ဘာတွေဖြစ်ကုန်ပီလဲဗျာ.. ကျောင်းသားတွေကို ဆရာက ထိုင်ကန်တော့ ထိုင်ရှိခိုးတဲ့ ဗွီဒီယိုဖိုင်ပါ


အောက်ဆုံးတွင် ဗွီဒီယိုဖိုင်ကြည့်ရန် …..
ကဲ … မောင်လေး ညီမလေးတို့ရေ …..မုံရွာက ကျူရှင်ဆရာတဲ့ကွာ ….. သူတင်ထားတာက …
★ အမှားတစ်စုံတစ်ရာ ( ၀ါ ) အပြစ်တစ်စုံတရာ ကျူးလွန်မိငြား ခင်ပွန်းကြီး ဆယ်ပါး တစ်ပါး အပါအ၀င်ဖြစ်သော ထမင်းရှင်များအားလုံးကို ရည်မှန်းပြီး
လက်ရှိကျေးဇူးရှင်များ သက်သေထား၍ ကာယ ၀စီ မနောကံဖြင့် ခင်ပွန်းဆယ်ပါး ကန်တော့ချိုးဖြင့် တောင်းပန်စဉ်တဲ့ … ရှင် ….
★ ★ အဲ့လိုရေးပြီး သူက ကြမ်းပြင်မှာ ထိုင်ပြီး ခုံပေါ်က တပည့်တွေကို ရှိခိုးဦးချနေတာ …
ဗွီဒီအိုကလစ်လေးပါတင်ထားသေးတယ် တပည့်တွေက ခင်ပွန်းကြီးဆယ်ပါး ဘုရားစာတိုင်ပေးတယ်….။
သူကအောက်ကကနေ ရိုရိုသေသေ လိုက်ရွတ်ပြီး ရှိခိုးလို့ ။
ဒီတပည့်တွေ တစ်ဘ၀လုံး လူမွှေးလူတောင် မပြောင်တော့ဘူး စိတ်ချ ….
ပြီးတော့ သူက ပိုစ့်ထပ်တင်သေးတယ် ငရဲကို အဖော်ခေါ်တာလေ …..
★ မိတ်ဆွေများ ခင်ဗျား…
ဗုဒ္ဓဘာသာ မှန်ရင် ခင်ပွန်းကြီး ၁၀ ပါးကို သိအပ်သည်ဟု ယူဆပါသည်…
တောင်းပန် ကန်တော့ခြင်း မကန်တော့ခြင်းကတော့ မိမိ၏ ရွေးချယ်မှုပါ… … ။
သူတထူး၏ ကျေးဇူးကို အထူးရှာကြံ သိတတ်ခြင်းသည် သူတော်ကောင်းတို့၏ အမူအကျင့်ပါ… … …။
စာသင်တာ တစ်ခုထဲ လုပ်စားနေသော ဆရာတချို့ တပည့်များကို ကျေးဇူးရှင် အဖြစ်(ထမင်းရှင်အဖြစ်) အသိအမှတ်မပြုနိုင်ခြင်းမှာ စဉ်းစားစရာ…။
ဈေးရောင်းဈေးဝယ်မျှသာ သဘောထားခြင်းဟု ယူဆစရာ… … …။
Teachers are always above the students!မူ ဆုပ်ကိုင်ထားပုံရ…။ ဆင်ခြင်ဖွယ်…။
ဗုဒ္ဓဘုရားအလို ဆရာ တပည့် အပြန်အလှန်လေးစားမှုကို ပစ်ပယ်ရာရောက်/မရောက်…သုံးသပ်ဖွယ်…။
လူငယ်တွေ အတွေးပွားစေ…လူကြီးတွေ အတွေးများစေ…ဆရာ/ဆရာမတွေ ဆင်ခြင်သုံးသပ်စေ… … … တဲ့ရှင်
★ ★ ဒါဆိုရင်တော့ကျူရှင်ဆရာ ……
