လူငယ္ ၁၃ ဦး ဂူထဲမွာ ေပ်ာက္ဆံုးမႈ ေန႔စြဲအလုိက္ မွတ္တမ္း



လူငယ္ ၁၃ ဦး ဂူထဲမွာ ေပ်ာက္ဆံုးမႈ ေန႔စြဲအလုိက္ မွတ္တမ္း

ထိုင္းႏုိင္ငံ၊ ခ်င္းမိုင္ၿမိဳ႕က ေဒသခံ လူငယ္ ေဘာလံုးအသင္းတစ္ခု သဘာဝ ေရဝင္ထံုးေက်ာက္ဂူ တစ္ခုထဲ ဝင္ေရာက္သြားၿပီး ေပ်ာက္ဆံုးေနတာ အခုဆိုရင္ တစ္ပတ္ေလာက္ ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။ လူငယ္ ၁၃ ေယာက္ စတင္ေပ်ာက္ဆံုးသြားတဲ့ ေန႔ကစလုိ႔ ကယ္ဆယ္ေရး လုပ္ငန္းေတြကို အပတ္တကုတ္ လုပ္ေဆာင္ေနေပမယ့္ အခုထိေတာ့ ရွာမေတြ႕ေသးပါဘူး။ တစ္ကမာၻလံုး စိတ္ဝင္စားေနတဲ့ ေပ်ာက္ဆံုးမႈနဲ႔ ကယ္ဆယ္ေရး လုပ္ငန္းစဉ္ေတြအေၾကာင္း ေန႔အလုိက္ ျဖစ္ပ်က္ခဲ့တာေတြကို အက်ဉ္းခ်ဳပ္ ေဖာ္ျပလုိက္ပါတယ္။

အခင္းျဖစ္တဲ့ေန႔ (ဇြန္ ၂၃)

နည္းျပ ေဘာလံုးအသင္းနည္းျပ အက္ကာပိုလ္ ခ်န္သာေဝါင္က ေဘာလံုးအသင္းရဲ႕ ေလ့က်င့္ခန္း ဆင္းေနပံုကို Facebookေပၚကေန Liveထုတ္လႊင့္ခဲ့ပါတယ္။ ဒါဟာ ေတာဝက္႐ိုင္းမ်ား လူငယ္ ေဘာလံုးအသင္းသားေတြ ဂူထဲ ဝင္ေရာက္ မေပ်ာက္ကြယ္ခင္ ေနာက္ဆံုး ေတြ႕ျမင္လုိက္ရတဲ့ မွတ္တမ္းပါ။

ညေနပိုင္းမွာေတာ့ ေတာေခါင္းတစ္ေယာက္က သဘာဝဥယ်ာဉ္ ပိတ္ၿပီျဖစ္ေၾကာင္း လိုက္သတိေပးရင္း ဂူေပါက္ဝမွာ စက္ဘီး ၁၁ စီး ရပ္ထားတာကို ရွာေတြ႕သြားပါတယ္။ သူကပဲ သက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့ပါတယ္။

လူငယ္ေတြထဲက တစ္ေယာက္ရဲ႕ မိဘက သူ႔သားနဲ႔ ဖုန္းအဆက္အသြယ္ ရခဲ့ၿပီး ဂူထဲမွာ တစ္ဖြဲ႕လံုး ပိတ္မိေနမွန္း သိသြားတယ္။ မိဘေတြက ဂူဝ ေရာက္လာသလို ရဲတပ္ဖြဲ႕ရဲ႕ ကင္းလွည့္ယူနစ္ကပါ လာေရာက္စစ္ေဆးတယ္။ ကယ္ဆယ္ေရးလုပ္ငန္းေတြ စတင္ပါတယ္။

ပထမေန႔ (ဇြန္ ၂၄)

ေရဝင္ဂူထဲကို ဝင္ႏုိင္ဖို႔ ေရငုပ္သမားေတြက စတင္ႀကိဳးစားပါတယ္။ မနက္အလင္းေရာင္ ရတဲ့ အခ်ိန္မွာ ကယ္ဆယ္ေရးေတြက ျဖန္႔က်က္ရွာေဖြတဲ့အခါ ညႇပ္ဖိနပ္ ၁၁ ရန္ကို ရွာေတြ႕ခဲ့တယ္။ ကယ္ဆယ္ေရး က႑ကို စစ္တပ္ကပါ ပူးေပါင္း ကူညီလာပါတယ္။

