ဂူအတြင္း ပိတ္မိကေလးမ်ားအတြက္ လုိဏ္ဂူႀကီး၏ အရွင္သခင္မကို ပူေဇာ္ဆုေတာင္း (႐ုပ္သံ ဗြီဒီယိုဖိုင္)



ဂူအတြင္း ပိတ္မိကေလးမ်ားအတြက္ လုိဏ္ဂူႀကီး၏ အရွင္သခင္မကို ပူေဇာ္ဆုေတာင္း (႐ုပ္သံ ဗြီဒီယိုဖိုင္)
လုိဏ္ဂူအထဲမွာ ပိတ္မိေနတဲ့ ထိုင္းေက်ာင္းသား လူငယ္ေဘာလံုးသမားေလးေတြကို မိဘေဆြမ်ိဳးေတြနဲ႔ ေက်ာင္းေနဘက္ေတြဟာ ဂူေပါက္ဝမွာ စိုးရိမ္ပူပန္စြာ လာေရာက္ေစာင့္ဆိုင္းၿပီး ထြက္လာဖို႔ တေၾကာ္ေၾကာ္ ေအာ္ေခၚေနၾကသလို ေဘးရန္ကင္းစြာ ျပန္လြတ္ေျမာက္လာဖို႔လည္း ဂူအနီး ေတာေစာင့္နတ္ ေတာင္ေစာင့္နတ္နဲ႔ အထူးသျဖင့္ ဂူႀကီးရဲ႕ အရွင္သခင္မကို ႐ုိးရာဓေလ့အရ ပူေဇာ္ပသ ဆုေတာင္းပြဲေတြ မျပတ္ျပဳလုပ္ေနပါတယ္။
ထိုင္း-ျမန္မာနယ္စပ္၊ ခ်င္း႐ုိင္းခ႐ုိင္၊ မယ္ဆိုင္ၿမိဳ႕၊ ပုန္ဖာအုပ္စုရွိ ခြန္နမ့္နန္းႏြန္းဂူထဲမွာ အသက္ ၁၁ ႏွစ္နဲ႔ ၁၆ ႏွစ္ၾကား မယ္ဆိုင္က လူငယ္ေဘာလုံးသမား ၁၂ ဦးနဲ႔ အသက္ ၂၅ ႏွစ္အရြယ္ နည္းျပဆရာ ၁ ဦး စုစုေပါင္း ၁၃ ဦး ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္ေန႔က ဝင္ေရာက္ေပ်ာက္ဆံုးေနတာ နာရီေပါင္း ၇၀ ေက်ာ္ၿပီျဖစ္ၿပီး ဒီကေန႔ ဇြန္လ ၂၆ ရက္ ေန႔ခင္းပိုင္းထိ ရွာလို႔မေတြ႔ေသးပါဘူး။
သူတို႔ ၁၃ ဦးဟာ ေဘာလံုးကန္ေလ့က်င့္ၿပီး အျပန္ ဂူထဲကို လည္ပတ္ဖို႔ ဝင္သြားခဲ့ၿပီး အခ်ိန္အနည္းငယ္အတြင္းမွာပဲ မိုးရြာလို႔ ေတာင္က်ေရေတြ ဂူေပါက္ဝထဲ ဝင္ေရာက္ပိတ္ဆုိ႔သြားတာေၾကာင့္ အျပင္ထြက္လို႔ မရေတာ့ဘဲ အထဲမွာ ပိတ္မိေနတာပါ။
သူတို႔ေတြကို အျမန္ဆံုး ကယ္ထုတ္ႏိုင္ဖို႔ ခ႐ုိင္နဲ႔ ၿမဳိ႕နယ္ သဘာဝေဘးအႏၱရာယ္ ကယ္ဆယ္ေရးတပ္ဖြဲ႔၊ ထိုင္းအထူးစစ္ဆင္ေရးတပ္၊ ထိုင္းအထူးေရတပ္ SEAL နဲ႔ ေလတပ္တို႔ ပူးေပါင္းၿပီး ဂူထဲဝင္ေရာက္ေနတဲ့ ေရေတြ စုတ္ထုတ္တာ၊ ေရစီးလမ္းေၾကာင္းေျပာင္းတာ၊ ဂူတြင္းကုိ အလင္းေရာင္ျပပိုက္လံုးေတြ သြယ္တန္းတာ၊ ေရငုပ္ရွာေဖြတာေတြ ျပဳလုပ္ေနသလို ဂူအေပၚကေန အစာေရစာနဲ႔ ေဆးဝါးေတြ ခ်ေပးဖို႔အတြက္ ေကာင္းကင္ေပၚကေန ရဟတ္ယာဥ္နဲ႔ ပ်ံဝဲကာ ဂူအတြင္း ထိုးေဖာက္ႏိုင္တဲ့ အေပါက္ေတြလည္း ရွာေဖြေနပါတယ္။
