ငါးမွ်ားရင္း ေရထဲကေတြ႔တဲ့ ပိုက္ဆံအိတ္တစ္လံုးေၾကာင့္ အံ့ၾသစရာ ႀကံဳခဲ့ရတဲ့ အျဖစ္....




ငါးမွ်ားရင္း ေရထဲက ေတြ႔တဲ့ ပိုက္ဆံအိတ္တစ္လံုးေၾကာင့္ အံ့ၾသစရာ ႀကံဳခဲ့ရတဲ့အျဖစ္

ဥစၥာပစၥည္း တစ္စံုတစ္ခုေပ်ာက္တဲ့အခါ ဥစၥာရင္းသာမွန္ရင္ ကိုယ့္လက္ထဲျပန္လာတတ္တယ္လို႔ လူအမ်ားစုကဆိုၾကပါတယ္။ အခုေတြ႔ရမယ့္ အျဖစ္အပ်က္ေလးကေတာ့ ယင္းအဆိုကို သက္ေသခံေနပါတယ္။ လြန္ခဲ့တဲ့ႏွစ္(၂၅)ေလာက္တုန္းက ကာရိုလိုင္းနားေတာင္ပိုင္းမွာေနထိုင္တဲ့ ဧပရယ္ေဘာ့တ္အမည္ရွိ အမ်ိဳးသမီးတစ္ဦးဟာ ပိုက္ဆံအိတ္အခိုးခံခဲ့ရပါတယ္။



ပိုက္ဆံအိတ္ထဲမွာေတာ့ ေဒၚလာ(၆၀) နဲ႔အတူ သူမအျမတ္တႏိုး သိမ္းထားတဲ့ သားျဖစ္သူရဲ႕ဓာတ္ပံုေလးေတြနဲ႔ ကုိယ္ေရးကိုယ္တာပစၥည္းေလးေတြ ပါသြားခဲ့ပါတယ္။ ဒါေပမယ့္ စာဖတ္သူတို႔သိတဲ့အတိုင္း ဘ၀ဆိုတာ အ့ံၾသစရာေတြနဲ႔ျပည့္ႏွက္ေနပါတယ္။ဒီလိုနဲ႔ ၂၀၁၇ ခုႏွစ္ ဇူလိုင္လ(၄)ရက္ေန႔မွာေတာ့ ငါးမွ်ားဖို႔ထြက္လာတဲ့ တူ၀ရီးႏွစ္ေယာက္ဟာ ဧပရယ္ေဘာ့တ္ရဲ႕ေပ်ာက္သြားတဲ့ပိုက္ဆံအိတ္ကို ေရေအာက္ထဲကေန ေကာက္ရခဲ့ပါတယ္။



ဘန္အမည္ရွိတဲ့အမ်ိဳးသားက အသက္(၁၁)ႏွစ္အရြယ္တူေလး ဘရုိဒီနဲ႔အတူ ဟာ့တ္၀ဲလ္ေရကန္မွာ ငါးလာမွ်ားၾကတာပါ။ မၾကာခင္မွာ ဘရိုဒီက ေရေအာက္ထဲကေန ခပ္ၾကီးၾကီးအရာကို ဖမ္းမိထားၿပီထင္တာေၾကာင့္ တူ၀ရီးႏွစ္ေယာက္လံုး စိတ္လႈပ္ရွားေနခဲ့ၾကပါတယ္။



(၂၉)ေပေလာက္ရွိတဲ့ ကန္ေအာက္ကေန ငါးအမွတ္နဲ႔ကုန္းေပၚကို ငါးမွ်ားတံဆြဲတင္လိုက္တဲ့အခါမွာေတာ့ သူတို႔ဟာ စိတ္လႈပ္ရွားေနၾကရာကေန အံ့အားသင့္သြားခဲ့ၾကပါတယ္။ သူတို႔ေတြ႔လိုက္တာက ရြံ႕ေတြနဲ႔လူးေနတဲ့ပုိ္က္ဆံအိတ္တစ္လံုးျဖစ္ပါတယ္။ အိတ္ထဲမွာေတာ့ သက္တမ္းကုန္ေနၿပီျဖစ္တဲ့ အေၾကြး၀ယ္ကဒ္ေတြ၊ ဘီး၊ ႏႈတ္ခမ္းနီနဲ႔ ကေလးဓာတ္ပံုအခ်ိဳ႕ပါ၀င္ပါတယ္။