မနက္အေစာပိုင္းမွာ အဖြဲ႕သားေတြ အရမ္းပင္ပန္းေနၿပီး ဂူထဲမွာလည္း ေရမ်က္ႏွာျပင္ ဆက္ျမင့္တက္လာတဲ့အတြက္ ကယ္ဆယ္ေရး လုပ္ငန္းေတြ ခဏရပ္ဆုိင္းဖုိ႔ ညႇိႏိႈင္း သေဘာတူခဲ့ၾကပါတယ္။

မယ္ဆိုင္က ကယ္ဆယ္ေရး အဖဲြ႕ဝင္ ၇ ေယာက္က ဂူအတြင္းပိုင္းထဲ ေရာက္ႏုိင္သမွ်ေရာက္ေအာင္ ဝင္တိုးၿပီး ေရေတြကို စုပ္ထုတ္ဖုိ႔ စစ္ေဆးၾကည့္တယ္။ အဆင္မေျပႏုိင္တာေၾကာင့္ လက္ေလွ်ာ့ခဲ့ရပါတယ္။

ေန႔လယ္မွာ ေရငုပ္သမားေတြက ေရဝင္ဧရိယာထဲ ငုပ္လွ်ိဳးၾကည့္ၾကတယ္။ ေနာက္က်ိၿပီး ေ႐ွ႕ကို ဘာမွ မျမင္ရတဲ့ ေရျပင္ဟာ ၁၅ ေပေလာက္ထိ နက္ေနတာ ေတြ႕ခဲ့ရတယ္။ ၄၅ ေပေလာက္ပဲ ေ႐ွ႕တုိးႏုိင္ခဲ့တဲ့ေနာက္ ေရငုပ္သမားေတြလည္း ျပန္တက္လာရပါတယ္။ ညေနပိုင္းမွာေတာ့ ကယ္ဆယ္ေရး အဖြဲ႕ေခါင္းေဆာင္က ေရတပ္ရဲ႕ ေရငပုပ္သမားေတြကိုပါ အကူအညီေပးဖုိ႔ အေၾကာင္းၾကားခဲ့ပါတယ္။

ဒုတိယေန႔ (ဇြန္ ၂၅)

ထုိင္းစစ္သားေတြနဲ႔ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ေတြ ၁၀ ဦးပါတဲ့ အဖြဲ႕ဟာ ညသန္းေခါင္ေက်ာ္တာနဲ႔ ဂူထဲကို ဝင္သြားၿပီး လုိက္ရွာပါတယ္။ မဲေခါင္ ျမစ္ေၾကာင္း ကယ္ဆယ္ေရး အဖြဲ႕က ပညာရွင္ေတြလည္း လာပူးေပါင္းတယ္။ ေနာက္ေတာ့ ေရတပ္ရဲ႕ ကြန္မန္ဒို အဖြဲ႕သားေတြလည္း ေရာက္လာၾကပါတယ္။

မနက္ အလင္းေရာင္ရခ်ိန္မွာ ေရတပ္ ကြန္မန္ဒိုေတြက ေလးဖြဲ႕ခြဲလုိက္တယ္။ ေ႐ွ႕က ကယ္ဆယ္ေရး လုပ္ငန္း ေဆာင္ရြက္ထားသူေတြနဲ႔ ဝင္ပူးေပါင္းပါတယ္။ အလွည့္က် ရွာေဖြေပမယ့္ လူငယ္ေတြနဲ႔ ပတ္သက္လုိ႔ ဘာသဲလြန္စမွ ထပ္မေတြ႕ခဲ့ဘူး။

ေရေအာက္ကို ငုပ္ၿပီး ရွာခ်ိန္မွာေတာ့ ၅ မိုင္ေလာက္ ရွည္လ်ားတဲ့ ဥမင္ အတြင္းပိုင္း ဝင္ေပါက္ကို စေတြ႕ပါတယ္။ လူငယ္ေတြရဲ႕ ေျခရာေတြကိုလည္း ေရေအာက္ နစ္ျမဳပ္ေနေပမယ့္ ရွာေတြ႕ခဲ့တယ္။ ကယ္ဆယ္ေရး အဖြဲ႕ေတြ အားတက္လာပါတယ္။