မေန႔က ကယ္ဆယ္ေရးအဖြဲ႔ ၄ ဖြဲ႔ခြဲၿပီး ဂူထဲဝင္ေရာက္ရွာေဖြရာမွာ ဂူေပါက္ဝနဲ႔ မနီးမေဝးေနရာမွာ ေပ်ာက္ဆံုးေနသူေတြရဲ႕ စက္ဘီးေတြကို ေတြ႔ရွိၿပီး မီတာအနည္းငယ္ အကြာမွာေတာ့ သူတို႔ဖိနပ္ေတြ၊ ေရမ်က္ႏွာျပင္ကို ေရွာင္တိမ္းတဲ့ ေျခရာလက္ရာေတြ၊ ႀကိဳးစ၊ တယ္လီဖုန္းတလံုးနဲ႔  အရန္ဘက္ထရီအားသြင္းကိရိယာ တခုကို ေတြ႔ရွိခဲ့ပါတယ္။
အဲဒီဂူႀကီးဟာ စုစုေပါင္း အရွည္ ၈ ကီလိုမီတာခန္႔ ရွည္လ်ားၿပီး ကယ္ဆယ္ေရးအဖြဲ႔ေတြ ဆြဲထားတဲ့ ေျမပံုအရ ဂူဝင္ေပါက္ကေန ၈၀၀ မီတာအကြာမွာ လမ္းဆံုတခု ရွိေနပါတယ္။ အဝင္လမ္းရဲ႕ ဘယ္ဘက္မွာ ဒြိဳင္ဖာမီ (ဝက္ဝံေတာင္) ေပၚက ေရေတြဝင္လာၿပီး ညာဘက္မွာ ဂူရဲ႕ အတြင္းပိုင္းဝင္ေပါက္ ျဖစ္ပါတယ္။
ေရေတြဝင္လာေတာ့ ကေလးေတြဟာ အျပင္ထြက္လို႔ မရေတာ့ဘဲ ေရေတြတိမ္းေရွာင္ရင္း အတြင္းပိုင္း ထပ္မံဝင္ေရာက္သြားခဲ့ဟန္ရွိၿပီး အဲဒီ အတြင္းပိုင္းတေနရာမွာ အနက္ ၅ မီတာ အရွည္ ၁၅ မီတာရွိတဲ့ ကန္ေလးတခု ရွိပါတယ္။ အဲဒီကန္က လြန္သြားရင္ေတာ့ ပတၱယားကမ္းေျခလို႔ တင္စားေခၚေဝၚတဲ့ သဲႏုေသာင္ျပင္တခုရွိၿပီး ေပ်ာက္ဆံုးသူေတြဟာ အဲဒီေသာင္ျပင္ေပၚမွာ ရွိေနႏုိင္တယ္လို႔  ခန္႔မွန္းထားပါတယ္။
ဒါေပမယ့္ အဲဒီေနရာဟာ ဂူဝင္ေပါက္နဲ႔ မီတာ ၁၅၀၀ ကြာေဝးၿပီး ေရေတြက ဂူထဲကို အဆက္မျပတ္ စီးဝင္ေနသလို ဂူနံရံကေရေတြလည္း စိမ့္က်ေနေၾကာင္း၊ ဂူထဲကေရေတြဟာ ေနာက္က်ိေနၿပီး ျမင္ကြင္းမွာလည္း ၁၅ မီတာထိသာ ျမင္ရတဲ့အတြက္ ကယ္ဆယ္ေရးအဖြဲ႔ေတြ အတြက္ ထင္သေလာက္ ခရီးမေပါက္ႏိုင္ဘဲ ျဖစ္ေနပါတယ္။
ဒီကေန႔မနက္မွာ အီတလီႏုိင္ငံက ႏိုင္ငံတကာ ေရငုပ္ကၽြမ္းက်င္သူ ၅ ဦးလည္း ေရာက္ရွိလာၿပီး ေပ်ာက္ဆံုးသူေတြကို ကူညီရွာေဖြေပးေနပါတယ္။
ဒါေပမယ့္ သူတို႔ေပ်ာက္ဆံုးခ်ိန္ဟာ ၾကာသထက္ ၾကာျမင့္လာသလို အစာေရစာမရွိ၊ ေဆးဝါးမရွိ၊ ဂူထဲမွာ ေအးစိမ့္ေနတာေၾကာင့္ မိဘအုပ္ထိန္းသူေတြရဲ႕ စိုးရိမ္ပူပန္မႈေတြလည္း ျမင့္သထက္ ျမင့္လာေနတာပါ။
