ကလေးတွေထွက်လာမှ အိမ်ပြန်မယ်…..



Update: 11:14AM ၊ 29/6/2018
ဓါတ်ပုံ – စည်သူမောင်

=======================
Update: 11:14AM ၊ 29/6/2018
မယ်ဆိုင်ဂူကို ဇွန်လ(၂၉)ရက်နေ့ နံနက်ပိုင်းကနေ ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာဟာ ကလေးမိဘတွေကိုအားပေးစကားအနေနဲ့အပြီးထိနေမယ်ကလေးတွေပြန်ထွက်လာမှ ပြန်မယ်လို့ ပြောသွားပါတယ်။
သူ့ရဲ့ စကားက အားပေးရုံသက်သက်လား၊ လက်တွေ့ပြောသွားတာလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံမီဒီယာများကလည်း ပြောထားပါတယ်။
အခုလက်ရှိ အခြေအနေကတော့ ထူးခြားမသိရသေးပါ။
ဓါတ်ပုံ – စည်သူမောင်
မြန်မာ – ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းများစွာဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ယနေ့ ဇွန်လ(၂၉)ရက်နေ့ ထိုင်းစံတော်ချိန် နံနက်(၉)နာရီကျော်အထိ ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိရာ လူငယ်(၁၃)ဦးအား ရှာဖွေတွေ့ရှိရခြင်း မရှိသေးသဖြင့် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။
Credit to Tachileik News Agency

Comments