ေပ်ာက္ဆံုးကေလးငယ္မ်ားရွိမည့္ ေနရာႏွင့္ ၂ ကီလုီမီတာ အကြာသုိ႔ ထုိင္း ေရတပ္ ေရငုပ္သမားမ်ားေရာက္...


ေပ်ာက္ဆံုးကေလးငယ္မ်ားရွိမည့္ ေနရာႏွင့္ ၂ ကီလုီမီတာ အကြာသုိ႔ ထုိင္း ေရတပ္ ေရငုပ္သမားမ်ားေရာက္ရွိ

ေပ်ာက္ဆံုးကေလးငယ္မ်ားရွိမည့္ ေနရာႏွင့္ ၂ ကီလုီမီတာ အကြာသုိ႔ ထုိင္း ေရတပ္ ေရငုပ္သမားမ်ားေရာက္ရွိလိုဏ္ဂူအတြင္းကေလးငယ္မ်ားရွိေနမည္ဟု ယံုၾကည့္ထားသည့္ေနရာႏွင့္ ၂ ကီလိုမီတာ၀န္းက်င္အကြာသုိ႔ ထိုင္းေရတပ္မွ ေရငုပ္သမားမ်ား ေရာက္ရွိေနေၾကာင္း ခ်င္းရိုင္ခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴးနာရြန္ဆက္အုိေဆာ့တာနာခရြန္က ေျပာသည္။

ယခုရွာေဖြေရးလုပ္ကုိင္ေနေသာ ေရငုပ္သမားမ်ားသည္ ၿပီးခဲ့ေသာတနလၤာေန႔က အဆုိပါေနရာသုိ႔ ေရာက္ရွိေနခဲ့ေသာ္လည္း ေရၾကီးမူမ်ားေၾကာင့္ ေရွ႕ဆက္မသြားႏုိင္ဘဲ လွည့္ျပန္ခဲ့ရေၾကာင္း CNA သတင္းတြင္ေဖာ္ျပထားသည္။

လက္ရွိတြင္မႈ ယင္းေနရာမွ ေရမ်ားကုိ စုတ္ထုတ္ခဲ့မႈေၾကာင့္ လုိဏ္ ဂူအတြင္း ေရမ်က္ႏွာျပင္ ေလ်ာ့ က်ေနခဲ့သည္ဟု သတင္းတြင္ေဖာ္ျပထားသည္။ခ်င္းရိုင္းေဒသ အုပ္ခ်ဳပ္ေရးမွဴးက “ကေလးငယ္ေတြကို ရွာေဖြမႈအေျခေန ဟာ မေန႔ကထက္စာရင္ ပိုမုိေကာင္းမြန္တဲ့ပံုစံမ်ိဳးရွိပါတယ္။ လိုဏ္ဂူဝင္ေပါက္ အနီးရွိ ေရေတြကို ေရစုတ္စက္ေတြနဲ႔ စုက္ထုတ္ခဲ့တယ္။ လုိဏ္ဂူအတြင္းေရနည္းေနပါတယ္“ ဟုေျပာဆုိသည္။

ေပ်ာက္ဆံုးေနသည့္ အသက္ ၁၁ ႏွစ္ႏွင့္ ၁၆ ႏွစ္အရြယ္ရွိ ကေလးငယ္မ်ား ရွာေဖြမႈသည္ ယေန႔သည္ ခုနစ္ရက္ေျမာက္ေန႔ျဖစ္ၿပီး အစာမရွိ၊ အလင္းမရွိ သည့္လိုဏ္ ဂူအတြင္း အသက္ရွင္က်န္ရွိေစရန္ အရွိန္ျမင့္ ၾကိဳးပမ္းေနၾကၿပီး လက္ရွိအခ်ိန္အထိ ေပ်ာက္ဆံုးကေလးငယ္မ်ားႏွင့္ အဆက္သြယ္မရေသးေၾကာင္း သတင္းတြင္ေဖာ္ျပထားသည္။