တတိယေန႔ (ဇြန္ ၂၆)

တစ္ႏုိင္ငံလံုး စိတ္ဝင္စားလာတဲ့ ကိစၥကို အစိုးရကိုယ္တုိင္ တံု႔ျပန္ ကိုင္တြယ္လာပါတယ္။ ထုိင္းျပည္ထဲေရးဝန္ႀကီး အႏူပြန္ ေပါင္ဂ်င္ဒါကိုယ္တိုင္ ဂူဝထိ ေရာက္လာတယ္။ စိုးရိမ္ ေသာကေရာက္ေနတဲ့ မိဘေဆြမ်ိဳးေတြကိုလည္း အားေပးစကား ေျပာပါတယ္။

ဂူဝမွာေတာ့ အားေကာင္းတဲ့ မီးေမာင္းႀကီးေတြ စဆင္ေနပါၿပီ။ ၿပီးေတာ့ ဘန္ေကာက္ကေန သယ္လာတဲ့ ဧရာမ ေရစုပ္စက္ႀကီးေတြ စတင္ လည္ပတ္ေနတယ္။ ၿမိဳ႕ႀကီးတစ္ၿမိဳ႕လံုးမွာ ေရလႊမ္းမိုးမႈ မျဖစ္ႏုိင္ေအာင္ ကာကြယ္ေပးဖို႔ လံုေလာက္တဲ့ စက္ေတြဟာ ဂူထဲက ေရေတြကို ေဖာက္ထုတ္ဖို႔ေတာ့ အခက္ႀကံဳေနရပါတယ္။ မိုးကလည္း မႀကံဳဖူးေလာက္ေအာင္ သည္းသည္းမည္းမည္း ရြာေနတာေၾကာင့္ ေရက ခ်က္ခ်င္း ျပန္ျပန္ျပည့္သြားတယ္။

သတင္းေထာက္ေတြနဲ႔ ေတြ႕ဆံုခ်ိန္မွာ ဝန္ႀကီးက ေရတပ္ရဲ႕ ေရငုပ္သမားေတြဟာ ေန႔ဆုိင္းညဆိုင္း ခြဲၿပီး ရွာေဖြေနၾကတယ္လုိ႔ ေျပာသြားပါတယ္။ ဂူထဲမွာ အရင္ကတည္းက အလင္းေရာင္ မရတဲ့အတြက္ ေန႔နဲ႔ည ကြဲျပားမႈက ကယ္ဆယ္ေရးေတြအတြက္ သိပ္ၿပီး မထူးျခားဘူးလုိ႔ ဝန္ႀကီးက မွတ္ခ်က္ေပးပါတယ္။

ၿပီးေတာ့ လူငယ္ေတြ ေရာက္ရွိ ခိုေအာင္းေနမယ္လုိ႔ ယံုၾကည္ရတဲ့ ေနရာကို ဂူအျပင္ဖက္ကေန ဥမင္ေဖာက္ၿပီး ကယ္ဆယ္ဖုိ႔ စဉ္းစားေနေၾကာင္းလည္း ေျပာသြားခဲ့ပါတယ္။

စတုတၳေန႔ (ဇြန္ ၂၇)

အေမရိကန္ ေရတပ္နဲ႔ ၿဗိတိန္စစ္ဖက္က ပေရာ္ဖက္ရွင္နယ္ ေရငုပ္သမားေတြပါ ကယ္ဆယ္ေရးမွာ ပူးေပါင္း ပါဝင္လာပါတယ္။

ဂူရဲ႕ အျပင္ဖက္ကေန ေဖာက္ဝင္ဖုိ႔ ျဖစ္ႏုိင္ေျခ လမ္းေၾကာင္းေတြကို တြက္ဆေပမယ့္ အခက္အခဲေတြ ႀကံဳခဲ့ျပန္တယ္။ လမ္းမေပါက္တဲ့ ေနရာကို စက္ယႏၱရား အႀကီးစားေတြ ပို႔ေဆာင္လုိ႔ မရပါဘူး။ ၿပီးေတာ့ နံရံေတြကို ၿဖိဳခ်ရင္လည္း ေတာင္ၿပိဳမယ့္ အႏၱရာယ္ ရွိေနေသးတယ္။

