လူတိုင္းက ေစာင့္ေမွ်ာ္ေနတဲ့ ဂူထဲက ကေလးမ်ားနဲ႔ ရာဇ၀င္တြင္မယ့္ ဇာတ္လမ္း....



ကေလးေတြေပ်ာက္သြားတဲ့ လိႈင္ဂူႀကီးနဲ႔ ရာဇ၀င္တြင္မယ့္ ဇာတ္လမ္းေလး

ရာဇဝင္တြင္မယ့္ ဇာတ္လမ္းေလး

ယိုးဒယားခေလးေတြေပ်ာက္သြားတဲ့ လိႈင္ဂူဟာ ရွမ္းျပည္နယ္အေရွ့ပိုင္းတာခ်ီလိတ္ျမိဳ႔နယ္ထဲက ျမန္မာျပည္နယ္နိမိတ္နဲ႔ အေတာ္နီးနီးကပ္ကပ္ရွိေနတဲ့လိႈင္ဂူပါပဲ။

လိႈင္ဂူရွိရာ ေတာင္တန္းၾကီးရဲ့အမည္ ကို ျမန္မာလိုဘာသာျပန္ရမယ္ဆိုရင္“မင္းသမီးလဲေလ်ာင္းေတာင္ “လို႔ပဲဆိုရမယ္။




ဒီနာမည္တြင္ရတဲ့ဒ႑ာရီဟာလည္းစိတ္ဝင္စားစရာ၊ဒ႑ာရီအရ တ႐ုတ္ျပည္ ဆစ္ေဆာင္ပန္နားေဒသမွာဘုရင့္သမီးေတာ္တစ္ပါးနဲ႔ ဘုရင့္ျမင္းထိန္းတစ္ဦးတို႔ရဲ႕အခ်စ္ဇတ္လမ္းပါပဲ။



ဘုရင္သမီးကိုယ္ေလးလက္ဝန္ရွိလာတဲ့အခါ ဘုရင္ႀကီးသိသြားျပီးေဒါသူပုန္ထ၊ခ်စ္သူႏွစ္ဦးက ေၾကာက္လန္႔ၿပီးေတာင္ဘက္အရပ္ကိုထြက္ေျပး၊ေတာနက္ထဲမွာမင္းသမီးဆာေလာင္လာလို႔ခင္ပြန္းကသူ႔ကိုတစ္ေနရာမွာတစ္ေယာက္ထဲထားခဲ့ၿပီး အစာထြက္ရွာတယ္ေပါ့



အဲဒီအခ်ိန္မွာ ေနာက္ကလိုက္လာတဲ့ဘုရင့္တပ္သားေတြကမင္းသမီးရဲ႕ခင္ပြန္းကျကိုးခ်ည္ထားတဲ့ ျမင္းကိုအရင္ေတြ႕ရာကေန ျမင္းထိန္းကိုလည္းေနာက္ဆုံးရွာေတြ႕ျပီး တခါတည္းသတ္ျဖတ္လိုက္ျကတယ္တဲ့၊ေနာက္ေတာ့မင္းသမီးကိုလည္း



ရွာေဖြေတြ႕ရွိခဲ့ျပီးခမည္းေတာ္ရွိရာ ေနျပည္ေတာ္ကို ဘုရင့္တပ္သားေတြက ျပန္ေခၚဖို႔ေလွ်ာက္ထားေပမယ့္ သူ႔ခင္ပြန္းအသတ္ခံခဲ့ရတာသိၿပီးေနာက္မင္းသမီးဟာလည္း သူ႔ဆံထုံးမွာထိုးထားတဲ့ဆံထိုးကိုဆြဲႏႈတ္ၿပီးေတာ့ သူ႔လည္ပင္းထဲကိုထိုးစိုက္ၿပီးဘုရင့္ရဲမက္ေတြေရွ႕မွာပဲ သတ္ေသခဲ့တယ္