အိမ်ကမွေးထားတဲ့ခွေးတွေကို အိမ်စောင့်ပေးတဲ့ အတွက်လည်း ကျေးဇူးရှိလို့ထိုင်ရှိခိုးပါ …. အိမ်က မိန်းမကိုလည်း ထမင်းဟင်းချက် မီးပူတိုက်ပေးလို့ ထိုင်ရှိခိုးပါ ….ဘုန်းကြီးတွေကလည်း ဒကာ ဒကာမတွေကို ထမင်းရှင်မို့ထိုင်ရှိခိုးပါ … အမှန်တ တပည့်တွေကလည်း ရှင့်ထမင်းရှင်မဟုတ်ပါဘူး သူတို့မိဘတွေကသာငွေပေးတာပါ ဒီတော့ သူတို့မိဘတွေကိုသာသွား၇ှိခိုးပါ ကျူရှင်ဆရာ ….။
★ ပထမဆုံးပြောချင်တာကတော့ ရှင်ဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ရင် မူကြိုအဆင့်တောင် မသိပဲ ဗုဒ္ဓဘာသာကို ခုတုံးလုပ် သာသနာဖျက်နေါတယ်ဆိုတာပါပဲ …။
ကဲ …. ရှင်သိသင့်တာတွေပြောပြတာပေါ …။
★ ဘုရားရဲ့ ဂုဏ်ကျေးဇူး တရားရဲ့ ဂုဏ်ကျေးဇူး သံဃာရဲ့ ဂုဏ်ကျေးဇူး မိဘရဲ့ ဂုဏ်ကျေးဇူး ဆရာသမားရဲ့ ဂုဏ်ကျေးဇူး …. စတဲ့ လောကမှာ အကြီးမြတ်ဆုံး ဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံတဲ့ … အနန္တော အနန္တဂိုဏ်းဝင် ဘုရားနဲ့ တစ်ဂိုဏ်းထဲထားအပ်တဲ့ ကြီးမြတ်လျတဲ့ ဂုစ်ကျေးဇူးအထူးရှိတဲ့ ဆရာသမားက တပည့်တွေကို ရှိခိုးတဲ့အတွက် ဒီခလေးတွေ တစ်ဘ၀လုံး လူမွေးလူတောင်မပြောင်တော့ပါဘူး ။ရှင်ဟာ ခလေးတွေကို ငရဲကြီး စေခဲ့ပြီ ။
★ ရှင်မသိတဲ့ ဆရာ့ဝတ် ဆိုတာလေး ရွတ်ပြရအုန်းမယ်
အတတ်လည်းသင် ၊ ပဲ့ပြင်ဆုံးမ ၊ သိပ္ပမချန် ၊ ဘေးရန်ဆီးကာ သင့်ရာအပ်ဖို့ ၊ ဆရာတို့ ကျင့်ဘို့ ၀တ်ငါးဖြာတဲ့ရှင် ….။
★ သတ္တ၀ါတွေဟာ ဘုရားရဲ့ အဆုံးအမကို လိုက်နာခံယူရပါတယ်
★ သားသမီးဟာ မိဘရဲ့အဆုံးအမကို လိုက်နာခံယူရပါတယ်
★ တပည့်က ဆရာ့ရဲ့အဆုံးအမကို လိုက်နာခံယူရပါတယ်
★ အခုရှင့်ရဲ့ အပြု အမူကို အားမနာတမ်းကောက်ချက်ချရရင် ….
ရှင့်ကိုယ်ရှင် အာစရိယ ဆရာ ဂုဏ်ကျေးဇူးကို ခံယူထိုက်တဲ့ဆရာ တစ်ပါး မဟုတ်ပဲ အသပြာနဲ့ ထမင်းဖိုးရချင်လို့ ကိုယ်ကျိုးရှာသူလို့ သတ်မှတ်လိုက် ပါတယ် ….