ထိုင္းရဲ႕ အိမ္နီးခ်င္း ျမန္မာႏုိင္ငံဖက္ကလည္း လူငယ္ေတြ ေပ်ာက္ေနတဲ့ ဂူနဲ႔ ဆက္စပ္ေနတယ္လုိ႔ ယံုၾကည္ရတဲ့ တာခ်ီလိတ္ဖက္က ဂူေပါက္ေတြကို ဝင္ေရာက္ စစ္ေဆးၿပီး အကူအညီ ေပးမယ္လုိ႔ ေၾကညာလာပါတယ္။

ဂူအတြင္းပိုင္းမွာေတာ့ ကယ္ဆယ္ေရး လုပ္ငန္းေတြကို ပံုမွန္အတိုင္း အဆုိင္းခြဲၿပီး ဆက္လက္ ေဆာင္ရြက္ေနေပမယ့္ ေက်နပ္စရာ ရလဒ္မ်ိဳးေတာ့ ရွာမေတြ႕ခဲ့ပါဘူး။

ပဉၥမေန႔ (ဇြန္ ၂၈)

မိုးအရမ္းသည္းၿပီး ေရမ်က္ႏွာျပင္ ျပန္ျမင့္တက္လာလုိ႔ နာရီပိုင္းေလာက္ ဆိုင္းငံ့ခဲ့ရတဲ့ ကယ္ဆယ္ေရး လုပ္ငန္းေတြ ျပန္လည္ စတင္ပါတယ္။ ခ်င္း႐ိုင္ အုပ္ခ်ဳပ္ေရးမွဴးက ကေလးေတြအတြက္ စိုးရိမ္သလို ေရငုပ္သမားေတြရဲ႕ လံုၿခံဳေရးကိုလည္း အေလးထား စဉ္းစားေနရေၾကာင္း ရွင္းျပပါတယ္။

ေရငုပ္သမားေတြက ေရဝင္ ေပ်ာက္ကြယ္ေနတဲ့ ေနရာေတြကို လွည့္ပတ္စစ္ေဆးရင္း တျခားဝင္ေပါက္ေတြ ရွိႏုိင္မလား ဆိုတာကို ဆန္းစစ္ရွာေဖြၾကျပန္တယ္။ အေမရိကန္ ေရငုပ္အဖြဲ႕တစ္ခုလည္း ေရာက္လာေပမယ့္ အေျခအေန အရပ္ရပ္ေၾကာင့္ ခ်က္ခ်င္း ကယ္ဆယ္ေရး မလုပ္ႏုိင္ခဲ့ပါဘူး။

ငါးရက္ၾကာလာၿပီ ျဖစ္တဲ့ေနာက္ ကယ္ဆယ္ေရးသမားေတြ ပိုၿပီး စိုးရိမ္လာၾကတယ္။ ဂူထဲမွာ ကေလးေတြ အသက္ရွင္လ်က္ ပိတ္မိေနရင္ေတာင္ အစာေရစာ ျပတ္လပ္မႈဒဏ္ကို ဆိုးဆိုးရြားရြား ခံစားေနရႏုိင္တာက စိတ္ပူစရာ ျဖစ္လာပါတယ္။

ဆ႒မေန႔ (ဇြန္ ၂၉)

ဂူထဲမွာ သြယ္တန္းထားတဲ့ မီးႀကိဳးေတြကေနတဆင့္ ကယ္ဆယ္ေရးသမားတစ္ေယာက္ ဓာတ္လုိက္ၿပီး ေဆး႐ံု တင္လုိက္ရပါတယ္။

