နည်းပညာတက္ကသိုလ်(​​တောင်​ငူ)​ကျောင်းသား/သူများ ဒါနကုသိုလ်​ပြုအသင်း လူနာတင်ကား အဖမ်းခံရတဲ့ ကိစ္စ



ဒီ​နေ့မနက်​ ကျွန်​​တော်​ ​မောင်းလာတဲ့ Ambulance ​နေပြည်​​တော်​ ​ကျောက်​မျက်​ပြပွဲ​ရှေ့နားမှာ အဖမ်းခံရတယ်​။
ကား​ပေါ်မှာ​ လူနာလည်း ပါတယ်​​။ လုနာအမည်​က ဦးချစ်​၀င်းပါ။ ​ကျောင်းသား​တွေလည်း အကူ ပါပါတယ်​။
ကျွန်​​တော်​က ယာဉ်​​မောင်းလိုင်​စင်​ ထုတ်​ပြ​တော့
မင်းတို့ကားက Without ကားဖြစ်​လို့ ဖမ်းတယ်​လို့ ပြောပါတယ်​။
ဖမ်းတဲ့ ယာဉ်​ထိန်းရဲ ဗိုလ်​ကြီးက ဒီ​ကောင်​​တွေကို ရဲစခန်းမှာ အမှုသွားဖွင့်​ဆိုပြီး သူ့တပည့်​ကို​ပြောပါတယ်​။
သူတပည့်​ရင်​ဘတ်​မှာ ​ရေးထားတဲ့အမည်​က Sann Win ပါ​။
အဲဒီယာဉ်​ထိန်းရဲက Ambulance ကားနားကိုလာပြီး မင်းတို့​တွေက ​ကျောင်းသား​တွေဆို​တော့ မဖမ်းချင်​ဘူးကွာ ၊ ရုံးမှာဒဏ်​​ငွေ​ဆောင်​မယ်​ဆို ၁သိန်း ​လောက်​ကျမှာ ဆိုပြီး​ပြောပါတယ်​။
ကျွန်​​တော်​က ဘယ်​လိုလုပ်​ရမလဲ..
ကျွန်​​တော်​တို့မှာ ထမင်းဖိုး ၁သောင်း ပဲပါတယ်​ဆို​တော့သူက ၁သောင်း ​လောက်​​တော့မရဘူး..
၃သောင်း ​ပေးရင်​ ဒီ​နေရာမှာပဲ ပြီး​အောင်​ လုပ်​​ပေးမယ်​ဆိုပြီး​ပြောပါတယ်​။
ကျွန်​​တော်​တို့က ၃သောင်း မပါဘူးဆို​တော့ ကား​ပေါ်က လူနာ ဦးချစ်​၀င်းက သူ​ဆေးရုံတက်​ဖို့ စရိတ်​ယူလာတဲ့ မရှိမဲ့ရှိမဲ့ပိုက်​ဆံ​လေယ၃သောင်းကို ထုတ်​​ပေးလိုက်​ပါတယ်​။အဲဒီ ၃သောင်း ကို စာအုပ်​​လေးထဲညှပ်​ပြီး ယာဉ်​ထိန်းရဲက ယူသွားပါတယ်​။ကျွန်​​တော်​တို့ကို ကား​သော့ပြန်​​ပေးလိုက်​ပါတယ်​။
အခု​ရေးခဲ့သမျှအကုန်​လုံးကို ကျွန်​​တော်​တို့အားလုံးတာဝန်​ယူပါတယ်​။
ပရဟိတ အသင်းများသတိထားကြပါခင်​ဗျာ။
ကျွန်​​တော်​တို့ နည်းပညာတက္ကသိုလ်​​တောင်​ငူပရဟိတအသင်းက​တော့ နားပါပြီခင်​ဗျာ။
Edit; အခုပဲ ယာဉ်ထိန်း ကိုစန်းဝင်း ဖုန်းဆက်လာပါတယ်။ညီလေးတို့ကိုကျောင်းသားတွေမို့ သနားလို့နားလည်မှုနဲ့လုပ်ပေးလိုက်တာကို အကို့ကိုတစ်မျိုးထင်ပြီး fbပေါ်မှာ တင်ထားတာတွေတွေ့တယ်။အဲ့ဒိတော့ အကိုလည်းတောင်ငူ ယာဉ်ထိန်းရုံးကို ဖုန်းဆက်ပြီး ကားလာသိမ်းမှရတော့မယ်။အကိုဆီမှာ ညီလေးရဲ့ယာဉ်မောင်းလိုင်စင်ရော ကားနံပါတ်ပြားကိုရော ဓါတ်ပုံရိုက်ထားတာရှိတယ်လို့ပြောပါတယ်။ဟုတ်ကဲ့အကိုလာသိမ်းခိုင်းလိုက်ပါလို့ပြောလိုက်တယ် ကျွန်တော်ကိုယ်တိုင်လည်း fbပေါ်ကိုတင်ဦးမှာပါလို့ ပြန်ပြောလိုက်တယ်။
ကိုစန်းဝင်း Ph no;09792169710
Shein Htet Zaw ဖေ့ဘုတ် အကောင့်မှ ကူးယူတင်ပြပါသည်။

Comments