ဂ်ပန္ေတြဆီကေနသင္ယူသင့္တယ္....



ဂ်ပန္ေတြဆီကေနသင္ယူၾကည့္ၾကပါစို႕

ဂ်ပန္ႏိုင္ငံရဲ႕ ခ်စ္စရာ သတင္းအခ်က္အလက္ မ်ားကို ဖတ္ရႈေပးပါ။

၁။ သင္သိပါသလား။ ဂ်ပန္ ကေလးငယ္မ်ားဟာ မိမိတို႔ ေက်ာင္းကို ဆရာ၊ ဆရာမမ်ားႏွင့္အတူ ၁၅ မိနစ္ခန္႔ ေန႔စဥ္သန္႔ရွင္းေရး လုပ္ၾကပါတယ္။ ဒီအေလ့အက်င့္ဟာ ေခတ္မီ သန္႔ရွင္းမႈကို အေလးထားေသာ မ်ိဳးဆက္သစ္ ဂ်ပန္လူငယ္မ်ား ေပၚထြန္း လားေစပါတယ္။

၂။ သင္သိပါသလား။ ေခြးတစ္ေကာင္ ပိုင္ဆိုင္တဲ့ မည္သည့္ ဂ်ပန္ ႏိုင္ငံသားမဆို ေခြးရဲ႕ အညစ္အေၾကးေတြကို သုတ္သင္ဖို႔ အိတ္ေတြ၊ အထူးျပဳလုပ္ထားတဲ့ အိတ္ေတြကို သြားေလရာ သယ္ယူသြားၾကရ ပါတယ္။ တစ္ကိုယ္ေရသန္႔ရွင္းမႈနဲ႔ သန္႔ရွင္းစင္ၾကယ္မႈကို ဂုဏ္ယူေဖာ္ျပလိုတဲ့ အခ်က္ေတြဟာ ဂ်ပန္ ႏိုင္ငံသားတိုင္းရဲ႕ က်င့္၀တ္ေတြ ျဖစ္ၾကပါတယ္။

၃။ သင္သိပါသလား။ ဂ်ပန္ သန္႔ရွင္းေရး လုပ္သားေတြကို "က်န္းမာေရး အင္ဂ်င္နီယာမ်ား" လို႕ သမုတ္ၾကပါတယ္။ သူတို႔ဟာ လစာေငြ အေမရိကန္ေဒၚလာ ၅၀၀၀ မွ ၈၀၀၀ အထိ ေတာင္းဆို ႏိုင္ၾကပါတယ္။ သူတို႔ရဲ႕ လုပ္ရပ္ေတြကို ေတြ႕ဆံုေမးျမန္းျခင္းျဖင့္ သတင္းမီဒီယာ မ်ားမွာ ဂုဏ္ျပဳခ်ီးက်ဴး ျခင္း ခံၾကရပါတယ္။

၄။ သင္သိပါသလား။ ဂ်ပန္ႏိုင္ငံဟာ သဘာ၀ အရင္းအျမစ္ မရိွတဲ့ ႏိုင္ငံျဖစ္ၿပီး ႏွစ္စဥ္ ငလ်င္ဒဏ္ကို အႀကိမ္ေပါင္း ရာခ်ီ ခံစားေနရေသာ္လည္း ကမၻာမွာ ဒုတိယ အႀကီးဆံုး စီးပြားေရး ကိုပိုင္ဆုိင္ ႏိုင္ၾကတာပါ။

၅။ သင္သိပါသလား။ ဟီရိုရီွးမား ၿမိဳ႕ဟာ အက္တန္ဗံုး မက်ခင္က အလြန္ေကာင္းမြန္ခဲ့တဲ့ စီးပြားေရး အေျခအေနအတိုင္းကို ဆယ္ႏွစ္အတြင္း ျပန္လည္ ရယူႏိုင္ခဲ့ပါတယ္။

၆။ သင္သိပါသလား။ ဂ်ပန္ႏိုင္ငံဟာ ရထားေပၚ၊ စားေသာက္ဆိုင္ေတြနဲ႔ အခန္းတြင္းတို႔မွာ မိုဘိုင္းဖုန္း သံုးစြဲမႈကို တားျမစ္ထားပါတယ္။

၇။ သင္သိပါသလား ။ဂ်ပန္ေက်ာင္းသူ ေက်ာင္းသားေလးမ်ားဟာ မူလတန္း ပထမတန္းမွ ဆဌမတန္းအထိ ေလာကနီတိကို ေလ့လာ သင္ယူၾကရပါတယ္။

၈။ သင္သိပါသလား။ ဂ်ပန္ႏိုင္ငံသားမ်ားဟာ ကမၻာ့အခ်မ္းသာဆံုး စာရင္း၀င္မ်ား ျဖစ္ၾကေသာ္လည္း သူတို႔၏ အိမ္မွာ အေစခံ၊ အိမ္ေဖာ္ မထားၾကပါဘူး။ အိမ္တစ္အိမ္ရဲ႕ အိမ္လုပ္ငန္းေတြနဲ႔ ကေလးငယ္မ်ားအတြက္ သူတို႔ မိဘေတြက တာ၀န္ယူၾကပါတယ္။

