လိုင္စင္မဲ႔ယာဥ္မ်ား ဖမ္းဆီးအေရးယူရာတြင္ ပရဟိတႏွင့္ နာေရးကူညီမႈအသင္းမ်ားမွ ယာဥ္မ်ား ပါ/မပါ....



လိုင္စင္မဲ႔ယာဥ္မ်ားဖမ္းဆီးအေရးယူရာတြင္ ပရဟိတႏွင့္နာေရးကူညီမႈအသင္းမ်ားမွယာဥ္မ်ားပါ/မပါ

#ေမး#

ဆရာခင္ဗ်ာ

ယခုအခါတြင္ တစ္ႏိုင္ငံလံုး လိုင္စင္မဲ႔ယာဥ္မ်ားဖမ္းဆီးမည္ဆိုသည့္အေၾကာင္းကို သတင္းစားမ်ား ဂ်ာနယ္ မဂၢဇင္းမ်ားႏွင့္ အမ်ားျပည္သူၾကားမွၾကားသိေနရပါသည္

ထိုသို႔လိုင္စင္မဲ႔ယာဥ္မ်ားဖမ္းဆီးရာတြင္ အမ်ားအက်ိဳးကိုေဆာင္ရြက္ေနေသာ ပရဟိတအသင္းမ်ား နာေရးကူညီမႈအသင္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးမ်ားအသံုးျပဳသည့္ယာဥ္မ်ား စသည္တို႔ကိုပါအေရးယူပါမည္လားခင္ဗ်ာ ေက်းဇူးျပဳ၍အလင္းျပေပးပါခင္ဗ်ာ.

#ေျဖ#

လိုင္စင္မဲ႔ယာဥ္မ်ားအားအေရးယူမည့္အေၾကာင္းကို သတင္းစာ ဂ်ာနယ္ႏွင့္ မဂၢဇင္းမ်ားမွာေဖာ္ျပအသိေပးခဲ႔သလို လက္ရွိလဲအေရးယူေဆာင္ရြက္လွ်က္ရွိပါတယ္ အဲ႔ဒီလို လိုင္စင္မဲ႔ယာဥ္မ်ားအေရးယူမည္လို႔အသိေပးတဲ႔ေနရာမွာ ပရဟိတအသင္းမ်ား နာေရးကူညီမႈအသင္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးမ်ားအသံုးျပဳသည့္ယာဥ္မ်ားမပါရွိပါလို႔သီးျခားေဖာ္ျပထားတာမဟုတ္ဘဲ လိုင္စင္မဲ႔ယာဥ္လို႔ပဲေဖာ္ျပပါရွိတာျဖစ္တဲ႔အတြက္ တရားဝင္မွတ္ပံုတင္ထားျခင္းမရွိတဲ႔ ယာဥ္အားလံုးကိုဆိုလိုတာပါခင္ဗ်ာ.

#ေမး#

ဆရာခင္ဗ်ာ

ပရဟိတအသင္းမ်ား နာေရးကူညီမႈအသင္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးမ်ားအသံုးျပဳသည့္ယာဥ္မ်ားကို လိုင္စင္ျပဳလုပ္ေပးဖို႔ ရွိ/မရွိ သိခ်င္ပါတယ္ခင္ဗ်ာဆရာသိထားတာေလးရွိရင္ မွ်ေဝေပးပါခင္ဗ်ာ.

