ဂူတြင္းကေလးမ်ား ၄ ရက္ေျမာက္ေန႔ စိုးရိမ္စရာ အေျခအေန....


ေနာက္ဆံုးသတင္းအေျခအေန ယခုထိရွာေဖြေနဆဲပါ
ရာသီဥတုအေျခအေနက ညကတည္းကရြာတဲ့မိုးဟာ ခုထိမစဲေသးပါဘူးဂူအတြင္းသို႕ဝင္သြားေသာကယ္ဆယ္ေရးအဖြဲ႕ေတြအတြက္ ေနာက္မွတဆင့္ ရိကၡာမ်ားဆက္တိုက္ပို႕ေဆာင္ေပးေနၿပီး ကေလးမ်ားကိုမေတြ႕မခ်င္း ႀကိဳးစားဆက္လက္ရွာေဖြသြားၾကမည္ျဖစ္ေၾကာင္းႏွင့္ ကေလးေတြအသက္ရွင္လွ်က္ရွိေနၾကေသးသည္ဟုေမွ်ာ္လင့္ေနၾကပါသည္..
စိုးရိမ္စရာအရြယ္ကေတာ့ အသက္ငယ္ဆံုးေဘာလံုးသမား (၁၁) ႏွစ္အရြယ္တစ္ဦးပါရွိသည္ ။
ဂူတြင္းေပ်ာက္ဆံုး ထိုင္းေက်ာင္းသားမ်ား ၄ ရက္ေျမာက္ေန႔ညအထိ ရွာမေတြ႔ေသး😢
ထိုင္း-ျမန္မာ နယ္စပ္ မယ္ဆိုင္ၿမိဳ႕အျပင္က ေတာ္ဝင္လႈိဏ္ဂူထဲဝင္သြားၿပီး ေပ်ာက္ဆံုးေနတဲ့ ထိုင္းေက်ာင္းသား ၁၂ ဦးနဲ႔ နည္းျပဆရာ တဦးတို႔ကို ႏိုင္ငံေတာ္အဆင့္ ရွာေဖြမႈေတြ တိုးျမင့္လုပ္ေဆာင္ေနေပမယ့္ ဇြန္လ ၂၆ ရက္ေန႔ ည ၁၂ နာရီအထိ အဆက္အသြယ္ မရရွိေသးပါဘူး။
လက္ရွိအခ်ိန္အထိ ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္းရိုင္ခရိုင္အတြင္းမွာ မိုးဆက္တိုက္ ရြာသြန္းေနပါတယ္။ ဒါေပမယ့္လည္း ဒီကေန႔ည အတြင္းမွာ ဂူထဲကေရေတြကို ေရစုပ္စက္ႀကီး ဆယ္လံုးနဲ႔ စုပ္ထုတ္သြားမယ္လို႔ ခ်င္းရိုင္ခရိုင္ အုပ္ခ်ဳပ္ေရးမႉးက ဆိုပါတယ္။ ဂူတြင္း မီးႀကိဳးေတြ သြယ္တန္းမႈကိုေတာ့ ခုခ်ိန္ထိ ေဆာင္ရြက္ေနၾကဆဲျဖစ္ပါတယ္။
နည္းျပနဲ႔ ေက်ာင္းသား ၁၃ ဦးကို ကယ္ဆယ္ႏိုင္ေရးအတြက္ ထိုင္းအစိုးရက ႏိုင္ငံေတာ္အဆင့္ သတ္မွတ္ေဆာင္ရြက္ေနၿပီး ၾကည္း၊ ေရ၊ ေလ တပ္မ်ားကို အင္အားတိုးခ်ဲ႕ၿပီး ရွာေဖြမႈေတြျပဳလုပ္ေနၿပီး ဒီကေန႔မြန္းလြဲပိုင္းမွာ အထူးကြန္မန္ဒိုတပ္ဖြဲ႔ဝင္ ၁၂ ဦးကို ထပ္မံအားျဖည့္ၿပီးေဆာင္ရြက္ခဲ့ပါတယ္။
