ဂူထဲက ကေလးမ်ားကို ကယ္ထုတ္ရန္ အမွားအယြင္း မျဖစ္ေစဖုိ႔ စနစ္တက် ႀကိဳတင္ျပင္ဆင္ေန....


မယ္ဆိုင္ဂူထဲက ကေလးမ်ားရွာေတြ႔ၿပီး ကယ္ထုတ္လာပါက အမွားအယြင္း မျဖစ္ေစရန္အတြက္ စနစ္တက် ႀကိဳတင္ျပင္ဆင္
�Update: 9:45AM ၊ 30/6/2018�
ဒီေန႔ ဇြန္လ(၃၀)ရက္ေန႔ဟာ ရွာပံုေတာ္ လုပ္ငန္းစဥ္ (၈)ရက္ေျမာက္ေန႔ျဖစ္တဲ့အတြက္ ဂူထဲက လူငယ္(၁၃)ဦးကို မၾကာမီ သို႔မဟုတ္ ရက္ပိုင္းမွာ ရွာေဖြႏိုင္ေတာ့မယ္လုိ႔ ယူဆတဲ့အတြက္ တကယ္၍မ်ား ကေလးမ်ားကို ရွာေဖြကယ္ထုတ္ႏိုင္တဲ့အခါ အေရးေပၚ ကယ္ဆယ္ေရးအတြက္ က်န္းမာေရးအဖြဲ႔မ်ားက ႀကိဳတင္ျပင္ဆင္ေနမႈမ်ား၊ ႏိုင္ငံတကာမွ မီဒီယာမ်ား စနစ္တက် ျဖစ္ေစေရး၊ ပိတ္ဆို႔မႈမ်ား မျဖစ္ေစေရးအတြက္လည္း ႀကိဳတင္ျပင္ဆင္မႈမ်ားကို ယေန႔ ဇြန္လ(၃၀)ရက္ေန႔ နံနက္(၉)နာရီခြဲက စတင္ၿပီး ေဆာင္ရြက္ေနတာျဖစ္ပါတယ္။
ဇြန္လ(၂၉)ရက္ေန႔ ညပိုင္းက မယ္ဆိုင္ဂူကို ၾကြေရာက္လာတဲ့ မိုင္းဖုန္းဆရာေတာ္ကေတာ့ ဒီ (၁)ရက္ (၂)ရက္မွာ ေတြ႔ႏိုင္မယ္လို႔ မိန္႔ၾကားသြားပါတယ္။
ဇြန္လ(၃၀)ရက္ေန႔အကူးကေန အခုအခ်ိန္ နံနက္(၉)နာရီခြဲအထိ မိုးမရြာဘဲ တည္ၿငိမ္ေနၿပီး ေရမ်ားကို အဆက္မျပတ္စုပ္ထုတ္ေနတဲ့အတြက္ ေရမ်ားလည္း က်ေနတယ္လို႔သိရပါတယ္။
ေလာေလာဆယ္မွာ ဂူအတြင္း နဲ႔ ဂူအျပင္ျဖစ္တဲ့ ေတာေတာင္မ်ားအေပၚက ဂူေပါင္း(၁၀)ေပါက္ ၀န္းက်င္မွာလည္း အဖြဲ႔မ်ားစြာနဲ႔ ရွာေဖြမႈမ်ား ျပဳလုပ္ေနတဲ့အတြက္ နီးစပ္မႈေတြရွိလာၿပီလို႔ ေျပာေနၾကပါတယ္။
Photo crd; Maesai Police
ျမန္မာ – ထိုင္းနယ္စပ္၊ ထိုင္းႏိုင္ငံ(ေျမာက္ပိုင္း)၊ ခ်င္း႐ိုင္းခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕၊ ပုံဖာရပ္ကြက္ရွိ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီး ဇြန္လ (၂၃)ရက္ေန႔ ကတည္းက လူငယ္(၁၃)ဦး ပိတ္မိေနသည့္ ဂူအတြင္း ရွာေဖြကယ္ဆယ္မႈ လုပ္ငန္းမ်ားကို နည္းလမ္းမ်ားစြာျဖင့္ ဇြန္လ(၂၃)ရက္ေန႔ ညပိုင္းကတည္းကစ၍ ယေန႔ ဇြန္လ(၃၀)ရက္ေန႔ အထိ ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။
#TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate
===========
မယ်ဆိုင်ဂူထဲက ကလေးများရှာတွေ့ပြီး ကယ်ထုတ်လာပါက အမှားအယွင်း မဖြစ်စေရန်အတွက် စနစ်တကျ ကြိုတင်ပြင်ဆင်
�Update: 9:45AM ၊ 30/6/2018�
ဒီနေ့ ဇွန်လ(၃၀)ရက်နေ့ဟာ ရှာပုံတော် လုပ်ငန်းစဉ် (၈)ရက်မြောက်နေ့ဖြစ်တဲ့အတွက် ဂူထဲက လူငယ်(၁၃)ဦးကို မကြာမီ သို့မဟုတ် ရက်ပိုင်းမှာ ရှာဖွေနိုင်တော့မယ်လို့ ယူဆတဲ့အတွက် တကယ်၍များ ကလေးများကို ရှာဖွေကယ်ထုတ်နိုင်တဲ့အခါ အရေးပေါ် ကယ်ဆယ်ရေးအတွက် ကျန်းမာရေးအဖွဲ့များက ကြိုတင်ပြင်ဆင်နေမှုများ၊ နိုင်ငံတကာမှ မီဒီယာများ စနစ်တကျ ဖြစ်စေရေး၊ ပိတ်ဆို့မှုများ မဖြစ်စေရေးအတွက်လည်း ကြိုတင်ပြင်ဆင်မှုများကို ယနေ့ ဇွန်လ(၃၀)ရက်နေ့ နံနက်(၉)နာရီခွဲက စတင်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဇွန်လ(၂၉)ရက်နေ့ ညပိုင်းက မယ်ဆိုင်ဂူကို ကြွရောက်လာတဲ့ မိုင်းဖုန်းဆရာတော်ကတော့ ဒီ (၁)ရက် (၂)ရက်မှာ တွေ့နိုင်မယ်လို့ မိန့်ကြားသွားပါတယ်။
ဇွန်လ(၃၀)ရက်နေ့အကူးကနေ အခုအချိန် နံနက်(၉)နာရီခွဲအထိ မိုးမရွာဘဲ တည်ငြိမ်နေပြီး ရေများကို အဆက်မပြတ်စုပ်ထုတ်နေတဲ့အတွက် ရေများလည်း ကျနေတယ်လို့သိရပါတယ်။
လောလောဆယ်မှာ ဂူအတွင်း နဲ့ ဂူအပြင်ဖြစ်တဲ့ တောတောင်များအပေါ်က ဂူပေါင်း(၁၀)ပေါက် ဝန်းကျင်မှာလည်း အဖွဲ့များစွာနဲ့ ရှာဖွေမှုများ ပြုလုပ်နေတဲ့အတွက် နီးစပ်မှုတွေရှိလာပြီလို့ ပြောနေကြပါတယ်။
Photo crd; Maesai Police
မြန်မာ – ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းများစွာဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ယနေ့ ဇွန်လ(၃၀)ရက်နေ့ အထိ ဆောင်ရွက်နေကြခြင်းဖြစ်သည်။
#TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate

Comments