#ေျဖ#

လူမႈကူညီေရးအသင္းအဖြဲ႔ပိုင္လူနာတင္ယာဥ္မ်ား ပရဟိတအသင္းယာဥ္မ်ားဟာ ဥပေဒႏွင့္အညီ စံုစမ္း၍မရသည့္ကိစၥရပ္မ်ားကိုက်ဴးလြန္ႏိုင္ျခင္း ယာဥ္စည္းကမ္း လမ္းစည္းကမ္းခ်ိဳးေဖာက္မႈႏွင့္ပတ္သတ္၍ အေရးမယူႏိုင္ျခင္း လူနာျပဳစုကုသျခင္းဆိုင္ရာျပသနာမ်ား ေပၚေပါက္ႏိုင္ျခင္းစသည့္ လိုအပ္ခ်က္မ်ားရွိေန၍ ယာဥ္မွတ္ပံုတင္မရွိသည့္ လူနာတင္ယာဥ္မ်ားကိုစီစစ္ၿပီးက်န္မာေရးဝန္ႀကီးဌာနႏွင့္ ကုန္းလမ္းပို႔ေဆာင္ေရးဝန္ႀကီးဌာနကသတ္မွတ္ေသာ လူနာတင္ယာဥ္စစ္ေဆးခ်က္ တည္ဆဲဥပေဒမ်ားကိုခ်ိဳးေဖါက္ေသာယာဥ္မျဖစ္ျခင္း စသည့္အခ်က္မ်ားႏွင့္ျပည့္စံုပါက အခ်ိန္ကာလအပိုင္းအျခားသတ္မွတ္ပီး ယာဥ္မွတ္ပံုတင္စီစစ္ျပဳလုပ္ေပးမည္ဟု ရန္ကုန္တိုင္း လွ်ပ္စစ္ စက္မႈလက္မႈႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က 15.12.2017 ရက္ေန႔က ရန္ကုန္တိုင္းလႊတ္ေတာ္တြင္ေျပာၾကားခဲ႔တဲ႔အေၾကာင္း သတင္းစာမွတဆင့္ဖတ္ရႈသိရွိရပါတယ္ခင္ဗ်ာ.။

( ေမးထားသူတစ္ဦး၏ေမးခြန္းအားအျခားသူမ်ားပါသိေစလို၍ေဖာ္ျပျခင္းျဖစ္ပါသည္ကြ်န္ေတာ္မွာဆင္းရဲသားေတာင္သူမိဘမ်ားမွေမြးဖြားခဲ႔သည့္ျပည္သူတစ္ဦးသာျဖစ္သည့္အတြက္အခုေရာ ေနာင္ေရာ ကြ်န္ေတာ္ဥာဏ္မမွီသည့္ မေတြးေခၚႏိုင္သည့္ ေမးခြန္းႏွင့္ေဆြးေႏြးမႈအခ်ိဳ႕တို႔ကို မိမိမစြမ္းသာသျဖင့္ျပန္လည္မေျဖၾကားႏိုင္သည္ကို နားလည္ေပးပါခင္ဗ်ာ)

ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

25.6.2018

Nay Myo Thu Ya ေဖ့ဘုတ္အေကာင့္မွ ကူးယူတင္ျပေပပါသည္။

===========

လိုင်စင်မဲ့ယာဉ်များဖမ်းဆီးအရေးယူရာတွင် ပရဟိတနှင့်နာရေးကူညီမှုအသင်းများမှယာဉ်များပါ/မပါ

#မေး#

ဆရာခင်ဗျာ

ယခုအခါတွင် တစ်နိုင်ငံလုံး လိုင်စင်မဲ့ယာဉ်များဖမ်းဆီးမည်ဆိုသည့်အကြောင်းကို သတင်းစားများ ဂျာနယ် မဂ္ဂဇင်းများနှင့် အများပြည်သူကြားမှကြားသိနေရပါသည်

ထိုသို့လိုင်စင်မဲ့ယာဉ်များဖမ်းဆီးရာတွင် အများအကျိုးကိုဆောင်ရွက်နေသော ပရဟိတအသင်းများ နာရေးကူညီမှုအသင်းများနှင့် ဘုန်းတော်ကြီးများအသုံးပြုသည့်ယာဉ်များ စသည်တို့ကိုပါအရေးယူပါမည်လားခင်ဗျာ ကျေးဇူးပြု၍အလင်းပြပေးပါခင်ဗျာ.