အထူးကယ္ဆယ္ေရး တပ္ဖြဲ႔ေတြဟာ ဂူတြင္းလမ္းေၾကာင္းေတြက ေရေတြကို ျဖတ္ေက်ာ္ၿပီး ရွာေဖြမႈေတြ ျပဳလုပ္ခဲ့သလို ေဝဟင္ကေန ရဟတ္ယာဥ္နဲ႔ ဂူထြက္ေပါက္ေတြကို ရွာေဖြမႈျပဳလုပ္ခဲ့ပါတယ္။ တခ်ိန္တည္းမွာဘဲ ေျခလ်င္တပ္ေတြနဲ႔ သစ္ေတာ အဖြဲ႔ကလည္း ေျမျပင္ကေန ဂူလမ္းေၾကာင္းတေလွ်ာက္မွာ ေတာနင္း ရွာေဖြမႈေတြျပဳလုပ္ခဲ့ပါတယ္။
ေဒသခံ ထိုင္းအာဏာပိုင္ေတြကေတာ့ ကေလးေတြ အသက္ရွင္ေနဆဲျဖစ္တယ္လို႔ ယံုၾကည္ေနဆဲျဖစ္ၿပီး မနက္ျဖန္ မနက္ပိုင္းမွာ ဂူလမ္းေၾကာင္း ေတာင္ထိပ္ေပၚမွာ ရဟတ္ယာဥ္ေတြ ပ်ံသန္းၿပီး ဂူထဲကို ႀကိဳးနဲ႔ဆင္းဖို႔ ႀကိဳးပမ္းမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ဒီကေန႔ရွာေဖြမႈမွာေတာ့ ကေလးေတြ ခိုလႈံေနဖြယ္ရွိတယ္လို႔ ယူဆတဲ့ ဖက္ထရားသဲေသာင္ျပင္ဆိုတဲ့ ေနရာကို ကယ္ဆယ္ေရး အဖြဲ႔ေတြေရာက္ရွိခဲ့ေပမယ့္လည္း ကေလးေတြကို ေတြ႔ရွိခဲ့ျခင္းမရွိပါဘူး။
ဆရာဝန္ေတြကေတာ့ ဂူထဲက ေက်ာက္ဆြယ္ေတြကေန စိမ့္က်တဲ့ေရေတြဟာ ေသာက္သံုးႏိုင္တာေၾကာင့္ ကေလးေတြဟာ ေရဓာတ္ခန္းေျခာက္မႈဒဏ္ကို မခံစားရႏိုင္ဘူးလို႔ သံုးသပ္ၾကပါတယ္။ ေပ်ာက္ဆံုးကေလးေတြဟာ အားကစားသမားေတြ ျဖစ္တာေၾကာင့္ သာမန္ကေလးေတြထက္ ခံႏိုင္ရည္ရွိလိမ့္မယ္လို႔လည္းသံုးသပ္ထားၾကပါတယ္။
ဒါ့အျပင္ ဒီအထဲက ကေလးတဝက္ေလာက္ဟာ ဒီဂူထဲကို မၾကာခနေရာက္ရွိၿပီး အကၽြမ္းတဝင္ရွိခဲ့တာေၾကာင့္ သူတို႔ထဲက တခ်ဳိ႕ဟာ လမ္းေၾကာင္းေတြကို သိေနတယ္လို႔ ယူဆခ်က္ေတြလည္းရွိပါတယ္။ ရွာေဖြကယ္ဆယ္ေရးသမားေတြခန္႔မွန္းတဲ့ ေနရာေတြမွာ မရွိေတာ့တာဟာလည္း ကေလးေတြက လြတ္ေျမာက္ေရးအတြက္ ကိုယ္တိုင္ႀကိဳးပမ္းေနၾကတာလည္း ျဖစ္ႏိုင္တယ္လို႔ဆိုပါတယ္။