ဘန္ဟာ အေၾကြး၀ယ္ကဒ္ကို စစ္ေဆးၾကည့္လုိက္တဲ့အခါ ကဒ္နာမည္မွာ ဧပရယ္ေဘာ့တ္ဆိုတာကို ေတြ႔လိုက္ရတာေၾကာင့္ ပိုၿပီးအ့ံအားသင့္သြားခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဧပရယ္ေဘာ့တ္ဟာ ဘန္တို႔နဲ႔မိသားစုခ်င္း ရင္းႏွီးသူေတြျဖစ္ၾကပါတယ္။ ဘန္ဟာ ဧပရယ္ေဘာ့တ္ကုိ ဆက္သြယ္ၿပီးတဲ့အခါမွာေတာ့ သူမခမ်ာ ႏွစ္ရွည္လမ်ားေပ်ာက္ေနတဲ့ပိုက္ဆံအိတ္ကို ျပန္ေတြ႔ၿပီဆိုတာေၾကာင့္ မယံုႏိုင္ေအာင္ျဖစ္ေနခဲ့ပါတယ္။

“ပိုက္ဆံအိတ္ထဲမွာေတာ့ ကြ်န္မသားေလး(၁၅)လသား အရြယ္တုန္းက ရိုက္ထားတဲ့ ဓာတ္ပံုေလးေတြ ပါတာေပါ့။ အခုဆိုရင္ သူက(၂၆)ႏွစ္ေတာင္ ရွိေနၿပီ။ သူ႔ဓာတ္ပံုေလးေတြက ေသေသခ်ာခ်ာရိုက္ထားေတာ့ ပိုက္ဆံအိတ္ထဲမွာပဲ ထည့္ထားတာ။

အဲဒီတုန္းက ဖုန္းေတြနဲ႔ ဓာတ္ပံုရိုက္လို႔ မရေသးဘူးေလ။ ပံုေတြက ေရေၾကာင့္ ပ်က္စီးေနေပမယ့္ ပံုေတာ့ေဖာ္ႏို္င္ပါေသးတယ္” လို႔ ဧပရယ္ေဘာ့တ္က ၾကည္ႏူးစြာ ေျပာျပခဲ့ပါတယ္။ ဧပရယ္ေဘာ့တ္ရဲ႕ ကံေကာင္းမႈကေတာ့ ဆန္းၾကယ္လွပါတယ္။

လင္းလင္း (ShweMom)

Ref: boreddaddy

==========

ငါးမျှားရင်း ရေထဲက တွေ့တဲ့ ပိုက်ဆံအိတ်တစ်လုံးကြောင့် အံ့သြစရာ ကြုံခဲ့ရတဲ့အဖြစ်

ဥစ္စာပစ္စည်း တစ်စုံတစ်ခုပျောက်တဲ့အခါ ဥစ္စာရင်းသာမှန်ရင် ကိုယ့်လက်ထဲပြန်လာတတ်တယ်လို့ လူအများစုကဆိုကြပါတယ်။ အခုတွေ့ရမယ့် အဖြစ်အပျက်လေးကတော့ ယင်းအဆိုကို သက်သေခံနေပါတယ်။ လွန်ခဲ့တဲ့နှစ်(၂၅)လောက်တုန်းက ကာရိုလိုင်းနားတောင်ပိုင်းမှာနေထိုင်တဲ့ ဧပရယ်ဘော့တ်အမည်ရှိ အမျိုးသမီးတစ်ဦးဟာ ပိုက်ဆံအိတ်အခိုးခံခဲ့ရပါတယ်။