မိမိ သားသမီးအရွယ် မသိနားမလည်တဲ့ ခလေးတွေကို ထိုင်ရှိခိုးလိုက်တဲ့ ရှင့်ရဲ့ ယုတ်ညံ့လှတဲ့ ကိုယ်ကျင့် တရားကို အံ့သြလို့မဆုံးပါဘူး ။
ပလိစ် … အာစရိယဆရာရဲ့ဂုဏ်ကျေးဇူးကို မချိုးဖျက်ပါနဲ့
★ (((မိတ်ဆွေများ ခင်ဗျား…
ဗုဒ္ဓဘာသာ မှန်ရင် ခင်ပွန်းကြီး ၁၀ ပါးကို သိအပ်သည်ဟု ယူဆပါသည်…
တောင်းပန် ကန်တော့ခြင်း မကန်တော့ခြင်းကတော့ မိမိ၏ ရွေးချယ်မှုပါ… … ။
သူတထူး၏ ကျေးဇူးကို အထူးရှာကြံ သိတတ်ခြင်းသည် သူတော်ကောင်းတို့၏ အမူအကျင့်ပါ… … …။ )))) တဲ့
★ ★ ဟုတ်ပြီ … ရှင်က ခင်ပွန်းကြီးဆယ်ပါး ကို သေသေချာချာမသိဘူးပဲ ….
ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါစ
အရဟံ အဂ္ဂသာဝကစ
မာတာ ပီတု
ဂုရု သတ္တာ
ဓမ္မဒေသကာစ ဒါယကာ
ဣမေဒသ မဟာဂုဏေ
အဟံ ၀န္ဒာမိ သဗ္ပဒါ … တဲ့
★ ဗုဒ္ဓေါစ ….. ဘုရားရှင် တို့အားလည်းကောင်း ( ဒီနေရာမှာ ကမ္ဘာအ ဆက်ဆက် မှာပွင့်တော်မူပြီးခဲ့ တဲ့ဘုရားရှင်တွေ ပြီးတော့ တရားဟောနေပုံတွေကို မှန်းဆ မြင်ယောင်ပြီး ရွတ်ရမှာပေါ့နော် )
★ ပစ္စေကဗုဒ္ဓေါစ …. ပစ္စေကဗုဒ္ဓ တို့အားလည်းကောင်း
★ အရဟံစ …. ရဟန္တာ တို့အားလည်းကောင်း
★ အဂ္ဂသာဝကစ …. အဂ္ဂသာဝက တို့အားလည်းကောင်း
★ မာတာစ … အမိ အားလည်းကောင်း
★ ပီတုစ … အဖ အားလည်းကောင်း
★ ဂုရုစ … အလေးအမြတ်ပြုအပ်သော ဆရာ တို့အားလည်းကောင်း
★ သတ္တာစ … ဆုံးမကြပေသော ဆရာ တို့အားလည်းကောင်း
★ ဓမ္မဒေသကာစ … တရားပေစာ ဟောသော သူတို့အားလည်းကောင်း
★ ဒါယကာစ … ပေးကမ်းစွန့်ကြဲကြပေသော သူတို့အားလည်းကောင်း
ဣမေဒဿ မဟာဂုဏေ ….. ဤတစ်ကျိပ်သော ဂုဏ်ကျေးဇူး ကြီးမြတ် လှသော သူတို့ကို
အဟံ …. အကျွန်နုပ်သည်
သဗ္ပဒါ …. အခါမလပ်
ဝန္ဒာမိ … ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား …။
★ ခင်ပွန်းကြီးဆယ်ပါးထဲမှာ ထမင်းရှင်ဆိုတာ မပါ ပါလားရှင် …. အိုကေ .. ရှင်ဆိုလိုချင်တာ ဒါယကာ ကိုထင်ပါတယ် ….