မယ္ဆိုင္ လက္ေရြးစင္ေဘာလံုးအသင္း ေခါင္းေဆာင္တဦးကေတာ့ ေပ်ာက္ဆံုးသူ အားလံုးဟာ ဂူႀကီးထဲကို မၾကာခဏ သြားေရာက္လည္ပတ္တဲ့ အေတြ႔အႀကံဳရွိၿပီး  ကေလးေတြကို ဦးေဆာင္သြားတဲ့ နည္းျပဆရာဟာလည္း ေရွးဦးသူနာျပဳတဦးျဖစ္ေၾကာင္း၊ သြားေလရာမွာ အေရးေပၚေဆးအိတ္ ေဆာင္ေလ့ရွိသလို အဲဒီေန႔မေရာက္ခင္ သူတို႔ရဲ႕ LINE ဂ႐ုပ္ထဲမွာ ဓာတ္မီး၊ ႀကိဳး၊ အစာေရစာေတြ အသင့္ယူလာဖို႔ ခ်ိန္းဆိုခ်က္ေတြရွိေၾကာင္း၊ ဂူထဲက ပတၱယားကမ္းေျခဆိုတဲ့ ကမူအထိလည္း အေရာက္သြားခဲ့ဖူးလို႔ အနည္းငယ္ စိတ္သက္သာရာရတယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။
ကယ္ဆယ္ေရးအဖြဲ႔ဝင္ ထိုင္းေလတပ္မီဒီယာက Kawin AFU ရဲ႕ ညေန ၃ နာရီက ေရးသားေဖာ္ျပခ်က္မွာေတာ့ ေပ်ာက္ဆံုးသူေတြကို ရွာမေတြ႔ေသးဘဲ အရွည္မီတာ တေထာင္ရွိ မီးႀကိဳးကို ဂူထဲ ႀကိဳးစားသြယ္တန္းဖို႔ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။
လူငယ္ေဘာလံုးသမားေလးေတြ ဝင္ေရာက္ေပ်ာက္ဆံုးေနတဲ့ ခြန္နမ့္နန္းႏြန္း ေက်ာက္လုိဏ္ဂူဟာ ထိုင္းႏိုင္ငံရွိ ဂူေတြအနက္ အရွည္လ်ားဆံုး ဂူတဂူျဖစ္ၿပီး ကမၻာလွည့္ခရီးသြားနဲ႔ စြန္႔စားသူေတြ စိတ္ဝင္စားတဲ့ ေနရာတခုျဖစ္ပါတယ္။
ဂူတည္ရွိရာ ေတာင္တန္းႀကီးဟာ အေဝးကေနၾကည့္ရင္ အမ်ိဳးသမီးတဦး အိပ္စက္ေနတဲ့ ပံုသဏၭာန္ရွိၿပီး အဲဒီေတာင္ရဲ႕ အမည္ကလည္း  ဒြိဳင္နန္းႏြန္းေတာင္ (သခင္မအိပ္တဲ့ေတာင္) လို႔ အဓိပၸါယ္ရပါတယ္။
အဲဒီေတာင္နဲ႔ပတ္သက္တဲ့ ဒ႑ာရီပံုျပင္ကေတာ့ ေရွးက ဆစ္ေဆာင္ပန္းနားေဒသ (ယခု ယူနန္နယ္ထဲရွိ) ဘုရင္တပါးမွာ လွပေခ်ာေမာတဲ့ သမီးေတာ္တပါးရွိေၾကာင္း၊ သမီးေတာ္က ျမင္းထိန္းသမားနဲ႔ ခ်စ္ႀကိဳက္မိၿပီး ခမည္းေတာ္က သေဘာမတူလို႔ ခ်စ္သူနဲ႔ ထြက္ေျပးခဲ့ေၾကာင္း၊ အေနာက္က ရဲမက္ဗိုလ္ပါေတြ လိုက္လာၿပီး ျမားနဲ႔ပစ္တာေၾကာင့္ ခ်စ္သူ ျမားထိမွန္ေသဆံုးကာ သမီးေတာ္လည္း ဆံထံုးေပၚက ဆံထိုးနဲ႔ သူ႔ကိုယ္ကို ထိုးစိုက္ ေသေၾကာင္းႀကံခဲ့ေၾကာင္း၊ သမီးေတာ္ ေသဆံုးခဲ့ရာ ေနရာမွာ ေတာင္တန္းျဖစ္ေပၚလာၿပီး အဲဒီေတာင္ကို  ေတာင္ပိုင္သခင္မက ေစာင့္ေရွာက္တယ္လို႔ ေဒသခံေတြ ယံုၾကည္ေနၾကပါတယ္။
Credit – DVB
႐ုပ္သံ – Toyocaraudio Toyocaraudio Facebook
