

ကြောက်​မယ်​ ​ခြောက်​မယ်​ဆိုတာထက်​ မိဘ​မေတ္တာရဲ့ပုံရိပ်​​တွေပါထည့်​သွင်းရိုက်​ကူးထားတာမို့ ဝိဉာဉ်​စိမ်း ဇာတ်​ကား​လေးက ပရိသတ်​ကို ရသစုံခံစားမှုအစုံ ​ပေးနို​င်​မယ့်​ ဇာတ်​ကား​လေးတစ်​ကားဖြစ်​မှာ အ​သေအချာပါပဲ​နော်​။
Writer – Lwin Lwin Aung
လာမယ့်၂၉ ရက်နေ့ကျရင် မြန်မာတစ်နိုင်ငံလုံး ဝိညာဉ်ပူးကပ်ခံရလိမ့်မယ်လို့ ပြောလိုက်တဲ့ ဦးကျော်​သူ
မြန်​မာနိုင်​ငံရဲ့ နာမည်​​ကျော်​မင်​းသားကြီးတစ်​လက်​ဖြစ်​တဲ့ ပရိသတ်​ချစ်​ ပရဟိတမင်​းသားကြီး ​ကျော်​သူက​တော့ “၂၉-၆-၂၀၁၈ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ဝိညာဉ်ပူးကပ်တော့မည်” လို့ သူ့ရဲ့​ဖေ့ဘွက်​စာမျက်​နှာက​နေတစ်​ဆင်​​့​ကြေညာလိုက်​ပါတယ်​။
မြန်​မာတစ်​နိုင်​ငံလုံးကို ပူးကပ်​မယ်​့ ဝိဉာဉ်​က​တော့ နာမည်​​ကျော်​မင်​းသား​တွေဖြစ်​တဲ့ ​ကျော်​သူ ရန်​​အောင်​ မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ဟိန်းဝေယံ၊ နေမျိုးအောင်တို့အပါအဝင်​ မင်​းသမီးကြီး စိုးမြတ်သူဇာတို့ အဓိကဇာတ်​​ဆောင်​အဖြစ်​ပါဝင်​ရိုက်​ူးထားတဲ့ ဝိဉာဉ်​စိမ်​းဆိုတဲ့ဇာတ်​ကားကြီးပဲဖြစ်​ပါတယ်​။
၂၉ရက်​​နေ့မှာ ရုံတင်​ပြသမယ်​့ ဝိဉာဉ်​စိမ်​းဇာတ်​ကားကြီးကို ​စောင်​့​မျှော်​​နေကြတဲ့ပရိသတ်​ကြီးအတွက်​ ဦး​ကျော်​သူက (((( ၂၉-၆-၂၀၁၈ ခုနှစ် မြန်မာတစ်နိုင်ငံလုံး ဝိညာဉ်ပူးကပ်တော့မည်။ သက်ဆိုင်ရာရုံများတွင် အမျှပေးဝေကြပါလော့ )))) လို့ ရေးသား သတိ​ပေးထားတာပါ။
ဒီကား​လေးထဲက ​ကြောက်​စရာပုံရိပ်​​လေးတစ်​ချို့ကို ဦး​ကျော်​သူက သူ့ရဲ့လူမှုစာမျက်​နှာမှာ​ဖော်​ပြထားသလို နာမည်​​ကြီးသရုပ်​​ဆောင်​​တွေ ပါဝင်​ထားတဲ့ ဒီကား​လေးကို ရုံမတင်​မီကတည်​းက ပရိသတ်​​တွေစိတ်​ဝင်​စား​နေကြတာပါ။
ဒီကား​လေးထဲမှာ ​ကြောက်​မက်​ဖွယ်​ပုံရိပ်​​တွေ သရုပ်​တူ​စေဖို့အတွက်​ Make up artist တစ်​ဦးဖြစ်​တဲ့ ဟန်​နာယူရီက ပါဝင်​ကူညီ​ပေးထားတယ်​လို့လဲ သိရပါတယ်​။
​ကြောက်​မယ်​ ​ခြောက်​မယ်​ဆိုတာထက်​ မိဘ​မေတ္တာရဲ့ပုံရိပ်​​တွေပါထည်​့သွင်​းရိုက်​ကူးထားတာမို့ ဝိဉာဉ်​စိမ်​း ဇာတ်​ကား​လေးက ပရိသတ်​ကို ရသစုံခံစားမှုအစုံ ​ပေးနို်​င်​မယ်​့ ဇာတ်​ကား​လေးတစ်​ကားဖြစ်​မှာ အ​သေအချာပါပဲ​နော်​။
နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ
Writer – Lwin Lwin Aung

Comments