရားျပည့္က်ပ္ေနတတ္လုိ႔ပဲ ျဖစ္ပါတယ္။

တစ္ခါတရံမွာ လူေတြ ၾကပ္လြန္းတဲ့အတြက္ ႏုလုံးေရာဂါ ျဖစ္ေတာ့မလားလုိ႔ စုိးရိမ္ရလြန္းတဲ့အထိ လူပင္လယ္ႀကီးကုိ အားလပ္ရက္မွာ ေတြ႔ႏုိင္ပါတယ္။

အဲဒီ ရက္ေတြအတြင္းမွာ ခရီးသြားမိရင္ တရုတ္ႏုိင္ငံရဲ႕ တကယ္လွပတဲ့ ရႈခင္းေတြကုိ ျမင္ေတြ႔ရဖုိ႔ အာမ မခံႏုိင္ပါဘူး ။ ဒါေၾကာင့္ ခရီးသြားဖုိ႔ စီစဥ္ထားတဲ့ ရက္စဲြေတြ ရွိရင္ အမ်ဳိးသားအားလပ္ရက္ ေတြနဲ႔ တုိက္ဆုိင္ေနပါက ျပန္လည္ အစားထုိး ၿပီး ခရီးစဥ္ေရးဆဲြဖုိ႔ အႀကံေပးလုိက္ခ်င္ပါတယ္။

ႏွစ္စဥ္ႏွစ္တုိင္း ရဲ႕ ေမ လ ၁ ရက္ နဲ႔ ေအာက္တုိဘာ ပထမပတ္ေတြမွာ သူတုိ႔ရဲ႕ အမ်ဳိးသား အားလပ္ရက္ေတြ ရွိတတ္ပါတယ္။

လ တစ္လ ရဲ႕ အစပုိင္းေတြမွာ ရထားလက္မွတ္ ရယူထားမယ္ဆုိရင္ေတာ့ သိပ္ကုိေကာင္းမြန္တဲ့ ခရီးစဥ္ ကုိ ေတြ႔ရႏုိင္ပါတယ္။ ရထားလက္မွတ္မွာ ျခားနားခ်က္ေတြ အနည္းငယ္ ရွိေနပါတယ္။

အထူးသျဖင့္ ပထမတန္း စား လက္မွတ္ နဲ႔ ဒုတိယတန္းစား လက္မွတ္ ဟာ နည္းနည္း ကြာျခားပါတယ္။ ပထမတန္းစား လက္မွတ္မွာ သင့္ကုိ အေညာင္းေျပအညာေျပ နင္းႏွိပ္ေပးမယ့္ ၀န္ထမ္းေကာင္မေလးေတြ ရဲ႕ အျပဳအစု အယုအယ ေတြ ကုိပါ ရရွိႏုိင္ပါတယ္။

မျဖစ္မေန ခရီးထြက္ဖုိ႔ လုိအပ္လာၿပီ ဆုိရင္ေတာ့ ရထားလက္မွတ္ ၀ယ္လုိက္ပါ။ သုိ႔ေပမယ့္ ထုိင္ခုံရဖုိ႔ေတာ့ အာမခံခ်က္ ရွိမွာ မဟုတ္ပါဘူး ။ အဲဒီအတြက္ ၾကမ္းျပင္မွာ နာရီေပါင္းမ်ားစြာ ထုိင္ရဖုိ႔ ရွိေနပါတယ္။

ေနာက္ထပ္အေရးျကီးတဲ့အရာကေတာ့ ကုိယ့္ရဲ႕ ရထား၊ ရထားလက္မွတ္ ၊ ပတ္စပုိ႔နံပါတ္ နဲ႔ ပတ္စပုိ႔ေတြ အားလုံးကုိ ဘူတာရုံမွာ ရွိတဲ့ လုံျခဳံေရး ခန္းမွာ တင္ႀကိဳရုိက္ႏွိပ္ ထည့္ထားသင့္ပါတယ္။