===========
လိုဏ်ဂူအထဲမှာ ပိတ်မိနေတဲ့ ထိုင်းကျောင်းသား လူငယ်ဘောလုံးသမားလေးတွေကို မိဘဆွေမျိုးတွေနဲ့ ကျောင်းနေဘက်တွေဟာ ဂူပေါက်ဝမှာ စိုးရိမ်ပူပန်စွာ လာရောက်စောင့်ဆိုင်းပြီး ထွက်လာဖို့ တကြော်ကြော် အော်ခေါ်နေကြသလို ဘေးရန်ကင်းစွာ ပြန်လွတ်မြောက်လာဖို့လည်း ဂူအနီး တောစောင့်နတ် တောင်စောင့်နတ်နဲ့ အထူးသဖြင့် ဂူကြီးရဲ့ အရှင်သခင်မကို ရိုးရာဓလေ့အရ ပူဇော်ပသ ဆုတောင်းပွဲတွေ မပြတ်ပြုလုပ်နေပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုန်ဖာအုပ်စုရှိ ခွန်နမ့်နန်းနွန်းဂူထဲမှာ အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြား မယ်ဆိုင်က လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ အသက် ၂၅ နှစ်အရွယ် နည်းပြဆရာ ၁ ဦး စုစုပေါင်း ၁၃ ဦး ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ဝင်ရောက်ပျောက်ဆုံးနေတာ နာရီပေါင်း ၇၀ ကျော်ပြီဖြစ်ပြီး ဒီကနေ့ ဇွန်လ ၂၆ ရက် နေ့ခင်းပိုင်းထိ ရှာလို့မတွေ့သေးပါဘူး။
သူတို့ ၁၃ ဦးဟာ ဘောလုံးကန်လေ့ကျင့်ပြီး အပြန် ဂူထဲကို လည်ပတ်ဖို့ ဝင်သွားခဲ့ပြီး အချိန်အနည်းငယ်အတွင်းမှာပဲ မိုးရွာလို့ တောင်ကျရေတွေ ဂူပေါက်ဝထဲ ဝင်ရောက်ပိတ်ဆို့သွားတာကြောင့် အပြင်ထွက်လို့ မရတော့ဘဲ အထဲမှာ ပိတ်မိနေတာပါ။
သူတို့တွေကို အမြန်ဆုံး ကယ်ထုတ်နိုင်ဖို့ ခရိုင်နဲ့ မြို့နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတပ်ဖွဲ့၊ ထိုင်းအထူးစစ်ဆင်ရေးတပ်၊ ထိုင်းအထူးရေတပ် SEAL နဲ့ လေတပ်တို့ ပူးပေါင်းပြီး ဂူထဲဝင်ရောက်နေတဲ့ ရေတွေ စုတ်ထုတ်တာ၊ ရေစီးလမ်းကြောင်းပြောင်းတာ၊ ဂူတွင်းကို အလင်းရောင်ပြပိုက်လုံးတွေ သွယ်တန်းတာ၊ ရေငုပ်ရှာဖွေတာတွေ ပြုလုပ်နေသလို ဂူအပေါ်ကနေ အစာရေစာနဲ့ ဆေးဝါးတွေ ချပေးဖို့အတွက် ကောင်းကင်ပေါ်ကနေ ရဟတ်ယာဉ်နဲ့ ပျံဝဲကာ ဂူအတွင်း ထိုးဖောက်နိုင်တဲ့ အပေါက်တွေလည်း ရှာဖွေနေပါတယ်။