ရဟတ္ယာဉ္ တစ္စီးက ေက်ာက္ေတာင္ ထိပ္ပိုင္းမွာ ဂူထဲ ဝင္လုိ႔ ရႏုိင္မယ္လုိ႔ ထင္ရတဲ့ အေပါက္ငယ္ တစ္ခုကို ရွာေတြ႕ခဲ့တယ္။ ရဟတ္ယာဉ္ေတြကလည္း မိုးအရမ္း သည္းေနရင္ အႏၱရာယ္ မ်ားတာေၾကာင့္ အခ်ိန္ေရြးၿပီး ပ်ံသန္းရတာပါ။ အဲဒီ အေပါက္ေလးထဲကို ပညာရွင္ တစ္ေယာက္က ရႏုိင္သေလာက္ ဝင္ၾကည့္တယ္။ ၿပီးေတာ့ စားနပ္ရိကၡာနဲ႔ တျခားလိုအပ္မယ့္ လူ႔အသံုးအေဆာင္ေတြ ပါရွိတဲ့ ေသတၱာေလးေတြ ပစ္ခ်ေပးဖုိ႔ စီစဉ္ၾကပါတယ္။ ပိတ္မိေနတဲ့ လူငယ္ေတြဆီ ေရာက္လိုေရာက္ျငားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ပါ။

အဲဒီေန႔မွာပဲ ထိုင္းဝန္ႀကီးခ်ဳပ္ ပယာရြတ္သ္ ခ်န္အိုခ်ာကိုယ္တိုင္ ကယ္ဆယ္ေရး လုပ္ငန္းခြင္ကို ေရာက္လာတယ္။ လူငယ္ေတြရဲ႕ မိဘေတြကို ေတြ႕ဆံုၿပီး ႏွစ္သိမ့္တယ္။ ကယ္ဆယ္ေရးေတြအတြက္ လိုအပ္သမွ် အကူအညီအားလံုး ေပးအပ္မယ္လုိ႔ပါ ကတိျပဳခဲ့ပါတယ္။

Credit to 7Day

==========

လူငယ် ၁၃ ဦး ဂူထဲမှာ ပျောက်ဆုံးမှု နေ့စွဲအလိုက် မှတ်တမ်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဒေသခံ လူငယ် ဘောလုံးအသင်းတစ်ခု သဘာဝ ရေဝင်ထုံးကျောက်ဂူ တစ်ခုထဲ ဝင်ရောက်သွားပြီး ပျောက်ဆုံးနေတာ အခုဆိုရင် တစ်ပတ်လောက် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ လူငယ် ၁၃ ယောက် စတင်ပျောက်ဆုံးသွားတဲ့ နေ့ကစလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အပတ်တကုတ် လုပ်ဆောင်နေပေမယ့် အခုထိတော့ ရှာမတွေ့သေးပါဘူး။ တစ်ကမ္ဘာလုံး စိတ်ဝင်စားနေတဲ့ ပျောက်ဆုံးမှုနဲ့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေအကြောင်း နေ့အလိုက် ဖြစ်ပျက်ခဲ့တာတွေကို အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။

အခင်းဖြစ်တဲ့နေ့ (ဇွန် ၂၃)

နည်းပြ ဘောလုံးအသင်းနည်းပြ အက်ကာပိုလ် ချန်သာဝေါင်က ဘောလုံးအသင်းရဲ့ လေ့ကျင့်ခန်း ဆင်းနေပုံကို Facebookပေါ်ကနေ Liveထုတ်လွှင့်ခဲ့ပါတယ်။ ဒါဟာ တောဝက်ရိုင်းများ လူငယ် ဘောလုံးအသင်းသားတွေ ဂူထဲ ဝင်ရောက် မပျောက်ကွယ်ခင် နောက်ဆုံး တွေ့မြင်လိုက်ရတဲ့ မှတ်တမ်းပါ။

ညနေပိုင်းမှာတော့ တောခေါင်းတစ်ယောက်က သဘာဝဥယျာဉ် ပိတ်ပြီဖြစ်ကြောင်း လိုက်သတိပေးရင်း ဂူပေါက်ဝမှာ စက်ဘီး ၁၁ စီး ရပ်ထားတာကို ရှာတွေ့သွားပါတယ်။ သူကပဲ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။

လူငယ်တွေထဲက တစ်ယောက်ရဲ့ မိဘက သူ့သားနဲ့ ဖုန်းအဆက်အသွယ် ရခဲ့ပြီး ဂူထဲမှာ တစ်ဖွဲ့လုံး ပိတ်မိနေမှန်း သိသွားတယ်။ မိဘတွေက ဂူဝ ရောက်လာသလို ရဲတပ်ဖွဲ့ရဲ့ ကင်းလှည့်ယူနစ်ကပါ လာရောက်စစ်ဆေးတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ပါတယ်။