ဂူရဲ႕ အျပင္ဘက္မွာေတာ့ ကေလးမိဘေတြဟာ သားေတြျပန္လာႏိုင္မယ့္ ေမွ်ာ္လင့္ခ်က္နဲ႔ ေန႔တိုင္း လာေရာက္ ေစာင့္ဆိုင္း ေနၾကပါတယ္။ သားေဇာနဲ႔ မစားႏိုင္မအိပ္ႏိုင္ျဖစ္ၿပီး ေစာင့္ဆိုင္းခဲ့တဲ့အထဲက မိခင္တခ်ဳိ႕ဟာ ဒီကေန႔မွာေတာ့ ေဆးကုသယူရတဲ့ အထိျဖစ္ခဲ့ပါတယ္။
အာဏာပိုင္မ်ားဘက္က သဘာဝေဘးအႏၱရာယ္ အေျခအေနအရ ကယ္ဆယ္ေရးအတြက္ ပုံစံမ်ား ခ်မွတ္ ေဆာင္ရြက္ေနသလို ေဒသခံမ်ားကလည္း ကေလးေတြျပန္လည္ေတြ႔ရွိေရးအတြက္ ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္မ်ားကို ပူေဇာ္ပသမႈမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။
လိႈဏ္ဂူထဲဝင္ၿပီး ေပ်ာက္သြားတဲ့ အသက္ ၁၁ ႏွစ္ကေန ၁၆ ႏွစ္အရြယ္ထိ ေက်ာင္းသား ၁၂ ဦးနဲ႔ နည္းျပ ၁ ဦးဟာ ဇြန္လ ၂၃ ရက္ေန႔ မနက္ပိုင္းက မယ္ဆိုင္ၿမိဳ႕ေပၚမွာ ၉ နာရီကေန ၁၁ နာရီအထိ ေဘာလံုး ေလ့က်င့္မႈ ျပဳလုပ္ခဲ့ၿပီးေနာက္မွာေတာ့ လႈိဏ္ဂူကို သြားေရာက္လည္ပတ္ခဲ့တာ ျဖစ္တယ္လို႔သိရပါတယ္။
အဲဒီေက်ာင္းသားေတြနဲ႔ တသင္းထဲေဘာလံုး ကစားတဲ့ကေလးငယ္ တဦးကေတာ့ လိႈဏ္ဂူကို လိုက္မသြားဘဲ အိမ္ျပန္ခဲ့ပါတယ္။ သူ႔ေျပာျပခ်က္အရ သူေလ့က်င့္ခ်ိန္အၿပီးမွာ မိဘေတြ လာႀကိဳတာေၾကာင့္ လိုက္မသြားျဖစ္ဘဲ က်န္ရစ္ခဲ့ျဖစ္တယ္လို႔ ဆိုပါတယ္။
ေပ်ာက္ဆံုးေနသူေတြရဲ႕ စက္ဘီးေတြ၊ ေဘာလံုးကန္ ဖိနပ္ေတြထည့္ထားတဲ့အိတ္နဲ႔ ဖိနပ္ေတြကိုေတာ့ လႈိဏ္ဂူ အဝမွာဘဲေတြ႔ရပါတယ္။
သတင္း – ေက်ာ္ခ
နောက်ဆုံးသတင်းအခြေအနေ ယခုထိရှာဖွေနေဆဲပါ
ရာသီဥတုအခြေအနေက ညကတည်းကရွာတဲ့မိုးဟာ ခုထိမစဲသေးပါဘူးဂူအတွင်းသို့ဝင်သွားသောကယ်ဆယ်ရေးအဖွဲ့တွေအတွက် နောက်မှတဆင့် ရိက္ခာများဆက်တိုက်ပို့ဆောင်ပေးနေပြီး ကလေးများကိုမတွေ့မချင်း ကြိုးစားဆက်လက်ရှာဖွေသွားကြမည်ဖြစ်ကြောင်းနှင့် ကလေးတွေအသက်ရှင်လျှက်ရှိနေကြသေးသည်ဟုမျှော်လင့်နေကြပါသည်..
