ခြဲစိတ္ခန္းသံုး ကတ္ေၾကး ႏွစ္ (၂၀ ) ေက်ာ္ၾကာ ဗိုက္တြင္း က်န္ခဲ့မႈ နစ္နာေၾကးေတာင္းမည္



ခြဲစိတ္ခန္းသံုး ကတ္ေၾကးႏွစ္ ၂၀ ေက်ာ္ၾကာ ဗိုက္တြင္းက်န္ခဲ့မႈ နစ္နာေၾကးေတာင္းမည္

------------------------------------

လြန္ခဲ့ေသာႏွစ္ေပါင္း ၂၆ ႏွစ္ဝန္းက်င္က ခြဲစိတ္ကုသမႈခံယူဖူးသည့္ အသက္ ၅၀ အ႐ြယ္အမ်ိဳးသားတစ္ဦး၏ ဝမ္းဗိုက္အတြင္းမွ ခြဲစိတ္ခန္းသံုး ကတ္ေၾကးတစ္ခု ခြဲထုတ္ခဲ့ရမႈအတြက္...

သက္ဆိုင္ရာဝန္ႀကီးဌာနထံ နစ္နာေၾကးရလိုေၾကာင္း အသနားခံစာ တင္ျပေတာင္းခံမည္ဟု ဝမ္းဗိုက္ခြဲစိတ္ ကုသမႈခံယူေနသူ ဦးဝင္းခိုင္၏ ဇနီးေဒၚတင္ေမာ္က ေျပာၾကားသည္။

ဟသၤာတေဆး႐ံုႀကီး၌ အူပုပ္ေရာဂါျဖင့္ ၁၉၉၂ ခုႏွစ္က ခြဲစိတ္ကုသမႈခံယူဖူးသည့္ ဟသၤာတၿမိဳ႕သား အသက္ ၅၀ ႏွစ္ အ႐ြယ္ရွိ ဦးဝင္းခိုင္ဆိုသူသည္ ေဆး႐ံုဆင္းၿပီးေနာက္...

ဗိုက္ေအာင့္ေဝဒနာ ဆက္လက္ ခံစားခဲ့ရေၾကာင္း၊ ဟသၤာတၿမိဳ႕ရွိ ေဒါက္တာတင္သိန္းထံတြင္ ႏွစ္ေပါင္းမ်ားစြာ ကုသခဲ့ရာမွ ေဒါက္တာတင္သိန္း၏ လမ္းၫႊန္မႈျဖင့္....

Ultrasound ႐ိုက္ျခင္းတို႔ လုပ္ေဆာင္ရာမွ X-ray ဓာတ္မွန္႐ိုက္ျခင္းတို႔ေၾကာင့္ ဝမ္းဗိုက္အတြင္း ကတ္ေၾကးပံုစံ ကိရိယာတစ္ခု ေတြ႕ရွိခဲ့ရေၾကာင္း ၎က ေျပာဆိုသည္။

“ဝမ္းဗိုက္ထဲက ကတ္ေၾကးကို ဟသၤာတၿမိဳ႕က ျမင့္ျမတ္ အထူးကုေဆး႐ံုမွာ မတ္လ ၂၇ ရက္ေန႔က ခြဲထုတ္ခဲ့တယ္၊ ၁၁ ရက္ၾကာ ေဆး႐ံုတက္တယ္။

အဲ့ဒီက ဆင္းလာေတာ့ အိမ္မွာ ၄ ရက္ေနၿပီး ေသြးျပန္ထြက္လာေတာ့ ဟသၤာတေဆး႐ံုႀကီးမွာ ၇ ရက္ ထပ္တက္ရတယ္။

ျပန္ဆင္းၿပီး ၁ လခြဲအၾကာမွာ ရက္ခ်ိန္းေစ့လို႔ ေမလ ၂၈ ရက္ေန႔က ဟသၤာတေဆး႐ံုႀကီးကို ျပန္တက္တာပါ”ဟု ေဒၚတင္ေမာ္က ထပ္မံ ရွင္းျပသည္။

ဟသၤာတခ႐ိုင္ေဆး႐ံုႀကီး၌ စတင္ တက္ေရာက္ကုသခဲ့စဥ္ကာလမွ ဇြန္လ ၂၀ ရက္ေန႔အထိ ေဆး႐ံုအုပ္ႀကီး အပါအဝင္ ခြဲစိတ္အထူးကု ဆရာဝန္ႀကီးႏွင့္ ဆရာဝန္ဆရာမမ်ားက ဂ႐ုစိုက္ ကုသေပးခဲ့ၾကေၾကာင္း....

အဆိုပါ ကတ္ေၾကးေၾကာင့္ ခံစားရသည့္ ေဝဒနာအတြက္ ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာ ကုသခဲ့ရာ ပိုင္ဆိုင္သည့္ လယ္ယာေျမႏွင့္ ၿခံမ်ား၊ ေ႐ႊထည္မ်ား ဆံုး႐ံႈးခဲ့သျဖင့္ သက္ဆိုင္ရာ ဝန္ႀကီးဌာနထံ အသနားခံစာတင္ျပ၍ အကူအညီ ေတာင္းခံမည္ျဖစ္ေၾကာင္း....