အဲဒါဆုိရင္ ဘူတာရုံ၀န္ထမ္းေတြနဲ႔ တျခား ၀န္ထမ္းေတြက အျမဲတမ္းေစာင့္ၾကည့္ေပးေနမွာ ျဖစ္ၿပီး ခရီးစဥ္အားလုံး လြယ္ကူ ေခ်ာေမြ႔တဲ့အထိ ကူညီေပးမွာ ျဖစ္ပါတယ္။

တကယ္လုိ႔ အိပ္ရင္း နဲ႔ ခရီးကုိ သက္ေတာင့္သက္သာ လုိက္ပါသြားခ်င္ရင္ေတာ့ ကုိယ့္ရဲ႕ ပတ္စပုိ႔နံပါတ္ကုိ ရုိက္ထည့္ထားႏုိင္ပါတယ္။ အဲဒီအခါမွာ ဘူတာခရီးစဥ္ေက်ာ္သြားျခင္း၊ နဲ႔ တျခား အခက္အခဲေတြ မျဖစ္ႏုိင္ေတာ့ပဲ အိပ္ရင္း ခရီးသြားလုိသူေတြအတြက္လည္း သီးသန္႔ စီစဥ္ထားရွိေပးပါတယ္။

တရုတ္ႏုိင္ငံကုိ ေအာင္ျမင္ေစတဲ့ အခ်က္မွာ သယ္ယူပုိ႔ေဆာင္ေရးကလညး္ အလြန္အေရးပါတဲ့ အခန္းက႑တစ္ခု ျဖစ္ခဲ့ၿပီး ခရီးသည္တစ္ေယာက္ဟာ ဘယ္လုိေနရာမ်ဳိးမွာ မဆုိ လုိင္းကားတစ္စီး ကုိ ရရွိ စီးနင္းႏုိင္ပါတယ္။



ရွန္ဟုိင္းလုိေနရာမွာ ည ၁၀း၃၀ မွာမွ ရထားဆုိက္တယ္ ဆုိရင္လည္း ေျမေပၚကုိ တက္လုိက္တာ နဲ႔ ေစ်းႏႈနး္သက္သာတဲ့ တကၠစီ တစ္စီးကုိ ေတြ႔ရွိပါလိမ့္မယ္။ တကၠစီေတြ ဟာ ေန႔ျဖစ္ျဖစ္ ၊ ညျဖစ္ျဖစ္ အခေၾကးေငြ တေျပးညီတည္းသာ ေတာင္းခံပါတယ္။

တကၠစီနဲ႔ပဲ ခရီးသြားသြား ၊ ရထားပဲ စီးစီး ၊ ေလယာဥ္ပဲ စီးစီး ၊ စားေသာက္ဆုိင္ပဲ ၀င္၀င္၊ ဟုိတယ္ပဲ တက္တက္ ၊ ျပဇာတ္ရုံပဲ သြားသြား၊ တရုတ္မွာ ဘယ္ေတာ့မွ ရွိမွာ မဟုတ္တဲ့ ကိစၥကေတာ့ “ Tips Money “ ေတာင္းခံတာပါပဲ။

တကယ္ပါပဲ ..တရုတ္ႏုိင္ငံမွာ Tips ေတာင္းခံမႈကုိ တားျမစ္ထားၿပီး အပုိထြက္ေငြ ကုိ က်ခံစရာ အေၾကာင္းရင္း ဘယ္ေတာ့မွ မရွိပါ။

တကယ္လုိ႔ တရုတ္က မိတ္ေဆြေတြက ညစာ ဒါမွမဟုတ္ ေန႔လယ္စာ စားဖုိ႔ ဖိတ္ၾကားလုိက္ၿပီဆုိပါက သူတုိ႔ဟာ ကုိယ္ စားသမွ်ကုိ အကုန္ရွင္းဖုိ႔ ေသခ်ာပါတယ္။