ပထမနေ့ (ဇွန် ၂၄)

ရေဝင်ဂူထဲကို ဝင်နိုင်ဖို့ ရေငုပ်သမားတွေက စတင်ကြိုးစားပါတယ်။ မနက်အလင်းရောင် ရတဲ့ အချိန်မှာ ကယ်ဆယ်ရေးတွေက ဖြန့်ကျက်ရှာဖွေတဲ့အခါ ညှပ်ဖိနပ် ၁၁ ရန်ကို ရှာတွေ့ခဲ့တယ်။ ကယ်ဆယ်ရေး ကဏ္ဍကို စစ်တပ်ကပါ ပူးပေါင်း ကူညီလာပါတယ်။

မနက်အစောပိုင်းမှာ အဖွဲ့သားတွေ အရမ်းပင်ပန်းနေပြီး ဂူထဲမှာလည်း ရေမျက်နှာပြင် ဆက်မြင့်တက်လာတဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ ခဏရပ်ဆိုင်းဖို့ ညှိနှိုင်း သဘောတူခဲ့ကြပါတယ်။

မယ်ဆိုင်က ကယ်ဆယ်ရေး အဖွဲ့ဝင် ၇ ယောက်က ဂူအတွင်းပိုင်းထဲ ရောက်နိုင်သမျှရောက်အောင် ဝင်တိုးပြီး ရေတွေကို စုပ်ထုတ်ဖို့ စစ်ဆေးကြည့်တယ်။ အဆင်မပြေနိုင်တာကြောင့် လက်လျှော့ခဲ့ရပါတယ်။

နေ့လယ်မှာ ရေငုပ်သမားတွေက ရေဝင်ဧရိယာထဲ ငုပ်လျှိုးကြည့်ကြတယ်။ နောက်ကျိပြီး ရှေ့ကို ဘာမှ မမြင်ရတဲ့ ရေပြင်ဟာ ၁၅ ပေလောက်ထိ နက်နေတာ တွေ့ခဲ့ရတယ်။ ၄၅ ပေလောက်ပဲ ရှေ့တိုးနိုင်ခဲ့တဲ့နောက် ရေငုပ်သမားတွေလည်း ပြန်တက်လာရပါတယ်။ ညနေပိုင်းမှာတော့ ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်က ရေတပ်ရဲ့ ရေငပုပ်သမားတွေကိုပါ အကူအညီပေးဖို့ အကြောင်းကြားခဲ့ပါတယ်။

ဒုတိယနေ့ (ဇွန် ၂၅)

ထိုင်းစစ်သားတွေနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ ၁၀ ဦးပါတဲ့ အဖွဲ့ဟာ ညသန်းခေါင်ကျော်တာနဲ့ ဂူထဲကို ဝင်သွားပြီး လိုက်ရှာပါတယ်။ မဲခေါင် မြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့က ပညာရှင်တွေလည်း လာပူးပေါင်းတယ်။ နောက်တော့ ရေတပ်ရဲ့ ကွန်မန်ဒို အဖွဲ့သားတွေလည်း ရောက်လာကြပါတယ်။

မနက် အလင်းရောင်ရချိန်မှာ ရေတပ် ကွန်မန်ဒိုတွေက လေးဖွဲ့ခွဲလိုက်တယ်။ ရှေ့က ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ထားသူတွေနဲ့ ဝင်ပူးပေါင်းပါတယ်။ အလှည့်ကျ ရှာဖွေပေမယ့် လူငယ်တွေနဲ့ ပတ်သက်လို့ ဘာသဲလွန်စမှ ထပ်မတွေ့ခဲ့ဘူး။

ရေအောက်ကို ငုပ်ပြီး ရှာချိန်မှာတော့ ၅ မိုင်လောက် ရှည်လျားတဲ့ ဥမင် အတွင်းပိုင်း ဝင်ပေါက်ကို စတွေ့ပါတယ်။ လူငယ်တွေရဲ့ ခြေရာတွေကိုလည်း ရေအောက် နစ်မြုပ်နေပေမယ့် ရှာတွေ့ခဲ့တယ်။ ကယ်ဆယ်ရေး အဖွဲ့တွေ အားတက်လာပါတယ်။

