ဂူထဲက ကလေးများ နောက်ဆုံးသတင်း.. အခြေအနေ.. သိရသလောက် အားတွေရှိလာတယ်…


















Credit – SiThu Maung

==========

နောက်ဆုံးသတင်း.. အခြေအနေ

Thai Navy Seal အထူးတပ်ဖွဲ့မှ ဂူအတွင်းမှသောက်ရေနှင့်

စားသောက်ဖွယ်ရာများကို ၁၆:၀၀ ချိန်ခန့်တွင် စက်ဖြင့်တဆင့်တောင်းခံခဲ့ပါသည်..ယခုရောက်ရှိနေသောနေရာမှနောက်

ထပ်(၂) ကီလိုခန့်ဝင်ရောက်သွားမည်ဆိုပါက ဂူအတွင်း၌



ရေပတ်လည်ဝန်းရံထားသောကုန်းကမူပြန့်တစ်ခုရှိကြောင်း

ထိုနေရာတွင်ရှိနိုင်ကြောင်းသုံးသပ်ကြောင်း..

ညနေ၁၈:၀၀ ချိန်အတွင်း ပျောက်ဆုံးနေသော နည်းပြ(၁) ဦနှင့်

ကစားသမား(၁၂) ဦးအားရှာဖွေတွေ့ရှိနိုင်မည်ဟုသုံး



သပ်ပြောဆိုကြောင်းသတင်းပို့လာပါသည် ။

လက်ရှိထိုင်းနိုင်ငံရုပ်သံသတင်းဌာနများမှ နာရီဝက်တစ်ကြိမ်

နောက်ဆုံးအခြေအနေများကို တိုက်ရိုက်ထုတ်လွှင့်ရှိနေပါသည် ။

Credit – SiThu Maung

==========











ဂူအတွင်းမြေပုံ





========

ဂူအတွင်းမှ ကလေးများကို ကယ်တင်ရန် ရေနှင့်ရွှံ့နွံများက တားဆီးပိတ်ဆို့ လျက်ရှိ

ထိုင်းနိုင်ငံ မယ့်ဆိုင်ခရိုင်ရှိ ထမ်လုံခွန်နမ် ရေထွက်ဂူအတွင်း ပြီးခဲ့သည့် စနေနေ့က ဝင်ရောက်ရာမှာ ပျောက်ဆုံးသွားသည့် ကလေး ၁၂ဦးနှင့် ဘောလုံးနည်းပြ ၁ဦးကို ကယ်တင်ရန် ဒုတိယနေ့ ဆက်လက်ကြိုးပမ်းရာ လိုဏ်ဂူအခန်းသို့ သွားရာလမ်း မှာ အလွန်အမင်းကျဉ်းမြောင်းပြီး ရေတွေ ဖုံးနေကာ ရွှံ့နှင့် သဲတို့ထူနေကြောင်း သိရသည်။

ရေငုပ်သမားများက လိုဏ်ဂူအတွင်းရှိ အခန်းကျယ်ထဲအထိ ရောက်အောင် မစွမ်းဆောင်နိုင် ပဲရှိရာ ယင်းလိုဏ်ဂူအခန်း သည် မူလဝင်ပေါက်မှ ၄ ကီလိုမီတာဝန်းကျင်တွင် ရှိနေပြီး ဆက်ဝင်သွားလျှင် ၆ ကီလိုမီတာမှ ၈ ကီလိုမီတာရှိမည်ဟု ယူဆရသည်ဟု Khaosad သတင်းကဆိုသည်။

ယင်းလိုဏ်ဂူသည် မိုးရာသီကာလ ဇွန်လမှ အောက်တိုဘာလအထိ ရေပြည့်နေတတ်ကြောင်း ယခင်က လည်း ခရီးသွားများ ရေကြီး၍ ပိတ်မိနေသည့်အတွက် နောက်ရက်ရေကျမှ ကယ်ဆယ်ခဲ့ရဖူးသည့် သာဓကများလည်း ရှိကြောင်း သစ်တော အရာ ရှိတဦးဖြစ်သူ ကာမော်ချိုင်ကော့ချာက ပြောသည်။

ဂူအတွင်းမြေပုံ

အဆိုပါ ကျောင်းသား ၁၂ဦးနဲ့ နည်းပြ ၁ဦးဟာ ဇွန်လ ၂၃ရက်နေ့ မနက်ပိုင်းက မယ်ဆိုင်မြို့မှာ ဘောလုံးလေ့ကျင့်မှုများ ပြုလုပ်ပြီးတဲ့နောက်မှာ အဆိုပါ ထမ်လုံခွန်နမ် ရေထွက်ဂူကို သွားရောက် ခဲ့ခြင်းဖြစ်သည်။

ယနေ့မနက်မှာတော့ ထိုင်းရေတပ်မှ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ကျောင်းသား ၁၂ဦးနှင့် နည်းပြတဦးကို ကယ်တင်ဖို့ ဂူအတွင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

Topics: မယ်ဆိုင်မြို့မှ ကလေး ၁၂ဦး ပျောက်ဆုံးမှု

Credit – burma.irrawaddy

Comments