တကယ္လုိ႔ ကုိယ္ကလည္း မွ်ေ၀က်ခံခ်င္ရင္ေတာ့ (သူတုိ႔႕ လက္ခံမွာ မဟုတ္သလုိ) အဲဒီ ဆုိင္မွာ မျဖစ္ႏုိင္ပဲ သူတုိ႔ကုိ တဖန္ ျပန္လည္ ေခၚထုတ္ရပါလိမ့္မယ္။ ဒါဟာ သူတုိ႔တည္ေဆာက္ထားတဲ့ ယဥ္ေက်းမႈ စည္းမ်ဥ္းတစ္ခု ျဖစ္ၿပီး ထုံးတမ္းစဥ္လာ တစ္ခု လုိေတာင္ ျဖစ္ေနပါၿပီ။

တရုတ္ႏုိင္ငံမွာ အဂၤလိပ္စကား မေျပာဆုိပါ။ အထူးသျဖင့္ ဟုိတယ္၊ စားေသာက္ဆုိင္ နဲ႔ ထင္ရွားတဲ့ေနရာေတြမွာ အဂ္လိပ္စကားကုိ မသုံးစဲြပါဘူး ။

တကယ္လုိ႔ အခက္အခဲ ရွိရင္ေတာ့ body language ကုိသာ ေျပာဆုိမွာ ျဖစ္ၿပီး အဲဒီထက္ပုိၿပီး လုိအပ္လာမယ္ ဆုိရင္ေတာ့ ကုိယ့္ဖုန္းထဲကုိ ဘာသာျပန္ ေဆာ့ဖ္၀ဲလ္ တစ္ခု ကုိ insall လုပ္ဖုိ႔ တုိက္တြန္းခံရပါလိမ့္မယ္။

ဒါေၾကာင့္ တရုတ္ႏုိင္ငံကုိ သြားမယ္ဆုိရင္ မျဖစ္မေန တရုတ္စကား တတ္ဖုိ႔ လုိအပ္လာပါတယ္။ကမာၻေပၚမွာ ေဖ့စ္ဘုတ္ မရွိတဲ့ ႏုိင္ငံေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။

တခ်ဳိ႕ႏုိင္ငံေတြကေတာ့ ဖြံ႔ျဖိဳးမႈ အနည္းဆုံး အေနအထားမုိ႔လုိ႔ အင္တာနက္ေတာင္မွ Government ေလာက္မွာသာ သုံးစဲြၾကၿပီး ျပည္သူေတြကုိယ္တုိင္ အင္တာနက္ကုိ မသိရွိၾကတဲ့ ႏုိင္ငံေတြရွိသလုိ တခ်ဳိ႕ကေတာ့ တုိးတက္ပါလ်က္နဲ႔ တမင္ကုိ ေပၚလစီပုိင္းအရ မသုံးစဲြတဲ့ ႏုိင္ငံေတြပဲ ျဖစ္ပါတယ္။

ရုရွ မွာ ေဖ့စ္ဘုတ္ မရွိပါဘူး ။ ေဖ့စ္ဘုတ္ အစား VK ဆုိတဲ့ ဆုိရွယ္နက္၀က္သာ ရွိပါတယ္။ အဲဒီလုိပါပဲ တရုတ္မွာလည္း ေ့ဖစ္ဘုတ္ မရွိပါဘူး ။ ေဖ့စ္ဘုတ္အစား Weibo ဆုိတဲ့ လူမႈကြန္ယက္ သာ ရွိပါတယ္။

အဲဒီ ကြန္ယက္ ကို အစုိးရ က ထိန္းေက်ာင္းထားတဲ့အတြက္ အမႈအခင္း တစ္စုံတရာ ရွိပါက ခ်က္ခ်င္းကုိ သိရွိအေရးယူႏုိင္စြမ္း ရွိပါတယ္။ ေဖ့စ္ဘုတ္ မထားတဲ့အတြက္ အားသာခ်က္ က တရုတ္အစုိးရ ဟာ ျပည္သူ ျပည္သားတုိင္းကုိ ေစာင့္ၾကည့္ႏုိင္ၿပီး အားနည္းခ်က္ကေတာ့ ျပည္သူ၊ျပည္သားေတြ ရဲ႕ လြတ္လြပ္ခြင့္ မရွိေတာ့တာပါပဲ။