တတိယနေ့ (ဇွန် ၂၆)

တစ်နိုင်ငံလုံး စိတ်ဝင်စားလာတဲ့ ကိစ္စကို အစိုးရကိုယ်တိုင် တုံ့ပြန် ကိုင်တွယ်လာပါတယ်။ ထိုင်းပြည်ထဲရေးဝန်ကြီး အနူပွန် ပေါင်ဂျင်ဒါကိုယ်တိုင် ဂူဝထိ ရောက်လာတယ်။ စိုးရိမ် သောကရောက်နေတဲ့ မိဘဆွေမျိုးတွေကိုလည်း အားပေးစကား ပြောပါတယ်။

ဂူဝမှာတော့ အားကောင်းတဲ့ မီးမောင်းကြီးတွေ စဆင်နေပါပြီ။ ပြီးတော့ ဘန်ကောက်ကနေ သယ်လာတဲ့ ဧရာမ ရေစုပ်စက်ကြီးတွေ စတင် လည်ပတ်နေတယ်။ မြို့ကြီးတစ်မြို့လုံးမှာ ရေလွှမ်းမိုးမှု မဖြစ်နိုင်အောင် ကာကွယ်ပေးဖို့ လုံလောက်တဲ့ စက်တွေဟာ ဂူထဲက ရေတွေကို ဖောက်ထုတ်ဖို့တော့ အခက်ကြုံနေရပါတယ်။ မိုးကလည်း မကြုံဖူးလောက်အောင် သည်းသည်းမည်းမည်း ရွာနေတာကြောင့် ရေက ချက်ချင်း ပြန်ပြန်ပြည့်သွားတယ်။

သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီးက ရေတပ်ရဲ့ ရေငုပ်သမားတွေဟာ နေ့ဆိုင်းညဆိုင်း ခွဲပြီး ရှာဖွေနေကြတယ်လို့ ပြောသွားပါတယ်။ ဂူထဲမှာ အရင်ကတည်းက အလင်းရောင် မရတဲ့အတွက် နေ့နဲ့ည ကွဲပြားမှုက ကယ်ဆယ်ရေးတွေအတွက် သိပ်ပြီး မထူးခြားဘူးလို့ ဝန်ကြီးက မှတ်ချက်ပေးပါတယ်။

ပြီးတော့ လူငယ်တွေ ရောက်ရှိ ခိုအောင်းနေမယ်လို့ ယုံကြည်ရတဲ့ နေရာကို ဂူအပြင်ဖက်ကနေ ဥမင်ဖောက်ပြီး ကယ်ဆယ်ဖို့ စဉ်းစားနေကြောင်းလည်း ပြောသွားခဲ့ပါတယ်။

စတုတ္ထနေ့ (ဇွန် ၂၇)

အမေရိကန် ရေတပ်နဲ့ ဗြိတိန်စစ်ဖက်က ပရော်ဖက်ရှင်နယ် ရေငုပ်သမားတွေပါ ကယ်ဆယ်ရေးမှာ ပူးပေါင်း ပါဝင်လာပါတယ်။

ဂူရဲ့ အပြင်ဖက်ကနေ ဖောက်ဝင်ဖို့ ဖြစ်နိုင်ခြေ လမ်းကြောင်းတွေကို တွက်ဆပေမယ့် အခက်အခဲတွေ ကြုံခဲ့ပြန်တယ်။ လမ်းမပေါက်တဲ့ နေရာကို စက်ယန္တရား အကြီးစားတွေ ပို့ဆောင်လို့ မရပါဘူး။ ပြီးတော့ နံရံတွေကို ဖြိုချရင်လည်း တောင်ပြိုမယ့် အန္တရာယ် ရှိနေသေးတယ်။

ထိုင်းရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံဖက်ကလည်း လူငယ်တွေ ပျောက်နေတဲ့ ဂူနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ရတဲ့ တာချီလိတ်ဖက်က ဂူပေါက်တွေကို ဝင်ရောက် စစ်ဆေးပြီး အကူအညီ ပေးမယ်လို့ ကြေညာလာပါတယ်။

