မော်လမြိုင် ရေကြီးမှုနှင့် ကျိုက်သလ္လံဘုရား အရှေ့ဘက်မုဒ် မြေပြိုမှု ရုပ်သံ ဗွီဒီယိုဖိုင်ကြည့်ရန်


အောက်ဆုံးတွင် ဗွီဒီယိုဖိုင်များ ကြည့်ရန်
ကျိုက်သလ္လံ ဘုရားအရှေ့ဘက်မုဒ် အနီး တောင်ပေါ်နေရာမြေပြိုမှုတွေဖြစ်နေပါတယ်
Crd.Myint Soe
Eleven Broadcasting
ဓာတ်ပုံ – ခေတ်မင်း။ ထိုက်ထိုက်။
Hinthar Media
=========
ကျိုက်သလ္လံ ဘုရားအရှေ့ဘက်မုဒ် အနီး ရန်ကုန်ဘုန်းကြီးကျောင်း တောင်ပေါ်နေရာမြေပြိုမှုတွေဖြစ်နေပါတယ်
လူမှုရေးဝန်ကြီးရောက်ရှိပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်နေပါတယ်
Crd.Myint Soe
=============
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ နှင့် နေရာအချို့၌ ရေကြီးရေလျှံ ဖြစ်ပွားမှုအခြေအနေ
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ အပါအဝင် နေရာအတော်များများ၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေ ဇွန်လ ၁၇ ရက်နံနက် ၂ နာရီအချိန်ခန့်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ အပါအဝင် နေရာအတော်များများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မော်လမြိုင် မြို့ပေါ်ရပ်ကွက်များ ဖြစ်ကြသည့် ဖက်တန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ စစ်ကဲကုန်းရပ်ကွက်များ၊ သီရိမြိုင်ရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ တောင်ဝိုင်းရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက် စသည်ဖြင့် ရပ်ကွက်များရှိ အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး
နေအိမ်များအတွင်းသို့ ရေဝင်ရောက်များ ရှိနေကြောင်း သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုအပြင် သစ်ပင်များလဲကျခြင်းနှင့် မြေပြိုမှုတချို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့အပြင် လက်ရှိအခြေအနေအရ မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြာင်း သိရသည်။
Eleven Broadcasting
==========
မော်လမြိုင် ရပ်ကွက်အချို့ ရေကြီးမှုကြောင့် ရေဘေးသင့် ပြည်သူတွေကို အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ရေလွတ်ရာကို ရွေ့ပြောင်းနေပြီ ဖြစ်ပါတယ်။
ဒါအပြင် ယာယီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပြီး စောင့်ရှောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ – ခေတ်မင်း။ ထိုက်ထိုက်။
Hinthar Media

Comments