ဒါေပမယ့္ ဒါကုိလည္း အုပ္ခ်ဳပ္သူေတြက ျပန္လည္ ေတြးတာထားပါတယ္ ေဖ့စ္ဘုတ္ သုံးစဲြခြင့္မရွိေပမယ့္ တျခား ဆားဗစ္ေတြျဖစ္တဲ့ Google , YouTube စတဲ့ ကြန္ယက္ေတြ အမ်ားအျပား ရွိပါတယ္။

တရုတ္ႏုိင္ငံဟာ ကမာၻလွည့္ခရီးသည္ေတြကုိ ႀကိဳဆုိတယ္ ဆုိေပမယ့္ အထုိက္အေလ်ာက္ စည္းကမ္းထားရွိပါတယ္။ အဲဒီစည္းကမ္းကုိ ဟုိတယ္ေတြမွာ ေတြ႔ရွိႏုိင္ပါတယ္။

တခ်ဳိ႕ဟုိတယ္ေတြမွာ ႏုိင္ငံျခားသား ခရီးသြားေတြကုိ လုံး၀ တည္းခုိခြင့္မျပဳတဲ့ ဟုိတယ္ေတြ ရွိၿပီး အဲဒီ ဟုိတယ္ေတြရဲ႕ ေရွ႔မွာ “Only for citizens of mainland China.” လုိ႔ ေရးထားတာ ေတြ႔ရွိႏုိင္ပါတယ္။

ေနာက္ထပ္ ေကာင္းတဲ့ အခ်က္တစ္ခု ကေတာ့ ေနရာတကာ မွာ ခ်က္ခ်င္း ရယူႏုိင္တဲ့ “ေရေႏြး” ခုံေတြကုိ ေတြ႔ႏုိင္ပါတယ္။ ေရပူ၊ ေရေႏြးကုိ အခ်ိန္မေရြး ရရွိႏုိင္ၿပီး ပန္းျခံ၊ မီးရထားဘူတာရုံ၊ စားေသာက္ဆုိင္ ၊ ေလဆိ စတဲ့ အမ်ားျပည္သူ နဲ႔ သက္ဆုိင္တဲ့ေနရာမွန္သမွ် မွာ ေရပူ စနစ ္ကုိ ထားရွိေပးပါတယ္။

တရုတ္ႏုိင္ငံဟာ ေခါက္ဆဲြကုိ အဓိက ထား စားသုံးတဲ့ႏုိင္ငံျဖစ္တဲ့အတြက္ ဗုိက္ဆာပါက အလြယ္တကူ စားေသာက္ႏုိင္သလုိ ေအးစိမ့္ေနတဲ့ ေနရာေဒသမွာလည္း ေရေႏြးၾကမ္းပူပူေလး ကုိ အလြယ္တကူ ေသာက္ႏုိင္ေအာင္ စီစဥ္ေပးထားတာ ျဖစ္ပါတယ္။

တရုတ္လူမ်ဳိးေတြဟာ အလြန္ေဖာ္ေရြပါတယ္။ ျပသာနာ က တစ္ခု ပဲ ရွိပါတယ္။ ကုိယ္သြားခ်င္တဲ့ေနရာကို အလြယ္တကူ သြားဖုိ႔ေတာ့ တုိင္ပတ္ေနေလ့ရွိပါတယ္။

ဘာလုိ႔လဲ ဆုိေတာ့ ႏုိင္ငံတကာ ဘာသာစကား ျဖစ္တဲ့ အဂၤလိပ္ဘာသာစကားကုိ တရုတ္ လူမ်ဳိး ၈၀ ရာခုိင္ႏႈန္း က မတတ္ကၽြမ္းၾကတဲ့အတြက္ အလြယ္တကူ လမ္းညႊန္ျပေပးႏုိင္ျခင္း မရွိပါဘူး။ ကူညီလုိစိတ္ ရွိေပမယ့္ သူတုိ႔ကုိယ္တုိင္ ဟာ ခရီးသြားဟန္လႊဲ အဂၤလိပ္စကားကုိေတာင္ မသိရွိၾကတဲ့အတြက္ လမ္းညႊန္ App ကုိသာ ညႊန္ျပေပးပါလိမ့္မယ္။

