--------------------------------
သို့ .....
Credit. သင်​တန်းက
(ခင်​လွမ်း)
==============
ကျောင်းဆရာမ​လေး မှ သူ၏ချစ်​သူထံသို့​ရေး​သောစာ
--------------------------------
သို့ .....
လစာမကချစ်​ရပါ​သော​မောင်​
ဒီစာကိုဖတ်​ ​ရေငတ်​သလိုလို ​လေဖြတ်​သလိုလိုမဖြစ်​လိုက်​နဲ့​​မောင်​ ။ ​
ရင်​ပူရင်​​ချောင်​းထဲသွား န​ှ​ာ​ခေါင်​း​လေးများ​ဖော်​ထားပြီး ခဏက​လေးစိမ်​ ​ရေတိမ်​မှာ​တော့မနစ်​​စေနဲ့ ​မောင်​ - - -
ဒီတစ်​​နွေ​ကျောင်​းပိတ်​ရက်​ သင်​တန်​​း​တွေနှိပ်​စက်​လို့ချစ်​ အိမ်​ပြန်​ရခက်​ပြီ​မောင်​.....
ချစ်​ပြန်​လာမှာကြိုလို့​တွေး ရန်​မ​အေးတဲ့ ​မောင်​့အကြံ​လေး​တွေ​လည်​း ဟင်​း ဟင်​းးးးဟင်​းးး- -
အခု​တော့ ကျမ ပါး သနပ်​ခါ​လေး​တွေ​နေရာယူ ​မောင်​့ကို ကလူ - - ကလူ လုပ်​​နေကြပြီ​လေ - - - ။
​ပြောရဦးမယ်​​မောင်​ ပြီးခဲ့တဲ့ တစ်​လတည်​း ရှစ်​တန်​းနဲ့ဆယ်​တန်​း - - စာ​မေပွဲခန်​း​တွေထဲမှာ​လေ - -
၃ နာရီ​ ​​ခြေလျင်​​လျောက်​ ၁၀ မိုင်​​လောက်​ ခရီး​ပေါက်​သမို့ ​ခြေသလုံး​တွေထွားပေါင်​လုံး​တွေကြွားပြီးအောက်​ပိုင်​းကြီးကား​နေပြီ​မောင်​ ။
ပြန်​လာရင်​လည်​း​မောင်​မမှတ်​မိ -ကွတတကြီးဖြစ်​​နေ​တော့မှာမို့ ပြန်​မလာဖြစ်​တာပဲ ​ကောင်​းပါတယ်​​မောင်​ရယ်​ ။ - -
ဒီလို​ပြောလို့များ စိတ်​​ထွေပြား​ ၊ ​မောင်​့စိတ်​​တွေဟိုဟိုဒီဒီ ကစားဘို့များ​တော့မစဉ်​းစားလိုက်​နဲ့​နော်​ - - -
​ကျောင်​းဆရာမလက်​ဝါး​စောင်​း ​သေနတ်​​ပြောင်​းထက်​​ကြောက်​ဘို့​ကောင်​းတယ်​ဆိုတာ​မောင်​မှတ်​ထားကြားလား! ! ! !
အင်​း းးး ဒီလို​တွေအကြိမ်​းအဝါး​ကောင်​းလို့လည်​းမိဘ​တွေကမျက်​လုံးပြူး ၊ လူကြီး​တွေက ဟိုအလုံးပြူးပြီး( မျက်​လုံးလို့ပဲမှတ်​လိုက်​ပါ​မောင်​ )....