မနေ့က ကယ်ဆယ်ရေးအဖွဲ့ ၄ ဖွဲ့ခွဲပြီး ဂူထဲဝင်ရောက်ရှာဖွေရာမှာ ဂူပေါက်ဝနဲ့ မနီးမဝေးနေရာမှာ ပျောက်ဆုံးနေသူတွေရဲ့ စက်ဘီးတွေကို တွေ့ရှိပြီး မီတာအနည်းငယ် အကွာမှာတော့ သူတို့ဖိနပ်တွေ၊ ရေမျက်နှာပြင်ကို ရှောင်တိမ်းတဲ့ ခြေရာလက်ရာတွေ၊ ကြိုးစ၊ တယ်လီဖုန်းတလုံးနဲ့  အရန်ဘက်ထရီအားသွင်းကိရိယာ တခုကို တွေ့ရှိခဲ့ပါတယ်။
အဲဒီဂူကြီးဟာ စုစုပေါင်း အရှည် ၈ ကီလိုမီတာခန့် ရှည်လျားပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ဆွဲထားတဲ့ မြေပုံအရ ဂူဝင်ပေါက်ကနေ ၈၀၀ မီတာအကွာမှာ လမ်းဆုံတခု ရှိနေပါတယ်။ အဝင်လမ်းရဲ့ ဘယ်ဘက်မှာ ဒွိုင်ဖာမီ (ဝက်ဝံတောင်) ပေါ်က ရေတွေဝင်လာပြီး ညာဘက်မှာ ဂူရဲ့ အတွင်းပိုင်းဝင်ပေါက် ဖြစ်ပါတယ်။
ရေတွေဝင်လာတော့ ကလေးတွေဟာ အပြင်ထွက်လို့ မရတော့ဘဲ ရေတွေတိမ်းရှောင်ရင်း အတွင်းပိုင်း ထပ်မံဝင်ရောက်သွားခဲ့ဟန်ရှိပြီး အဲဒီ အတွင်းပိုင်းတနေရာမှာ အနက် ၅ မီတာ အရှည် ၁၅ မီတာရှိတဲ့ ကန်လေးတခု ရှိပါတယ်။ အဲဒီကန်က လွန်သွားရင်တော့ ပတ္တယားကမ်းခြေလို့ တင်စားခေါ်ဝေါ်တဲ့ သဲနုသောင်ပြင်တခုရှိပြီး ပျောက်ဆုံးသူတွေဟာ အဲဒီသောင်ပြင်ပေါ်မှာ ရှိနေနိုင်တယ်လို့  ခန့်မှန်းထားပါတယ်။
ဒါပေမယ့် အဲဒီနေရာဟာ ဂူဝင်ပေါက်နဲ့ မီတာ ၁၅၀၀ ကွာဝေးပြီး ရေတွေက ဂူထဲကို အဆက်မပြတ် စီးဝင်နေသလို ဂူနံရံကရေတွေလည်း စိမ့်ကျနေကြောင်း၊ ဂူထဲကရေတွေဟာ နောက်ကျိနေပြီး မြင်ကွင်းမှာလည်း ၁၅ မီတာထိသာ မြင်ရတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ အတွက် ထင်သလောက် ခရီးမပေါက်နိုင်ဘဲ ဖြစ်နေပါတယ်။
ဒီကနေ့မနက်မှာ အီတလီနိုင်ငံက နိုင်ငံတကာ ရေငုပ်ကျွမ်းကျင်သူ ၅ ဦးလည်း ရောက်ရှိလာပြီး ပျောက်ဆုံးသူတွေကို ကူညီရှာဖွေပေးနေပါတယ်။
ဒါပေမယ့် သူတို့ပျောက်ဆုံးချိန်ဟာ ကြာသထက် ကြာမြင့်လာသလို အစာရေစာမရှိ၊ ဆေးဝါးမရှိ၊ ဂူထဲမှာ အေးစိမ့်နေတာကြောင့် မိဘအုပ်ထိန်းသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေလည်း မြင့်သထက် မြင့်လာနေတာပါ။