Credit:Cantwait2say

================

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရီးသွားဧည့်သည် အလာများဆုံး နိုင်ငံတွေထဲမှာ ပဥ္စမ မြောက်နိုင်ငံ အဖြစ်ရပ်တည်နေပါတယ်။ တစ်ချိန်တုန်းက ဆန် အတွက် နဲ့ လူ့အသက်ပေါင်းများစွာ စတေးခဲ့ပေမယ့် အခု အချိန်မှာတော့ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတွေထဲမှာ တတိယမြောက်နိုင်ငံအဖြစ် ရပ်တည်လို့ နေနိုင်ခဲ့ပါပြီ။

တရုတ်နိုင်ငံရောက်ရင် အမျိုးသားအားလပ်ရက်တွေမှာ ဘယ်တော့မှ ခရီးထွက်ဖို့ မကြိုးစားပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဟာ အားလပ်ချိန် ဆိုတာကို ကြားဖူးကြပါ့မလား လို့ သံသယဖြစ်မိလို့ပါပဲ။

တရုတ်တွေဟာ အလုပ်ကြိုးစားပြီး နေ့စဉ်နေ့တိုင်း ကို ရုံးတက်ရက်လိုကို သဘောထားကာ အလုပ်လုပ်တဲ့အတွက် အစိုးရ က တရားဝင် အလုပ်ပိတ်လိုက်တဲ့ နေ့ဆိုရင် ရထားတွဲတွေမှာ လူတွေ မတရားပြည့်ကျပ်နေတတ်လို့ပဲ ဖြစ်ပါတယ်။

တစ်ခါတရံမှာ လူတွေ ကြပ်လွန်းတဲ့အတွက် နုလုံးရောဂါ ဖြစ်တော့မလားလို့ စိုးရိမ်ရလွန်းတဲ့အထိ လူပင်လယ်ကြီးကို အားလပ်ရက်မှာ တွေ့နိုင်ပါတယ်။

အဲဒီ ရက်တွေအတွင်းမှာ ခရီးသွားမိရင် တရုတ်နိုင်ငံရဲ့ တကယ်လှပတဲ့ ရှုခင်းတွေကို မြင်တွေ့ရဖို့ အာမ မခံနိုင်ပါဘူး ။ ဒါကြောင့် ခရီးသွားဖို့ စီစဉ်ထားတဲ့ ရက်စွဲတွေ ရှိရင် အမျိုးသားအားလပ်ရက် တွေနဲ့ တိုက်ဆိုင်နေပါက ပြန်လည် အစားထိုး ပြီး ခရီးစဉ်ရေးဆွဲဖို့ အကြံပေးလိုက်ချင်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ရဲ့ မေ လ ၁ ရက် နဲ့ အောက်တိုဘာ ပထမပတ်တွေမှာ သူတို့ရဲ့ အမျိုးသား အားလပ်ရက်တွေ ရှိတတ်ပါတယ်။

လ တစ်လ ရဲ့ အစပိုင်းတွေမှာ ရထားလက်မှတ် ရယူထားမယ်ဆိုရင်တော့ သိပ်ကိုကောင်းမွန်တဲ့ ခရီးစဉ် ကို တွေ့ရနိုင်ပါတယ်။ ရထားလက်မှတ်မှာ ခြားနားချက်တွေ အနည်းငယ် ရှိနေပါတယ်။

အထူးသဖြင့် ပထမတန်း စား လက်မှတ် နဲ့ ဒုတိယတန်းစား လက်မှတ် ဟာ နည်းနည်း ကွာခြားပါတယ်။ ပထမတန်းစား လက်မှတ်မှာ သင့်ကို အညောင်းပြေအညာပြေ နင်းနှိပ်ပေးမယ့် ဝန်ထမ်းကောင်မလေးတွေ ရဲ့ အပြုအစု အယုအယ တွေ ကိုပါ ရရှိနိုင်ပါတယ်။