​ကျောင်​းဆရာမ​တွေကိုအထင်​လွဲ ကင်​​ပေတိုင်​ပုလိပ်​​တွေပဲလို့ ထင်​ကုန်​ကြပြီ​မောင်​ - -
သူတို့သား သမီး​တွေကို လက်​သည်​းခွာ အ​ရေဆုတ်​ တစ်​ကယ်​လုပ်​မည်​့ ရုပ်​​တွေများ​ပေါက်​​နေကြသလားမသိပါဘူး​မောင်​ရယ်​ - - ။
တစ်​ကယ်​​တော့ အပျို​လေး​ပေမဲ့က​လေး​တွေတို့လို့တွဲလဲ စာတတ်​ဘို့အ​လေးကဲပြီး ​ချော့တစ်​ခါ ​ခြောက်​တလှည်​့ ၊
ထုတစ်​ခါ သတ်​တလှည်​့နဲ့ သံပုရာသီး ဘီးလူးစားသလို မျက်​နှာကိုအချိုး​ပြောင်​း ဘီးလူးဆိုင်​းနဲ့​မောင်​း ရတာမျိုးလည်​းရှိတာ​ပေါ့​မောင်​ရယ်​ ။
ကဗျာ​တွေဆိုကြ သီချင်​း​တွေဆိုကြ​တော့လည်​း ​လေဘာတီက အစ်​မ​ခေါ် ​ရွှေလိပ်​ပြာက "​တော်​လှချည်​ရဲ့​နော်​" လို့ ချီးကျူးရ​လောက်​​အောင်​ ချစ်​တို့ဆရာမ​တွေကအဆို​ကောင်​း အက​ကောင်​း ​မောင်​ရဲ့ - -။
အခုလာမည်​့ သင်​ရိုးသစ်​ grade one မှာလည်​းကလိုက်​ ခုန်​လိုက်​ ​အေရိုးဗစ်​​တွေ ကစားလိုက်​နဲ့ဆိုရင်​ အမယ်​- - ​ဘော်​ဒီ structure (စထွက်​ရှာ) တစ်​ကယ်​​ကောင်​း ​ဟင်​းး ဟင်​းး ​....
မောင ်​စိတ်​​ပြောင်​းသွားမှာမြင်​​ယောင်​​သေး တယ်​ ။ (သင်​တန်​း​ကြောင်​့ ​မောင်​ စိတ်​ဆိုး​နေတာကို​ပြောပါတယ်​)...
​ကျောင်​းဆရာမဆို​တော့ ဒီလိုပဲ​ပေါ့​မောင်​ရယ်​- -ရတဲ့လစာကို " နည်​းတယ်​ နည်​းတယ်​ " လို့သ​ဘောမထား - - ​
မောင်​ရှာ​ကျွေးမှာများ - - ချစ်​က​တော့ စိတ်​ပူမထားပါဘူး​မောင်​ ။
 ​သြော်​ - - ​မောင်​​ရေ ဒါနဲ့- - စကားမစပ်​ အချက်​အပြုတ်​က​လေးများလည်​း ​မောင်​့​မေ​မေဆီမှာ သင်​ထားဦး​နော်​ - -
​မောင်​့ လက်​​မောင်​းကြီး​တွေ​တောင်​့တာ ချစ်​ သိထား​တော့ အ​လျော်​အဖွတ်​အတွက်​​တော့ စိတ်​ချပြီးသားပါ​မောင်​....
က​လေးထိန်​းနည်​းကို​တော့ ချစ်​ နဲ့​မောင်​ မင်္ဂလာ​ဆောင်​ပြီးမှ ချစ်​​မေ​မေကသင်​​ပေးပါလိမ်​့မယ်​လေ မပူနဲ့ ။
ကဲ - - ​မောင်​​ရေ သစ်​ရွက်​​တွေက​ကြွေ ချစ်​ နဲ့ကလည်​း​ဝေး​နေဆို​တော့ စိတ်​မ​ကောင်​းဘူး ဆိုပြီး ဘီယာ​တွေ ဆိုင်​​ပြောင်​း​သောက်​မ​နေနဲ့ ...
KTV မာဆတ်​ တစ်​ရက်​​လောက်​များသွားနှပ်​တယ်​ကြားလို့က​တော့ ​သေခန်​း ရှင်​ခန်​းပြတ်​ ​ဝေးပြီသာမှတ်​....
အလွမ်​းလည်​း ​ပြေကျန်​းမာ​ရေးလည်​းညီ​လေ​အောင်​ အချက်​အပြုတ်​ အ​လျော်​အဖွပ်​ ​လေ့ကျင်​့ခန်​း​လေးလုပ်​ရင်​း ​နေ ။
PS_ ​ကျောင်​းက​နေ လစ်​လို့ရတဲ့​နေ့ ​မောင်​နဲ့ ပြန်​လာ​တွေ့ပါ့မယ်​ ။
Credit. သင်​တန်​းက
(ခင်​လွမ်​း)
Comments