ပေးကမ်းစွန့်ကြဲကြသောသူ တဲ့ …. ပေးကမ်းစွန့်ကြဲတယ်ဆိုတဲ့ အဓိပါယ်တော့သိပါတယ်နော် …။မြင့်သူက နိမ့်သူကို ပေးကမ်းတာ လှူဒါန်းတာ စောင့်ရှောက်တာ သူတောင်းစား ဘာညာကို စွန့်ကြဲတာ … ။
ဒီတော့ ဒီတပည့်တွေက ရှင့်ကို စွန့်ကြဲတယ်လို့ ခံယူတယ်ပေါ့ ။ ရှင်က သူတို့စွန့်ကြဲတာကို အလကားယူပြီး အသက်ရှင်နေသူပေါ့ ဒီလိုလား။
★ ဟိုးရှေးခေတ်တွေဆီက ဒိသာပါမောက္ခဆရာကြီးတွေဆီ အတိုင်းတိုင်းအပြည်ပြည်က မင်းညီမင်းသားတွေ အသပြာတစ်ထောင်ထုတ်တွေယူပြီး ပညာလာသင်ကြရတယ် ။
ဒိသာပါမောက္ခဆရာကြီးက သူတို့ပြန်တဲ့ခါမှာ ထမင်းရှင်တွေဆိုပြီး ကြမ်းပြင်မှာထိုင်မရှိခိုးပါဘူး။
★ ဘုရားရှင် လက်ထက်တော်က အနာတပိဏ် ကစလို့ဘုရင် မင်းညီမင်းသား မူးမတ် သူဌေး သူကြွယ် ကချေသည်တွေ အားလုံး ဘုရားရှင်ရဲ့အဆုံးအမကိုခံယူကြတယ်။အသိတွေရကြတယ်။
နိဗ္ဗာန်ရောက်ကြောင်းတရားတွေသိကြရတယ် ။ ဒုက္ခချုပ်င်ြမ်းကြောင်း အသိတွေ ရကြတယ်။ဗုဒ္ဓအဆုံးအမ အတိုင်းနေကြတယ်။
ဒါကြောင့် ဗုဒ္ဓနဲ့တစ်ကွ နောက်ပါ သံဃာအားလုံးကို နေ့ညမပြတ် ဆွမ်းလုပ်ကျွေးကြတယ် ကျောင်းကန်တွေဆောက်ပေးကြတယ်။ ရွှေဒင်္ဂါားပြားတွေခင်းပြီး ဇေတ၀န်ဥယျာဉ် ကိုဝယ်လှုကြတယ် ။
ဘုရားရှင်နဲ့တပည့် သာဝက သံဃာအပေါင်းက သူတို့ကို ထမင်းရှင်တွေ ဆိုပြီး ထိုင်မကန် တော့ပါဘူး ။
★ ★ မှတ်ထား ကျူရှင်ဆရာ ….
အသိပညာ အတတ်ပညာ နဲ့ လမ်းမှန်ကို သင်ပြသူတွေကို တပည့်တွေကပဲ ပူဇော်ဦးချထိုက်တယ် ။
ရှင့်တပည့်တွေ ရှင့်ကိုလစာပေးတာ အနန္တော အနန္တဂိုဏ်း ၀င်ဆရာတစ်ယောက်အနေနဲ့ ရိုသေစွာ ပူဇော်တာ ပါ ။
ဥာဏ် ပူဇော်ခလို့ခေါ်တယ် ကျူရှင်ဆရာ …ငတ်ပြတ်ပြီး သနားပါခမျာ လို့ တောင်းပန်ပြီးလို့ သနားလို့ ပေးကမ်းစွန့်ကြဲနေကြတာမဟုတ်ဘူး ။
★ ကွဲပြားပြီဟုတ် ….။ မိမိကိုယ်ကို တန်ဘိုးထားပါ။ပြီးတော့ လူဗျိန်းကြိုက်တွေလုပ်မယ်ဆိုလည်း ဗုဒ္ဓအဆုံးအမနဲ့ သာသနာတော်ကို ခုတုံးမလုပ်ပါနဲ့
★ ကျူရှင်ဆရာအဆင့်ကဘာပါလဲ ….