မဖြစ်မနေ ခရီးထွက်ဖို့ လိုအပ်လာပြီ ဆိုရင်တော့ ရထားလက်မှတ် ဝယ်လိုက်ပါ။ သို့ပေမယ့် ထိုင်ခုံရဖို့တော့ အာမခံချက် ရှိမှာ မဟုတ်ပါဘူး ။ အဲဒီအတွက် ကြမ်းပြင်မှာ နာရီပေါင်းများစွာ ထိုင်ရဖို့ ရှိနေပါတယ်။

နောက်ထပ်အရေးကြီးတဲ့အရာကတော့ ကိုယ့်ရဲ့ ရထား၊ ရထားလက်မှတ် ၊ ပတ်စပို့နံပါတ် နဲ့ ပတ်စပို့တွေ အားလုံးကို ဘူတာရုံမှာ ရှိတဲ့ လုံခြုံရေး ခန်းမှာ တင်ကြိုရိုက်နှိပ် ထည့်ထားသင့်ပါတယ်။

အဲဒါဆိုရင် ဘူတာရုံဝန်ထမ်းတွေနဲ့ တခြား ဝန်ထမ်းတွေက အမြဲတမ်းစောင့်ကြည့်ပေးနေမှာ ဖြစ်ပြီး ခရီးစဉ်အားလုံး လွယ်ကူ ချောမွေ့တဲ့အထိ ကူညီပေးမှာ ဖြစ်ပါတယ်။

တကယ်လို့ အိပ်ရင်း နဲ့ ခရီးကို သက်တောင့်သက်သာ လိုက်ပါသွားချင်ရင်တော့ ကိုယ့်ရဲ့ ပတ်စပို့နံပါတ်ကို ရိုက်ထည့်ထားနိုင်ပါတယ်။ အဲဒီအခါမှာ ဘူတာခရီးစဉ်ကျော်သွားခြင်း၊ နဲ့ တခြား အခက်အခဲတွေ မဖြစ်နိုင်တော့ပဲ အိပ်ရင်း ခရီးသွားလိုသူတွေအတွက်လည်း သီးသန့် စီစဉ်ထားရှိပေးပါတယ်။

တရုတ်နိုင်ငံကို အောင်မြင်စေတဲ့ အချက်မှာ သယ်ယူပို့ဆောင်ရေးကလညး် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ခဲ့ပြီး ခရီးသည်တစ်ယောက်ဟာ ဘယ်လိုနေရာမျိုးမှာ မဆို လိုင်းကားတစ်စီး ကို ရရှိ စီးနင်းနိုင်ပါတယ်။

ရှန်ဟိုင်းလိုနေရာမှာ ည ၁ဝး၃၀ မှာမှ ရထားဆိုက်တယ် ဆိုရင်လည်း မြေပေါ်ကို တက်လိုက်တာ နဲ့ စျေးနှုနး်သက်သာတဲ့ တက္ကစီ တစ်စီးကို တွေ့ရှိပါလိမ့်မယ်။ တက္ကစီတွေ ဟာ နေ့ဖြစ်ဖြစ် ၊ ညဖြစ်ဖြစ် အခကြေးငွေ တပြေးညီတည်းသာ တောင်းခံပါတယ်။

တက္ကစီနဲ့ပဲ ခရီးသွားသွား ၊ ရထားပဲ စီးစီး ၊ လေယာဉ်ပဲ စီးစီး ၊ စားသောက်ဆိုင်ပဲ ဝင်ဝင်၊ ဟိုတယ်ပဲ တက်တက် ၊ ပြဇာတ်ရုံပဲ သွားသွား၊ တရုတ်မှာ ဘယ်တော့မှ ရှိမှာ မဟုတ်တဲ့ ကိစ္စကတော့ “ Tips Money “ တောင်းခံတာပါပဲ။