#ဖြေ#

လိုင်စင်မဲ့ယာဉ်များအားအရေးယူမည့်အကြောင်းကို သတင်းစာ ဂျာနယ်နှင့် မဂ္ဂဇင်းများမှာဖော်ပြအသိပေးခဲ့သလို လက်ရှိလဲအရေးယူဆောင်ရွက်လျှက်ရှိပါတယ် အဲ့ဒီလို လိုင်စင်မဲ့ယာဉ်များအရေးယူမည်လို့အသိပေးတဲ့နေရာမှာ ပရဟိတအသင်းများ နာရေးကူညီမှုအသင်းများနှင့် ဘုန်းတော်ကြီးများအသုံးပြုသည့်ယာဉ်များမပါရှိပါလို့သီးခြားဖော်ပြထားတာမဟုတ်ဘဲ လိုင်စင်မဲ့ယာဉ်လို့ပဲဖော်ပြပါရှိတာဖြစ်တဲ့အတွက် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ ယာဉ်အားလုံးကိုဆိုလိုတာပါခင်ဗျာ.

#မေး#

ဆရာခင်ဗျာ

ပရဟိတအသင်းများ နာရေးကူညီမှုအသင်းများနှင့် ဘုန်းတော်ကြီးများအသုံးပြုသည့်ယာဉ်များကို လိုင်စင်ပြုလုပ်ပေးဖို့ ရှိ/မရှိ သိချင်ပါတယ်ခင်ဗျာဆရာသိထားတာလေးရှိရင် မျှဝေပေးပါခင်ဗျာ.

#ဖြေ#

လူမှုကူညီရေးအသင်းအဖွဲ့ပိုင်လူနာတင်ယာဉ်များ ပရဟိတအသင်းယာဉ်များဟာ ဥပဒေနှင့်အညီ စုံစမ်း၍မရသည့်ကိစ္စရပ်များကိုကျူးလွန်နိုင်ခြင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖောက်မှုနှင့်ပတ်သတ်၍ အရေးမယူနိုင်ခြင်း လူနာပြုစုကုသခြင်းဆိုင်ရာပြသနာများ ပေါ်ပေါက်နိုင်ခြင်းစသည့် လိုအပ်ချက်များရှိနေ၍ ယာဉ်မှတ်ပုံတင်မရှိသည့် လူနာတင်ယာဉ်များကိုစီစစ်ပြီးကျန်မာရေးဝန်ကြီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနကသတ်မှတ်သော လူနာတင်ယာဉ်စစ်ဆေးချက် တည်ဆဲဥပဒေများကိုချိုးဖေါက်သောယာဉ်မဖြစ်ခြင်း စသည့်အချက်များနှင့်ပြည့်စုံပါက အချိန်ကာလအပိုင်းအခြားသတ်မှတ်ပီး ယာဉ်မှတ်ပုံတင်စီစစ်ပြုလုပ်ပေးမည်ဟု ရန်ကုန်တိုင်း လျှပ်စစ် စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က 15.12.2017 ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်တွင်ပြောကြားခဲ့တဲ့အကြောင်း သတင်းစာမှတဆင့်ဖတ်ရှုသိရှိရပါတယ်ခင်ဗျာ.။

( မေးထားသူတစ်ဦး၏မေးခွန်းအားအခြားသူများပါသိစေလို၍ဖော်ပြခြင်းဖြစ်ပါသည်ကျွန်တော်မှာဆင်းရဲသားတောင်သူမိဘများမှမွေးဖွားခဲ့သည့်ပြည်သူတစ်ဦးသာဖြစ်သည့်အတွက်အခုရော နောင်ရော ကျွန်တော်ဉာဏ်မမှီသည့် မတွေးခေါ်နိုင်သည့် မေးခွန်းနှင့်ဆွေးနွေးမှုအချို့တို့ကို မိမိမစွမ်းသာသဖြင့်ပြန်လည်မဖြေကြားနိုင်သည်ကို နားလည်ပေးပါခင်ဗျာ)

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

25.6.2018

Nay Myo Thu Ya ဖေ့ဘုတ်အကောင့်မှ ကူးယူတင်ပြပေပါသည်။

Comments