သူတစ်ပါး အခစားလား ၊ထမင်းဖိုးရချင်လို့လုပ်စားနေတဲ့ ကိုယ်ကျိုးရှာသမားလား ၊ အာစရိယဂုဏ်နဲ့ မထိုက်တန်ရင် လုပ်စားမနေပါနဲ့ ဆရာကောင်းအဖြစ်နေထိုင်နိုင်သူဖြစ်အောင်လုပ်ပါ
သမားဂုဏ်နဲ့ ညီပါစေ …
လူဗျိန်းကြိုက်ပေါက်ကရလုပ်တာတွေရပ်သင့်ပြီ …။
★ ★ ပူဇော်ခံထိုက်သူရယ် ကျေးဇူးတင်ထိုက်သူရယ် ထမင်းရှင်ရယ် … ကွဲပြာပါစေ ..။
★ ပူဇော်ခံထိုက်သူကို ပူဇော်ရတယ် …။
★ေ ကျးဇူးတင်ထိုက်သူကို အခါအခွင့်ကြုံရင် ကျေးဇူးပြန်ဆပ်ရတယ် သူ့ကျေးဇူးကို အထူးသတိရနေ ရတယ် ။
★ ထမင်းရှင် ဆိုရင် တော့ ထမင်းမငတ်အောင် မိမိကိုယ်ကို ကျွန်လိုသဘော ထားရတယ်။
.
★ ★ ရှင်တို့လစ်ဘရယ်ကြောင်တွေ လက်ထဲမှာ ပုံသွင်းခံရတဲ့ ကျမတို့ရဲ့ ဗုဒ္ဓဘာသာဟာ ….
အရှင်လတ်လတ် ဆွဲထုတ်ခံရတဲ့ နှလုံးတစ်စုံလို သွေးအလိမ်းလိမ်း နဲ့ တဆတ်ဆတ်တုန်ပြီး အသက်ငင်နေတာပါလားဟင် …။
★ဘုရားပန်းကို ကြမ်းပြင် ခြေနင်းဘတ်မှာ ချရတာနဲ့
★ဘုရားကို လက်ပြန် ရေသပ္ပါယ်တာနဲ့
★အမွှေးတိုင်းဇောက်ထိုး ထွန်း၇တာနဲ့
★ကပ်ပြီးသားဆွမ်းပွဲက ဆွမ်းဟင်းပန်းကန်ကိုကိုင်ပြီး ဘုန်းကြီးပန်းကန်ထဲဟင်းထည့်သူနဲ့
★ဘုရားပေါ်ဖိနပ်စီးတက်သူနဲ့
★ဘုန်းကြီးနဲ့ တစ်ဝိုင်းထဲစားသူနဲ့
★လူနဲ့ ဘာသာခြားနဲ့ တစ်ဝိုင်းတဲစားတဲ့ ဘာသာပေါင်းစုံ အမည်ခံ ဘုန်းကြီးတွေနဲ့
★ကိုရင်တွေ သီလရှင်ဘုန်းကြီးတွေ ကြမ်းမှာထိုင်ခိုင်းပြီးမော်လ၀ီတွေ သင်းအုပ်တွေကိုခုံမှာထား ရှိခိုးခိုင်းသူနဲ့ …. ဖြစ်ချင်တိုင်းကိုဖြစ်လို့ ။
★★ ဒါတင်မက … မိုးပြာ အထုတ်ကလေး သဘာဝတရား အောင်သုခနဲ့ ရူပမာလာတို့ တမဂ် နှစ်မဂ် သုံးမဂ်အဖွဲ့တွေနဲ့ ဒီတစ်ကြိမ်မှမပျက်ရင် ဒီသာသနာနောက်ဘုရားပွင့်တောင် မပျက်တော့ဘူးမှတ် ။
★★★ Anyway ….
We can forgive all of you …
But we never forget every single thing you all did to us….
By the way …
Rules and Punishments of the Universe ….
And your Akusala Kamma will follow you , until the end of times.
Takecare …..
And good luck
အေးချမ်းပါစေ မြန်မာပြည် ….
# M L
ဗွီဒီယိုဖိုင်ကြည့်ရန်…

Comments