ပိုက်ဆံအိတ်ထဲမှာတော့ ဒေါ်လာ(၆၀) နဲ့အတူ သူမအမြတ်တနိုး သိမ်းထားတဲ့ သားဖြစ်သူရဲ့ဓာတ်ပုံလေးတွေနဲ့ ကိုယ်ရေးကိုယ်တာပစ္စည်းလေးတွေ ပါသွားခဲ့ပါတယ်။ ဒါပေမယ့် စာဖတ်သူတို့သိတဲ့အတိုင်း ဘဝဆိုတာ အ့ံသြစရာတွေနဲ့ပြည့်နှက်နေပါတယ်။ဒီလိုနဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လ(၄)ရက်နေ့မှာတော့ ငါးမျှားဖို့ထွက်လာတဲ့ တူဝရီးနှစ်ယောက်ဟာ ဧပရယ်ဘော့တ်ရဲ့ပျောက်သွားတဲ့ပိုက်ဆံအိတ်ကို ရေအောက်ထဲကနေ ကောက်ရခဲ့ပါတယ်။

ဘန်အမည်ရှိတဲ့အမျိုးသားက အသက်(၁၁)နှစ်အရွယ်တူလေး ဘရိုဒီနဲ့အတူ ဟာ့တ်ဝဲလ်ရေကန်မှာ ငါးလာမျှားကြတာပါ။ မကြာခင်မှာ ဘရိုဒီက ရေအောက်ထဲကနေ ခပ်ကြီးကြီးအရာကို ဖမ်းမိထားပြီထင်တာကြောင့် တူဝရီးနှစ်ယောက်လုံး စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။

(၂၉)ပေလောက်ရှိတဲ့ ကန်အောက်ကနေ ငါးအမှတ်နဲ့ကုန်းပေါ်ကို ငါးမျှားတံဆွဲတင်လိုက်တဲ့အခါမှာတော့ သူတို့ဟာ စိတ်လှုပ်ရှားနေကြရာကနေ အံ့အားသင့်သွားခဲ့ကြပါတယ်။ သူတို့တွေ့လိုက်တာက ရွံ့တွေနဲ့လူးနေတဲ့ပို်က်ဆံအိတ်တစ်လုံးဖြစ်ပါတယ်။ အိတ်ထဲမှာတော့ သက်တမ်းကုန်နေပြီဖြစ်တဲ့ အကြွေးဝယ်ကဒ်တွေ၊ ဘီး၊ နှုတ်ခမ်းနီနဲ့ ကလေးဓာတ်ပုံအချို့ပါဝင်ပါတယ်။

ဘန်ဟာ အကြွေးဝယ်ကဒ်ကို စစ်ဆေးကြည့်လိုက်တဲ့အခါ ကဒ်နာမည်မှာ ဧပရယ်ဘော့တ်ဆိုတာကို တွေ့လိုက်ရတာကြောင့် ပိုပြီးအ့ံအားသင့်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဧပရယ်ဘော့တ်ဟာ ဘန်တို့နဲ့မိသားစုချင်း ရင်းနှီးသူတွေဖြစ်ကြပါတယ်။ ဘန်ဟာ ဧပရယ်ဘော့တ်ကို ဆက်သွယ်ပြီးတဲ့အခါမှာတော့ သူမခမျာ နှစ်ရှည်လများပျောက်နေတဲ့ပိုက်ဆံအိတ်ကို ပြန်တွေ့ပြီဆိုတာကြောင့် မယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်။

“ပိုက်ဆံအိတ်ထဲမှာတော့ ကျွန်မသားလေး(၁၅)လသား အရွယ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ ပါတာပေါ့။ အခုဆိုရင် သူက(၂၆)နှစ်တောင် ရှိနေပြီ။ သူ့ဓာတ်ပုံလေးတွေက သေသေချာချာရိုက်ထားတော့ ပိုက်ဆံအိတ်ထဲမှာပဲ ထည့်ထားတာ။

အဲဒီတုန်းက ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်လို့ မရသေးဘူးလေ။ ပုံတွေက ရေကြောင့် ပျက်စီးနေပေမယ့် ပုံတော့ဖော်နို်င်ပါသေးတယ်” လို့ ဧပရယ်ဘော့တ်က ကြည်နူးစွာ ပြောပြခဲ့ပါတယ်။ ဧပရယ်ဘော့တ်ရဲ့ ကံကောင်းမှုကတော့ ဆန်းကြယ်လှပါတယ်။

လင်းလင်း (ShweMom)

Ref: boreddaddy

Comments