၉။ သင္သိပါသလား။ ဂ်ပန္ႏိုင္ငံမွာ မူလတန္း ပထမတန္း မွ တတိယတန္းအထိ စာေမးပြဲဆိုတာ မရိွပါဘူး။ ဘာ့ေၾကာင့္လဲဆိုေတာ့ သူတို႔ရဲ႕ ပညာေရး ပန္းတိုင္ဟာ စာေမးပြဲေတြ၊ ပံုစံခြက္ ရိုက္သြင္းျခင္းေတြ မရိွပဲ အယူအဆ သေဘာတရားေတြနဲ႔ စာရိတၱ ေကာင္းမြန္ေရးတို႔ကို တျဖည္းျဖည္း နားလည္ ခံယူသြားႏိုင္ေအာင္ ေလ့က်င့္ေပးျခင္းပဲျဖစ္ပါတယ္။

၁၀။ သင္သိပါသလား။ သင္ဟာ ဂ်ပန္ရိွ စားေသာက္ဆိုင္ေတြကို သြားတဲ့အခါမွာ သူတို႔ဟာ သူတို႔ လိုသေလာက္သာ မွာယူ စားသံုးၾကတာကို သင္ သတိထားမိမွာပါ။ စားၾကြင္းစားက်န္ အျဖစ္ မထားၾကပါဘူး။

၁၁။ သင္သိပါသလား။ ဂ်ပန္မွာ ရထားမ်ား ေႏွာင့္ေႏွးၾကန္႔ၾကာ ခ်ိန္ဟာ တစ္ႏွစ္လံုးမွာ (၇) စကၠန္႔သာရိွပါတယ္။ ဂ်ပန္ႏိုင္ငံသားေတြဟာ အခ်ိန္ရဲ႕ တန္ဖိုးကို တစ္မိနစ္၊ တစ္စကၠန္႔ အထိေအာင္ အေလးထားေလ့ ရိွၾကပါတယ္။

၁၂။ သင္သိပါသလား။ ေက်ာင္းမွာရိွၾကတဲ့ ကေလးငယ္မ်ားဟာ အစာစားၿပီးတိုင္ သြားတိုက္ၾကရပါတယ္။ ဂ်ပန္ႏိုင္ငံသားေတြဟာ ငယ္ရြယ္စဥ္ကာလ ကတည္းက မိမိက်န္းမာေရးကို ထိန္းသိမ္းတတ္ၾကပါတယ္။

၁၃။ သင္သိပါသလား။ ဂ်ပန္ ေက်ာင္းသူေက်ာင္းသားမ်ားဟာ အစာစားတဲ့အခါ နာရီ၀က္ခန္႔ အခ်ိန္ယူ သံုးေဆာင္ၾကပါတယ္။ အစာေခ်ဖ်က္မႈ ေကာင္းမြန္မွန္ကန္ေစရန္ ျဖစ္ပါတယ္။ ဒီကေလးေတြဟာ ဂ်ပန္ ႏိုင္ငံရဲ႕ အနာဂတ္ ျဖစ္ပါတယ္။

Ref: https://www.facebook.com/FactsThatWillBlowYourMind?ref=stream&group_id=0

(Arkar Lynn)

=============

ဂျပန်တွေဆီကနေသင်ယူကြည့်ကြပါစို့

ဂျပန်နိုင်ငံရဲ့ ချစ်စရာ သတင်းအချက်အလက် များကို ဖတ်ရှုပေးပါ။

၁။ သင်သိပါသလား။ ဂျပန် ကလေးငယ်များဟာ မိမိတို့ ကျောင်းကို ဆရာ၊ ဆရာမများနှင့်အတူ ၁၅ မိနစ်ခန့် နေ့စဉ်သန့်ရှင်းရေး လုပ်ကြပါတယ်။ ဒီအလေ့အကျင့်ဟာ ခေတ်မီ သန့်ရှင်းမှုကို အလေးထားသော မျိုးဆက်သစ် ဂျပန်လူငယ်များ ပေါ်ထွန်း လားစေပါတယ်။

၂။ သင်သိပါသလား။ ခွေးတစ်ကောင် ပိုင်ဆိုင်တဲ့ မည်သည့် ဂျပန် နိုင်ငံသားမဆို ခွေးရဲ့ အညစ်အကြေးတွေကို သုတ်သင်ဖို့ အိတ်တွေ၊ အထူးပြုလုပ်ထားတဲ့ အိတ်တွေကို သွားလေရာ သယ်ယူသွားကြရ ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ သန့်ရှင်းစင်ကြယ်မှုကို ဂုဏ်ယူဖော်ပြလိုတဲ့ အချက်တွေဟာ ဂျပန် နိုင်ငံသားတိုင်းရဲ့ ကျင့်ဝတ်တွေ ဖြစ်ကြပါတယ်။