တကယ်ပါပဲ ..တရုတ်နိုင်ငံမှာ Tips တောင်းခံမှုကို တားမြစ်ထားပြီး အပိုထွက်ငွေ ကို ကျခံစရာ အကြောင်းရင်း ဘယ်တော့မှ မရှိပါ။

တကယ်လို့ တရုတ်က မိတ်ဆွေတွေက ညစာ ဒါမှမဟုတ် နေ့လယ်စာ စားဖို့ ဖိတ်ကြားလိုက်ပြီဆိုပါက သူတို့ဟာ ကိုယ် စားသမျှကို အကုန်ရှင်းဖို့ သေချာပါတယ်။

တကယ်လို့ ကိုယ်ကလည်း မျှဝေကျခံချင်ရင်တော့ (သူတို့့ လက်ခံမှာ မဟုတ်သလို) အဲဒီ ဆိုင်မှာ မဖြစ်နိုင်ပဲ သူတို့ကို တဖန် ပြန်လည် ခေါ်ထုတ်ရပါလိမ့်မယ်။ ဒါဟာ သူတို့တည်ဆောက်ထားတဲ့ ယဉ်ကျေးမှု စည်းမျဉ်းတစ်ခု ဖြစ်ပြီး ထုံးတမ်းစဉ်လာ တစ်ခု လိုတောင် ဖြစ်နေပါပြီ။

တရုတ်နိုင်ငံမှာ အင်္ဂလိပ်စကား မပြောဆိုပါ။ အထူးသဖြင့် ဟိုတယ်၊ စားသောက်ဆိုင် နဲ့ ထင်ရှားတဲ့နေရာတွေမှာ အဂ်လိပ်စကားကို မသုံးစွဲပါဘူး ။

တကယ်လို့ အခက်အခဲ ရှိရင်တော့ body language ကိုသာ ပြောဆိုမှာ ဖြစ်ပြီး အဲဒီထက်ပိုပြီး လိုအပ်လာမယ် ဆိုရင်တော့ ကိုယ့်ဖုန်းထဲကို ဘာသာပြန် ဆော့ဖ်ဝဲလ် တစ်ခု ကို insall လုပ်ဖို့ တိုက်တွန်းခံရပါလိမ့်မယ်။

ဒါကြောင့် တရုတ်နိုင်ငံကို သွားမယ်ဆိုရင် မဖြစ်မနေ တရုတ်စကား တတ်ဖို့ လိုအပ်လာပါတယ်။ကမ္ဘာပေါ်မှာ ဖေ့စ်ဘုတ် မရှိတဲ့ နိုင်ငံတော်တော်များများ ရှိပါတယ်။

တချို့နိုင်ငံတွေကတော့ ဖွံ့ဖြိုးမှု အနည်းဆုံး အနေအထားမို့လို့ အင်တာနက်တောင်မှ Government လောက်မှာသာ သုံးစွဲကြပြီး ပြည်သူတွေကိုယ်တိုင် အင်တာနက်ကို မသိရှိကြတဲ့ နိုင်ငံတွေရှိသလို တချို့ကတော့ တိုးတက်ပါလျက်နဲ့ တမင်ကို ပေါ်လစီပိုင်းအရ မသုံးစွဲတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

ရုရှ မှာ ဖေ့စ်ဘုတ် မရှိပါဘူး ။ ဖေ့စ်ဘုတ် အစား VK ဆိုတဲ့ ဆိုရှယ်နက်ဝက်သာ ရှိပါတယ်။ အဲဒီလိုပါပဲ တရုတ်မှာလည်း ေ့ဖစ်ဘုတ် မရှိပါဘူး ။ ဖေ့စ်ဘုတ်အစား Weibo ဆိုတဲ့ လူမှုကွန်ယက် သာ ရှိပါတယ်။

