









Credit;…

=================

မန်းလေးက လူတစ်ယောက် ရန်ကုန်မှာ အငယ်ထားတာ သိန်း ၅ ထောင်မြတ်သွားတဲ့ ဖြစ်ရပ်

မြန်မာပြည်မှာ မယားငယ်ထားတာ ခေတ်စားသတဲ့ မန်းလေးက လူတစ်ယောက်က လွန်ခဲ့တဲ့ ငါးနှစ်က ရန်ကုန်မှာ အငယ်တစ်ယောက်ထားခဲ့တယ်။

အငယ်အတွက် သိန်းလေးထောင်တန် အိမ်တစ်လုံးဝယ်ပေးခဲ့ပြီး လစဉ်လတိုင်း ဆယ်သိန်းပေးသုံးခဲ့တယ်။ ဒီတစ်နှစ်မှာ အငယ်နဲ့ သူလမ်းခွဲလိုက်တယ်။

ဝယ်ထားတဲ့ အိမ်ကိုရောင်းတော့ သိန်းတစ်သောင်းရတယ်။ တွက်ကြည့်တော့ မယားငယ်ကို ၆ နှစ် အလကားတွဲလိုက်ရပြီး၊ သိန်းငါးထောင်မြတ်သွားတယ်။

မယားငယ်ထားတာဟာ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ သူဆိုတယ်။ အဲ့ဒီလိုနဲ့ မန်းလေးပြန်ရောက်လို့ ဒီအကြောင်းကို မယားကြီးကသိတော့ သူ့ကို နားရင်းအုပ်ပြီးဆူတယ်။

“ဒီလောက် မြတ်နေတာ ဘာဖြစ်လို့ မယားငယ်တစ်ယောက်ပဲ ထားခဲ့ရသလဲ ငတုံးရဲ့” တဲ့

တိန်တာဗြဲ {ညံ့တာကွာ…. အများကြီးထားရင် အများကြီးမြတ်မယ့်ဟာကို}…

Credit;…

Comments