မင္းသမီးကိုယ္က စီးထြက္သြားတဲ့ေသြးဟာ ေခ်ာင္းေရအျဖစ္ေျပာင္းသြားခဲ့ၿပီးေတာ့အခုေခတ္

တာခ်ီလိတ္- မယ္ဆိုင္ၿမိဳ႕အၾကားစီးဆင္းေနတဲ့ နယ္စပ္မ်ဥ္းေပၚကမယ္ဆိုင္ေခ်ာင္းျဖစ္ပါသတဲ့။

သူလဲက်သြားခဲ့တဲ့ေနရာဟာ ျမန္မာလို “မင္းသမီးလဲေလ်ာင္းေတာင္”လို႔အဓိပၸါယ္ရတဲ့ ဒြိဳင္နန္းေနာင္း ေတာင္တန္းႀကီးျဖစ္သြားပါသတဲ့။

အဲဒီေတာင္ရဲ့ေအာက္ေျခမွာရွိတဲ့လိႈင္ဂူျကီးကေတာ့ မင္းသမီးရဲ့ေမြးလမ္းေျကာင္းျဖစ္ပါသတဲ့။



ျမန္မာေတြအသိမ်ားတဲ့ ဘုရင္မပန္းျခံရွိရာ ဒိြဳင္တုံး ေတာင္ကေတာ့မင္းသမီးရဲ့ ကိုယ္ဝန္ဗိုက္ျကီးျဖစ္ပါသတဲ့ ။

အခု ယိုးဒယားခေလးေတြေပ်ာက္သြားတဲ့ေနရာဟာ မင္းသမီးရဲ့ေမြးလမ္းေျကာင္းလို႔ ေျပာတဲ့လိႈင္ဂူထဲမွာပဲ။

ဟုတ္ေသာ္ရွိမဟုတ္ေသာ္ရွိ ေဒသခံေတြကေတာ့သူတို႔ခေလးေတြကိုျပန္ေပးဖို႔အဲမင္းသမီးကိုေတာင္းပန္ေနျကျပီ။

လူေတြစိတ္ဝင္စားတဲ့သတင္းေနာက္ကြယ္က ဒ႑ာရီဇတ္လမ္းေလးတစ္ပုဒ္ေပါ့။



ယုံျကည္တာမယုံျကည္တာကေတာ့တစ္ဦးခ်င္းစီနဲ႔ဆိုင္တဲ့ကိုယ္ပိုင္လြတ္လပ္ခြင့္ပါေလ။

မွတ္ခ်က္….

ဒီကေန႔ 30.6.2018 ..9 am

ထိ မေတြ႕ေသးပါဘူး

Credit – ဗဟုသုတ

===========

ရာဇဝင်တွင်မယ့် ဇာတ်လမ်းလေး

ယိုးဒယားခလေးတွေပျောက်သွားတဲ့ လှိုင်ဂူဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့နယ်ထဲက မြန်မာပြည်နယ်နိမိတ်နဲ့ အတော်နီးနီးကပ်ကပ်ရှိနေတဲ့လှိုင်ဂူပါပဲ။

လှိုင်ဂူရှိရာ တောင်တန်းကြီးရဲ့အမည် ကို မြန်မာလိုဘာသာပြန်ရမယ်ဆိုရင်“မင်းသမီးလဲလျောင်းတောင် “လို့ပဲဆိုရမယ်။

ဒီနာမည်တွင်ရတဲ့ဒဏ္ဍာရီဟာလည်းစိတ်ဝင်စားစရာ၊ဒဏ္ဍာရီအရ တရုတ်ပြည် ဆစ်ဆောင်ပန်နားဒေသမှာဘုရင့်သမီးတော်တစ်ပါးနဲ့ ဘုရင့်မြင်းထိန်းတစ်ဦးတို့ရဲ့အချစ်ဇတ်လမ်းပါပဲ။

