






Peace Crops Myanmarအစီအစဉ်ဖြင့် (အ.ထ.က)ပေါင်ကျောင်းကြီးတွင် အမေရိကန်နိုင်ငံသူ ဆရာမ Shannon မြန်မာအမည် မစံပယ် – အသက် ( ၂၃ ) နှစ်သည် အင်္ဂလိပ်စာဘာသာရပ်ကို ၅ တန်း၊ ၆ တန်း၊ ၇ တန်း တို့ကို ၂ နှစ် ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။





photo – Ko Hein

===========

မြန်မာ ကျောင်းသား ကျောင်းသူများအတွက် ဝမ်းသာဂုဏ်ယူစရာ အမေရိကန်သူ ဆရာမလေး

မြန်မာ့စာသင်ကျောင်းများတွင် (၂) နှစ်အင်္ဂလိပ်စာ သင်ကြားပေးမည့် လေးစားလောက်တဲ့ အမေရိကန်သူလေး

Peace Crops Myanmarအစီအစဉ်ဖြင့် (အ.ထ.က)ပေါင်ကျောင်းကြီးတွင် အမေရိကန်နိူင်ငံသူ ဆရာမ Shannon မြန်မာအမည် မစံပယ် – အသက် ( ၂၃ ) နှစ်သည် အင်္ဂလိပ်စာဘာသာရပ်ကို ၅ တန်း၊ ၆ တန်း၊ ၇ တန်း တို့ကို ၂ နှစ် ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။

ယခုကျောင်းပိတ်ချိန်တွင် ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ နံနက် ၉ နာရီအချိန် အ.ထ.ကပေါင်ကျောင်းတွင် English Speaking ကို သင်ကြား ပို့ချသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော ကျောင်းသားကျောင်းသူများကို ဦးစားပေးလက်ခံသင်ကြား ပေးသွားမည်ဖြစ်သည်။

အလားတူ မွန်ပြည်နယ်တွင် သထုံ ၃ ဦး၊ ကျိုက်ထို ၃ ဦး၊ ပေါင် ၁ ဦး၊ မော်လမြိုင် ၂ ဦး၊ ချောင်းဆုံ ၃ ဦး စုစုပေါင်း ၁၂ ဦးဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အထိ သင်ကြားပေးသွားမည်။

photo – Ko Hein

Comments