စိုးရိမ်စရာအရွယ်ကတော့ အသက်ငယ်ဆုံးဘောလုံးသမား (၁၁) နှစ်အရွယ်တစ်ဦးပါရှိသည် ။
ဂူတွင်းပျောက်ဆုံး ထိုင်းကျောင်းသားများ ၄ ရက်မြောက်နေ့ညအထိ ရှာမတွေ့သေး😢
ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မြို့အပြင်က တော်ဝင်လှိုဏ်ဂူထဲဝင်သွားပြီး ပျောက်ဆုံးနေတဲ့ ထိုင်းကျောင်းသား ၁၂ ဦးနဲ့ နည်းပြဆရာ တဦးတို့ကို နိုင်ငံတော်အဆင့် ရှာဖွေမှုတွေ တိုးမြင့်လုပ်ဆောင်နေပေမယ့် ဇွန်လ ၂၆ ရက်နေ့ ည ၁၂ နာရီအထိ အဆက်အသွယ် မရရှိသေးပါဘူး။
လက်ရှိအချိန်အထိ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်းမှာ မိုးဆက်တိုက် ရွာသွန်းနေပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့ည အတွင်းမှာ ဂူထဲကရေတွေကို ရေစုပ်စက်ကြီး ဆယ်လုံးနဲ့ စုပ်ထုတ်သွားမယ်လို့ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ဂူတွင်း မီးကြိုးတွေ သွယ်တန်းမှုကိုတော့ ခုချိန်ထိ ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။
နည်းပြနဲ့ ကျောင်းသား ၁၃ ဦးကို ကယ်ဆယ်နိုင်ရေးအတွက် ထိုင်းအစိုးရက နိုင်ငံတော်အဆင့် သတ်မှတ်ဆောင်ရွက်နေပြီး ကြည်း၊ ရေ၊ လေ တပ်များကို အင်အားတိုးချဲ့ပြီး ရှာဖွေမှုတွေပြုလုပ်နေပြီး ဒီကနေ့မွန်းလွဲပိုင်းမှာ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင် ၁၂ ဦးကို ထပ်မံအားဖြည့်ပြီးဆောင်ရွက်ခဲ့ပါတယ်။
အထူးကယ်ဆယ်ရေး တပ်ဖွဲ့တွေဟာ ဂူတွင်းလမ်းကြောင်းတွေက ရေတွေကို ဖြတ်ကျော်ပြီး ရှာဖွေမှုတွေ ပြုလုပ်ခဲ့သလို ဝေဟင်ကနေ ရဟတ်ယာဉ်နဲ့ ဂူထွက်ပေါက်တွေကို ရှာဖွေမှုပြုလုပ်ခဲ့ပါတယ်။ တချိန်တည်းမှာဘဲ ခြေလျင်တပ်တွေနဲ့ သစ်တော အဖွဲ့ကလည်း မြေပြင်ကနေ ဂူလမ်းကြောင်းတလျှောက်မှာ တောနင်း ရှာဖွေမှုတွေပြုလုပ်ခဲ့ပါတယ်။
ဒေသခံ ထိုင်းအာဏာပိုင်တွေကတော့ ကလေးတွေ အသက်ရှင်နေဆဲဖြစ်တယ်လို့ ယုံကြည်နေဆဲဖြစ်ပြီး မနက်ဖြန် မနက်ပိုင်းမှာ ဂူလမ်းကြောင်း တောင်ထိပ်ပေါ်မှာ ရဟတ်ယာဉ်တွေ ပျံသန်းပြီး ဂူထဲကို ကြိုးနဲ့ဆင်းဖို့ ကြိုးပမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ရှာဖွေမှုမှာတော့ ကလေးတွေ ခိုလှုံနေဖွယ်ရှိတယ်လို့ ယူဆတဲ့ ဖက်ထရားသဲသောင်ပြင်ဆိုတဲ့ နေရာကို ကယ်ဆယ်ရေး အဖွဲ့တွေရောက်ရှိခဲ့ပေမယ့်လည်း ကလေးတွေကို တွေ့ရှိခဲ့ခြင်းမရှိပါဘူး။