အဲဒီ ကွန်ယက် ကို အစိုးရ က ထိန်းကျောင်းထားတဲ့အတွက် အမှုအခင်း တစ်စုံတရာ ရှိပါက ချက်ချင်းကို သိရှိအရေးယူနိုင်စွမ်း ရှိပါတယ်။ ဖေ့စ်ဘုတ် မထားတဲ့အတွက် အားသာချက် က တရုတ်အစိုးရ ဟာ ပြည်သူ ပြည်သားတိုင်းကို စောင့်ကြည့်နိုင်ပြီး အားနည်းချက်ကတော့ ပြည်သူ၊ပြည်သားတွေ ရဲ့ လွတ်လွပ်ခွင့် မရှိတော့တာပါပဲ။

ဒါပေမယ့် ဒါကိုလည်း အုပ်ချုပ်သူတွေက ပြန်လည် တွေးတာထားပါတယ် ဖေ့စ်ဘုတ် သုံးစွဲခွင့်မရှိပေမယ့် တခြား ဆားဗစ်တွေဖြစ်တဲ့ Google , YouTube စတဲ့ ကွန်ယက်တွေ အများအပြား ရှိပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည်တွေကို ကြိုဆိုတယ် ဆိုပေမယ့် အထိုက်အလျောက် စည်းကမ်းထားရှိပါတယ်။ အဲဒီစည်းကမ်းကို ဟိုတယ်တွေမှာ တွေ့ရှိနိုင်ပါတယ်။

တချို့ဟိုတယ်တွေမှာ နိုင်ငံခြားသား ခရီးသွားတွေကို လုံးဝ တည်းခိုခွင့်မပြုတဲ့ ဟိုတယ်တွေ ရှိပြီး အဲဒီ ဟိုတယ်တွေရဲ့ ရှေ့မှာ “Only for citizens of mainland China.” လို့ ရေးထားတာ တွေ့ရှိနိုင်ပါတယ်။

နောက်ထပ် ကောင်းတဲ့ အချက်တစ်ခု ကတော့ နေရာတကာ မှာ ချက်ချင်း ရယူနိုင်တဲ့ “ရေနွေး” ခုံတွေကို တွေ့နိုင်ပါတယ်။ ရေပူ၊ ရေနွေးကို အချိန်မရွေး ရရှိနိုင်ပြီး ပန်းခြံ၊ မီးရထားဘူတာရုံ၊ စားသောက်ဆိုင် ၊ လေဆိ စတဲ့ အများပြည်သူ နဲ့ သက်ဆိုင်တဲ့နေရာမှန်သမျှ မှာ ရေပူ စနစ ်ကို ထားရှိပေးပါတယ်။

တရုတ်နိုင်ငံဟာ ခေါက်ဆွဲကို အဓိက ထား စားသုံးတဲ့နိုင်ငံဖြစ်တဲ့အတွက် ဗိုက်ဆာပါက အလွယ်တကူ စားသောက်နိုင်သလို အေးစိမ့်နေတဲ့ နေရာဒေသမှာလည်း ရေနွေးကြမ်းပူပူလေး ကို အလွယ်တကူ သောက်နိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

တရုတ်လူမျိုးတွေဟာ အလွန်ဖော်ရွေပါတယ်။ ပြသာနာ က တစ်ခု ပဲ ရှိပါတယ်။ ကိုယ်သွားချင်တဲ့နေရာကို အလွယ်တကူ သွားဖို့တော့ တိုင်ပတ်နေလေ့ရှိပါတယ်။

ဘာလို့လဲ ဆိုတော့ နိုင်ငံတကာ ဘာသာစကား ဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို တရုတ် လူမျိုး ၈၀ ရာခိုင်နှုန်း က မတတ်ကျွမ်းကြတဲ့အတွက် အလွယ်တကူ လမ်းညွှန်ပြပေးနိုင်ခြင်း မရှိပါဘူး။ ကူညီလိုစိတ် ရှိပေမယ့် သူတို့ကိုယ်တိုင် ဟာ ခရီးသွားဟန်လွှဲ အင်္ဂလိပ်စကားကိုတောင် မသိရှိကြတဲ့အတွက် လမ်းညွှန် App ကိုသာ ညွှန်ပြပေးပါလိမ့်မယ်။

Credit:Cantwait2say

Comments