ဂူအတွင်းပိုင်းမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပုံမှန်အတိုင်း အဆိုင်းခွဲပြီး ဆက်လက် ဆောင်ရွက်နေပေမယ့် ကျေနပ်စရာ ရလဒ်မျိုးတော့ ရှာမတွေ့ခဲ့ပါဘူး။

ပဉ္စမနေ့ (ဇွန် ၂၈)

မိုးအရမ်းသည်းပြီး ရေမျက်နှာပြင် ပြန်မြင့်တက်လာလို့ နာရီပိုင်းလောက် ဆိုင်းငံ့ခဲ့ရတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည် စတင်ပါတယ်။ ချင်းရိုင် အုပ်ချုပ်ရေးမှူးက ကလေးတွေအတွက် စိုးရိမ်သလို ရေငုပ်သမားတွေရဲ့ လုံခြုံရေးကိုလည်း အလေးထား စဉ်းစားနေရကြောင်း ရှင်းပြပါတယ်။

ရေငုပ်သမားတွေက ရေဝင် ပျောက်ကွယ်နေတဲ့ နေရာတွေကို လှည့်ပတ်စစ်ဆေးရင်း တခြားဝင်ပေါက်တွေ ရှိနိုင်မလား ဆိုတာကို ဆန်းစစ်ရှာဖွေကြပြန်တယ်။ အမေရိကန် ရေငုပ်အဖွဲ့တစ်ခုလည်း ရောက်လာပေမယ့် အခြေအနေ အရပ်ရပ်ကြောင့် ချက်ချင်း ကယ်ဆယ်ရေး မလုပ်နိုင်ခဲ့ပါဘူး။

ငါးရက်ကြာလာပြီ ဖြစ်တဲ့နောက် ကယ်ဆယ်ရေးသမားတွေ ပိုပြီး စိုးရိမ်လာကြတယ်။ ဂူထဲမှာ ကလေးတွေ အသက်ရှင်လျက် ပိတ်မိနေရင်တောင် အစာရေစာ ပြတ်လပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရနိုင်တာက စိတ်ပူစရာ ဖြစ်လာပါတယ်။

ဆဋ္ဌမနေ့ (ဇွန် ၂၉)

ဂူထဲမှာ သွယ်တန်းထားတဲ့ မီးကြိုးတွေကနေတဆင့် ကယ်ဆယ်ရေးသမားတစ်ယောက် ဓာတ်လိုက်ပြီး ဆေးရုံ တင်လိုက်ရပါတယ်။

ရဟတ်ယာဉ် တစ်စီးက ကျောက်တောင် ထိပ်ပိုင်းမှာ ဂူထဲ ဝင်လို့ ရနိုင်မယ်လို့ ထင်ရတဲ့ အပေါက်ငယ် တစ်ခုကို ရှာတွေ့ခဲ့တယ်။ ရဟတ်ယာဉ်တွေကလည်း မိုးအရမ်း သည်းနေရင် အန္တရာယ် များတာကြောင့် အချိန်ရွေးပြီး ပျံသန်းရတာပါ။ အဲဒီ အပေါက်လေးထဲကို ပညာရှင် တစ်ယောက်က ရနိုင်သလောက် ဝင်ကြည့်တယ်။ ပြီးတော့ စားနပ်ရိက္ခာနဲ့ တခြားလိုအပ်မယ့် လူ့အသုံးအဆောင်တွေ ပါရှိတဲ့ သေတ္တာလေးတွေ ပစ်ချပေးဖို့ စီစဉ်ကြပါတယ်။ ပိတ်မိနေတဲ့ လူငယ်တွေဆီ ရောက်လိုရောက်ငြားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။

အဲဒီနေ့မှာပဲ ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာကိုယ်တိုင် ကယ်ဆယ်ရေး လုပ်ငန်းခွင်ကို ရောက်လာတယ်။ လူငယ်တွေရဲ့ မိဘတွေကို တွေ့ဆုံပြီး နှစ်သိမ့်တယ်။ ကယ်ဆယ်ရေးတွေအတွက် လိုအပ်သမျှ အကူအညီအားလုံး ပေးအပ်မယ်လို့ပါ ကတိပြုခဲ့ပါတယ်။

Credit to 7Day

Comments