၃။ သင်သိပါသလား။ ဂျပန် သန့်ရှင်းရေး လုပ်သားတွေကို "ကျန်းမာရေး အင်ဂျင်နီယာများ" လို့ သမုတ်ကြပါတယ်။ သူတို့ဟာ လစာငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ မှ ၈၀၀၀ အထိ တောင်းဆို နိုင်ကြပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို တွေ့ဆုံမေးမြန်းခြင်းဖြင့် သတင်းမီဒီယာ များမှာ ဂုဏ်ပြုချီးကျူး ခြင်း ခံကြရပါတယ်။

၄။ သင်သိပါသလား။ ဂျပန်နိုင်ငံဟာ သဘာဝ အရင်းအမြစ် မရှိတဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ် ငလျင်ဒဏ်ကို အကြိမ်ပေါင်း ရာချီ ခံစားနေရသော်လည်း ကမ္ဘာမှာ ဒုတိယ အကြီးဆုံး စီးပွားရေး ကိုပိုင်ဆိုင် နိုင်ကြတာပါ။

၅။ သင်သိပါသလား။ ဟီရိုရှီးမား မြို့ဟာ အက်တန်ဗုံး မကျခင်က အလွန်ကောင်းမွန်ခဲ့တဲ့ စီးပွားရေး အခြေအနေအတိုင်းကို ဆယ်နှစ်အတွင်း ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

၆။ သင်သိပါသလား။ ဂျပန်နိုင်ငံဟာ ရထားပေါ်၊ စားသောက်ဆိုင်တွေနဲ့ အခန်းတွင်းတို့မှာ မိုဘိုင်းဖုန်း သုံးစွဲမှုကို တားမြစ်ထားပါတယ်။

၇။ သင်သိပါသလား ။ဂျပန်ကျောင်းသူ ကျောင်းသားလေးများဟာ မူလတန်း ပထမတန်းမှ ဆဌမတန်းအထိ လောကနီတိကို လေ့လာ သင်ယူကြရပါတယ်။

၈။ သင်သိပါသလား။ ဂျပန်နိုင်ငံသားများဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်များ ဖြစ်ကြသော်လည်း သူတို့၏ အိမ်မှာ အစေခံ၊ အိမ်ဖော် မထားကြပါဘူး။ အိမ်တစ်အိမ်ရဲ့ အိမ်လုပ်ငန်းတွေနဲ့ ကလေးငယ်များအတွက် သူတို့ မိဘတွေက တာဝန်ယူကြပါတယ်။

၉။ သင်သိပါသလား။ ဂျပန်နိုင်ငံမှာ မူလတန်း ပထမတန်း မှ တတိယတန်းအထိ စာမေးပွဲဆိုတာ မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ ပညာရေး ပန်းတိုင်ဟာ စာမေးပွဲတွေ၊ ပုံစံခွက် ရိုက်သွင်းခြင်းတွေ မရှိပဲ အယူအဆ သဘောတရားတွေနဲ့ စာရိတ္တ ကောင်းမွန်ရေးတို့ကို တဖြည်းဖြည်း နားလည် ခံယူသွားနိုင်အောင် လေ့ကျင့်ပေးခြင်းပဲဖြစ်ပါတယ်။

၁၀။ သင်သိပါသလား။ သင်ဟာ ဂျပန်ရှိ စားသောက်ဆိုင်တွေကို သွားတဲ့အခါမှာ သူတို့ဟာ သူတို့ လိုသလောက်သာ မှာယူ စားသုံးကြတာကို သင် သတိထားမိမှာပါ။ စားကြွင်းစားကျန် အဖြစ် မထားကြပါဘူး။

၁၁။ သင်သိပါသလား။ ဂျပန်မှာ ရထားများ နှောင့်နှေးကြန့်ကြာ ချိန်ဟာ တစ်နှစ်လုံးမှာ (၇) စက္ကန့်သာရှိပါတယ်။ ဂျပန်နိုင်ငံသားတွေဟာ အချိန်ရဲ့ တန်ဖိုးကို တစ်မိနစ်၊ တစ်စက္ကန့် အထိအောင် အလေးထားလေ့ ရှိကြပါတယ်။

၁၂။ သင်သိပါသလား။ ကျောင်းမှာရှိကြတဲ့ ကလေးငယ်များဟာ အစာစားပြီးတိုင် သွားတိုက်ကြရပါတယ်။ ဂျပန်နိုင်ငံသားတွေဟာ ငယ်ရွယ်စဉ်ကာလ ကတည်းက မိမိကျန်းမာရေးကို ထိန်းသိမ်းတတ်ကြပါတယ်။

၁၃။ သင်သိပါသလား။ ဂျပန် ကျောင်းသူကျောင်းသားများဟာ အစာစားတဲ့အခါ နာရီဝက်ခန့် အချိန်ယူ သုံးဆောင်ကြပါတယ်။ အစာချေဖျက်မှု ကောင်းမွန်မှန်ကန်စေရန် ဖြစ်ပါတယ်။ ဒီကလေးတွေဟာ ဂျပန် နိုင်ငံရဲ့ အနာဂတ် ဖြစ်ပါတယ်။

Ref: https://www.facebook.com/FactsThatWillBlowYourMind?ref=stream&group_id=0

(Arkar Lynn)

Comments