ေပ်ာက္ဆံုးကေလးငယ္မ်ားႏွင့္ နည္းျပျဖစ္သူတုိ႔သည္ ထုိင္းႏုိင္ငံေျမာက္ပိုင္း ခ်င္း႐ိုင္ခ႐ိုင္ မယ္ဆုိင္ၿမိဳ႕ရွိ ထမ့္လံုလိုဏ္ဂူအတြင္းသုိ႔ ဇြန္ ၂၃ ရက္က ၀င္ေရာက္ခဲ့ရာမွ ေပ်ာက္ဆံုးခဲ့ျခင္းျဖစ္သည္။

သတင္း – ZMO

ဓာတ္ပံု – AFP ၊ Japan Times

Ref : Channel News Asia

စံေတာ္ခ်ိန္သတင္းစာ

==========

ပျောက်ဆုံးကလေးငယ်များရှိမည့် နေရာနှင့် ၂ ကီလီုမီတာ အကွာသို့ ထိုင်း ရေတပ် ရေငုပ်သမားများရောက်ရှိ

ပျောက်ဆုံးကလေးငယ်များရှိမည့် နေရာနှင့် ၂ ကီလီုမီတာ အကွာသို့ ထိုင်း ရေတပ် ရေငုပ်သမားများရောက်ရှိလိုဏ်ဂူအတွင်းကလေးငယ်များရှိနေမည်ဟု ယုံကြည့်ထားသည့်နေရာနှင့် ၂ ကီလိုမီတာဝန်းကျင်အကွာသို့ ထိုင်းရေတပ်မှ ရေငုပ်သမားများ ရောက်ရှိနေကြောင်း ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးနာရွန်ဆက်အိုဆော့တာနာခရွန်က ပြောသည်။

ယခုရှာဖွေရေးလုပ်ကိုင်နေသော ရေငုပ်သမားများသည် ပြီးခဲ့သောတနင်္လာနေ့က အဆိုပါနေရာသို့ ရောက်ရှိနေခဲ့သော်လည်း ရေကြီးမူများကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ လှည့်ပြန်ခဲ့ရကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။

လက်ရှိတွင်မှု ယင်းနေရာမှ ရေများကို စုတ်ထုတ်ခဲ့မှုကြောင့် လိုဏ် ဂူအတွင်း ရေမျက်နှာပြင် လျော့ ကျနေခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။ချင်းရိုင်းဒေသ အုပ်ချုပ်ရေးမှူးက “ကလေးငယ်တွေကို ရှာဖွေမှုအခြေနေ ဟာ မနေ့ကထက်စာရင် ပိုမိုကောင်းမွန်တဲ့ပုံစံမျိုးရှိပါတယ်။ လိုဏ်ဂူဝင်ပေါက် အနီးရှိ ရေတွေကို ရေစုတ်စက်တွေနဲ့ စုက်ထုတ်ခဲ့တယ်။ လိုဏ်ဂူအတွင်းရေနည်းနေပါတယ်“ ဟုပြောဆိုသည်။

ပျောက်ဆုံးနေသည့် အသက် ၁၁ နှစ်နှင့် ၁၆ နှစ်အရွယ်ရှိ ကလေးငယ်များ ရှာဖွေမှုသည် ယနေ့သည် ခုနစ်ရက်မြောက်နေ့ဖြစ်ပြီး အစာမရှိ၊ အလင်းမရှိ သည့်လိုဏ် ဂူအတွင်း အသက်ရှင်ကျန်ရှိစေရန် အရှိန်မြင့် ကြိုးပမ်းနေကြပြီး လက်ရှိအချိန်အထိ ပျောက်ဆုံးကလေးငယ်များနှင့် အဆက်သွယ်မရသေးကြောင်း သတင်းတွင်ဖော်ပြထားသည်။

ပျောက်ဆုံးကလေးငယ်များနှင့် နည်းပြဖြစ်သူတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ ထမ့်လုံလိုဏ်ဂူအတွင်းသို့ ဇွန် ၂၃ ရက်က ဝင်ရောက်ခဲ့ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း – ZMO

ဓာတ်ပုံ – AFP ၊ Japan Times

Ref : Channel News Asia

စံတော်ချိန်သတင်းစာ

Comments