မယ်ဆိုင် လက်ရွေးစင်ဘောလုံးအသင်း ခေါင်းဆောင်တဦးကတော့ ပျောက်ဆုံးသူ အားလုံးဟာ ဂူကြီးထဲကို မကြာခဏ သွားရောက်လည်ပတ်တဲ့ အတွေ့အကြုံရှိပြီး  ကလေးတွေကို ဦးဆောင်သွားတဲ့ နည်းပြဆရာဟာလည်း ရှေးဦးသူနာပြုတဦးဖြစ်ကြောင်း၊ သွားလေရာမှာ အရေးပေါ်ဆေးအိတ် ဆောင်လေ့ရှိသလို အဲဒီနေ့မရောက်ခင် သူတို့ရဲ့ LINE ဂရုပ်ထဲမှာ ဓာတ်မီး၊ ကြိုး၊ အစာရေစာတွေ အသင့်ယူလာဖို့ ချိန်းဆိုချက်တွေရှိကြောင်း၊ ဂူထဲက ပတ္တယားကမ်းခြေဆိုတဲ့ ကမူအထိလည်း အရောက်သွားခဲ့ဖူးလို့ အနည်းငယ် စိတ်သက်သာရာရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင် ထိုင်းလေတပ်မီဒီယာက Kawin AFU ရဲ့ ညနေ ၃ နာရီက ရေးသားဖော်ပြချက်မှာတော့ ပျောက်ဆုံးသူတွေကို ရှာမတွေ့သေးဘဲ အရှည်မီတာ တထောင်ရှိ မီးကြိုးကို ဂူထဲ ကြိုးစားသွယ်တန်းဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လူငယ်ဘောလုံးသမားလေးတွေ ဝင်ရောက်ပျောက်ဆုံးနေတဲ့ ခွန်နမ့်နန်းနွန်း ကျောက်လိုဏ်ဂူဟာ ထိုင်းနိုင်ငံရှိ ဂူတွေအနက် အရှည်လျားဆုံး ဂူတဂူဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားနဲ့ စွန့်စားသူတွေ စိတ်ဝင်စားတဲ့ နေရာတခုဖြစ်ပါတယ်။
ဂူတည်ရှိရာ တောင်တန်းကြီးဟာ အဝေးကနေကြည့်ရင် အမျိုးသမီးတဦး အိပ်စက်နေတဲ့ ပုံသဏ္ဌာန်ရှိပြီး အဲဒီတောင်ရဲ့ အမည်ကလည်း  ဒွိုင်နန်းနွန်းတောင် (သခင်မအိပ်တဲ့တောင်) လို့ အဓိပ္ပါယ်ရပါတယ်။
အဲဒီတောင်နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီပုံပြင်ကတော့ ရှေးက ဆစ်ဆောင်ပန်းနားဒေသ (ယခု ယူနန်နယ်ထဲရှိ) ဘုရင်တပါးမှာ လှပချောမောတဲ့ သမီးတော်တပါးရှိကြောင်း၊ သမီးတော်က မြင်းထိန်းသမားနဲ့ ချစ်ကြိုက်မိပြီး ခမည်းတော်က သဘောမတူလို့ ချစ်သူနဲ့ ထွက်ပြေးခဲ့ကြောင်း၊ အနောက်က ရဲမက်ဗိုလ်ပါတွေ လိုက်လာပြီး မြားနဲ့ပစ်တာကြောင့် ချစ်သူ မြားထိမှန်သေဆုံးကာ သမီးတော်လည်း ဆံထုံးပေါ်က ဆံထိုးနဲ့ သူ့ကိုယ်ကို ထိုးစိုက် သေကြောင်းကြံခဲ့ကြောင်း၊ သမီးတော် သေဆုံးခဲ့ရာ နေရာမှာ တောင်တန်းဖြစ်ပေါ်လာပြီး အဲဒီတောင်ကို  တောင်ပိုင်သခင်မက စောင့်ရှောက်တယ်လို့ ဒေသခံတွေ ယုံကြည်နေကြပါတယ်။
Credit – DVB

Comments