ဆရာဝန်တွေကတော့ ဂူထဲက ကျောက်ဆွယ်တွေကနေ စိမ့်ကျတဲ့ရေတွေဟာ သောက်သုံးနိုင်တာကြောင့် ကလေးတွေဟာ ရေဓာတ်ခန်းခြောက်မှုဒဏ်ကို မခံစားရနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ ပျောက်ဆုံးကလေးတွေဟာ အားကစားသမားတွေ ဖြစ်တာကြောင့် သာမန်ကလေးတွေထက် ခံနိုင်ရည်ရှိလိမ့်မယ်လို့လည်းသုံးသပ်ထားကြပါတယ်။
ဒါ့အပြင် ဒီအထဲက ကလေးတဝက်လောက်ဟာ ဒီဂူထဲကို မကြာခနရောက်ရှိပြီး အကျွမ်းတဝင်ရှိခဲ့တာကြောင့် သူတို့ထဲက တချို့ဟာ လမ်းကြောင်းတွေကို သိနေတယ်လို့ ယူဆချက်တွေလည်းရှိပါတယ်။ ရှာဖွေကယ်ဆယ်ရေးသမားတွေခန့်မှန်းတဲ့ နေရာတွေမှာ မရှိတော့တာဟာလည်း ကလေးတွေက လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ကြိုးပမ်းနေကြတာလည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ဂူရဲ့ အပြင်ဘက်မှာတော့ ကလေးမိဘတွေဟာ သားတွေပြန်လာနိုင်မယ့် မျှော်လင့်ချက်နဲ့ နေ့တိုင်း လာရောက် စောင့်ဆိုင်း နေကြပါတယ်။ သားဇောနဲ့ မစားနိုင်မအိပ်နိုင်ဖြစ်ပြီး စောင့်ဆိုင်းခဲ့တဲ့အထဲက မိခင်တချို့ဟာ ဒီကနေ့မှာတော့ ဆေးကုသယူရတဲ့ အထိဖြစ်ခဲ့ပါတယ်။
အာဏာပိုင်များဘက်က သဘာဝဘေးအန္တရာယ် အခြေအနေအရ ကယ်ဆယ်ရေးအတွက် ပုံစံများ ချမှတ် ဆောင်ရွက်နေသလို ဒေသခံများကလည်း ကလေးတွေပြန်လည်တွေ့ရှိရေးအတွက် တောစောင့်နတ်၊ တောင်စောင့်နတ်များကို ပူဇော်ပသမှုများ ပြုလုပ်ခဲ့ကြပါတယ်။
လှိုဏ်ဂူထဲဝင်ပြီး ပျောက်သွားတဲ့ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အရွယ်ထိ ကျောင်းသား ၁၂ ဦးနဲ့ နည်းပြ ၁ ဦးဟာ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက မယ်ဆိုင်မြို့ပေါ်မှာ ၉ နာရီကနေ ၁၁ နာရီအထိ ဘောလုံး လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက်မှာတော့ လှိုဏ်ဂူကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
အဲဒီကျောင်းသားတွေနဲ့ တသင်းထဲဘောလုံး ကစားတဲ့ကလေးငယ် တဦးကတော့ လှိုဏ်ဂူကို လိုက်မသွားဘဲ အိမ်ပြန်ခဲ့ပါတယ်။ သူ့ပြောပြချက်အရ သူလေ့ကျင့်ချိန်အပြီးမှာ မိဘတွေ လာကြိုတာကြောင့် လိုက်မသွားဖြစ်ဘဲ ကျန်ရစ်ခဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးနေသူတွေရဲ့ စက်ဘီးတွေ၊ ဘောလုံးကန် ဖိနပ်တွေထည့်ထားတဲ့အိတ်နဲ့ ဖိနပ်တွေကိုတော့ လှိုဏ်ဂူ အဝမှာဘဲတွေ့ရပါတယ်။
သတင်း – ကျော်ခ

Comments