ဘုရင်သမီးကိုယ်လေးလက်ဝန်ရှိလာတဲ့အခါ ဘုရင်ကြီးသိသွားပြီးဒေါသူပုန်ထ၊ချစ်သူနှစ်ဦးက ကြောက်လန့်ပြီးတောင်ဘက်အရပ်ကိုထွက်ပြေး၊တောနက်ထဲမှာမင်းသမီးဆာလောင်လာလို့ခင်ပွန်းကသူ့ကိုတစ်နေရာမှာတစ်ယောက်ထဲထားခဲ့ပြီး အစာထွက်ရှာတယ်ပေါ့

အဲဒီအချိန်မှာ နောက်ကလိုက်လာတဲ့ဘုရင့်တပ်သားတွေကမင်းသမီးရဲ့ခင်ပွန်းကကြိုးချည်ထားတဲ့ မြင်းကိုအရင်တွေ့ရာကနေ မြင်းထိန်းကိုလည်းနောက်ဆုံးရှာတွေ့ပြီး တခါတည်းသတ်ဖြတ်လိုက်ကြတယ်တဲ့၊နောက်တော့မင်းသမီးကိုလည်း

ရှာဖွေတွေ့ရှိခဲ့ပြီးခမည်းတော်ရှိရာ နေပြည်တော်ကို ဘုရင့်တပ်သားတွေက ပြန်ခေါ်ဖို့လျှောက်ထားပေမယ့် သူ့ခင်ပွန်းအသတ်ခံခဲ့ရတာသိပြီးနောက်မင်းသမီးဟာလည်း သူ့ဆံထုံးမှာထိုးထားတဲ့ဆံထိုးကိုဆွဲနှုတ်ပြီးတော့ သူ့လည်ပင်းထဲကိုထိုးစိုက်ပြီးဘုရင့်ရဲမက်တွေရှေ့မှာပဲ သတ်သေခဲ့တယ်

မင်းသမီးကိုယ်က စီးထွက်သွားတဲ့သွေးဟာ ချောင်းရေအဖြစ်ပြောင်းသွားခဲ့ပြီးတော့အခုခေတ်

တာချီလိတ်- မယ်ဆိုင်မြို့အကြားစီးဆင်းနေတဲ့ နယ်စပ်မျဉ်းပေါ်ကမယ်ဆိုင်ချောင်းဖြစ်ပါသတဲ့။

သူလဲကျသွားခဲ့တဲ့နေရာဟာ မြန်မာလို “မင်းသမီးလဲလျောင်းတောင်”လို့အဓိပ္ပါယ်ရတဲ့ ဒွိုင်နန်းနောင်း တောင်တန်းကြီးဖြစ်သွားပါသတဲ့။

အဲဒီတောင်ရဲ့အောက်ခြေမှာရှိတဲ့လှိုင်ဂူကြီးကတော့ မင်းသမီးရဲ့မွေးလမ်းကြောင်းဖြစ်ပါသတဲ့။

မြန်မာတွေအသိများတဲ့ ဘုရင်မပန်းခြံရှိရာ ဒွိုင်တုံး တောင်ကတော့မင်းသမီးရဲ့ ကိုယ်ဝန်ဗိုက်ကြီးဖြစ်ပါသတဲ့ ။

အခု ယိုးဒယားခလေးတွေပျောက်သွားတဲ့နေရာဟာ မင်းသမီးရဲ့မွေးလမ်းကြောင်းလို့ ပြောတဲ့လှိုင်ဂူထဲမှာပဲ။

ဟုတ်သော်ရှိမဟုတ်သော်ရှိ ဒေသခံတွေကတော့သူတို့ခလေးတွေကိုပြန်ပေးဖို့အဲမင်းသမီးကိုတောင်းပန်နေကြပြီ။

လူတွေစိတ်ဝင်စားတဲ့သတင်းနောက်ကွယ်က ဒဏ္ဍာရီဇတ်လမ်းလေးတစ်ပုဒ်ပေါ့။

ယုံကြည်တာမယုံကြည်တာကတော့တစ်ဦးချင်းစီနဲ့ဆိုင်တဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ပါလေ။

မှတ်ချက်….

ဒီကနေ့ 30.6.2018 ..9 am

ထိ မတွေ့သေးပါဘူး

Credit – ဗဟုသုတ

Comments