ေပါ့ဆစြာ ကုသေပးခဲ့သာ ဆရာဝန္မ်ားကို မေက်နပ္ခ်က္ျဖင့္ တိုင္ၾကားျခင္းမ်ိဳး မဟုတ္ေၾကာင္း ေဒၚတင္ေမာ္က ေျပာဆိုသည္။

ဦးဝင္းခိုင္၏ အူမႀကီးအတြင္းမွ ေတြ႕ရွိခဲ့ေသာ ခြဲစိတ္ခန္းသံုး ၆ လက္မခန္႔ရွိ ေသြးေၾကာဖမ္းကိရိယာကို ခြဲထုတ္ေပးလိုက္ၿပီးျဖစ္ကာ ဟသၤာတခ႐ိုင္ ေဆး႐ံုႀကီးထံ တင္ပို႔ထားေၾကာင္း...

ဇြန္လ ၂၀ ရက္ေန႔ အေျခအေနအရ ၇၅ ရာခိုင္ႏႈန္းခန္႔ က်န္းမာေရး ေကာင္းမြန္ေနၿပီျဖစ္၍ အနာက်က္ပါက အစာျပန္စားႏိုင္ရန္ အဆင့္ဆင့္ေဆာင္႐ြက္ရဦးမည္ျဖစ္ေၾကာင္း ခြဲစိတ္ အထူးကုဆရာဝန္ႀကီး ေဒါက္တာျမင့္သိန္းက ေျပာၾကားသည္။

ခြဲစိတ္ကုသမႈခံထားရသည့္ ဦးဝင္းခိုင္ကို အစြမ္းကုန္ေစာင့္ေရွာက္ေပးထားၿပီး သီးသန္႔ခန္းအတြင္း ကုသေပးေနေၾကာင္း ေဆး႐ံုႀကီးက ေထာက္ပံ့ေပးထားသည့္အျပင္ အျခားအလွဴရွင္မ်ားႏွင့္လည္း ခ်ိတ္ဆက္ေပးထားေၾကာင္း ဟသၤာတခ႐ိုင္ ေဆး႐ံုအုပ္ႀကီး ေဒါက္တာေအာင္ျမင့္ဦးက ေျပာဆိုသည္။

Source: The Voice News

Via: Yuyuthantun

=============

ခွဲစိတ်ခန်းသုံး ကတ်ကြေးနှစ် ၂၀ ကျော်ကြာ ဗိုက်တွင်းကျန်ခဲ့မှု နစ်နာကြေးတောင်းမည်

------------------------------------

လွန်ခဲ့သောနှစ်ပေါင်း ၂၆ နှစ်ဝန်းကျင်က ခွဲစိတ်ကုသမှုခံယူဖူးသည့် အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး၏ ဝမ်းဗိုက်အတွင်းမှ ခွဲစိတ်ခန်းသုံး ကတ်ကြေးတစ်ခု ခွဲထုတ်ခဲ့ရမှုအတွက်...

သက်ဆိုင်ရာဝန်ကြီးဌာနထံ နစ်နာကြေးရလိုကြောင်း အသနားခံစာ တင်ပြတောင်းခံမည်ဟု ဝမ်းဗိုက်ခွဲစိတ် ကုသမှုခံယူနေသူ ဦးဝင်းခိုင်၏ ဇနီးဒေါ်တင်မော်က ပြောကြားသည်။

ဟင်္သာတဆေးရုံကြီး၌ အူပုပ်ရောဂါဖြင့် ၁၉၉၂ ခုနှစ်က ခွဲစိတ်ကုသမှုခံယူဖူးသည့် ဟင်္သာတမြို့သား အသက် ၅၀ နှစ် အရွယ်ရှိ ဦးဝင်းခိုင်ဆိုသူသည် ဆေးရုံဆင်းပြီးနောက်...

ဗိုက်အောင့်ဝေဒနာ ဆက်လက် ခံစားခဲ့ရကြောင်း၊ ဟင်္သာတမြို့ရှိ ဒေါက်တာတင်သိန်းထံတွင် နှစ်ပေါင်းများစွာ ကုသခဲ့ရာမှ ဒေါက်တာတင်သိန်း၏ လမ်းညွှန်မှုဖြင့်....

Ultrasound ရိုက်ခြင်းတို့ လုပ်ဆောင်ရာမှ X-ray ဓာတ်မှန်ရိုက်ခြင်းတို့ကြောင့် ဝမ်းဗိုက်အတွင်း ကတ်ကြေးပုံစံ ကိရိယာတစ်ခု တွေ့ရှိခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

“ဝမ်းဗိုက်ထဲက ကတ်ကြေးကို ဟင်္သာတမြို့က မြင့်မြတ် အထူးကုဆေးရုံမှာ မတ်လ ၂၇ ရက်နေ့က ခွဲထုတ်ခဲ့တယ်၊ ၁၁ ရက်ကြာ ဆေးရုံတက်တယ်။

အဲ့ဒီက ဆင်းလာတော့ အိမ်မှာ ၄ ရက်နေပြီး သွေးပြန်ထွက်လာတော့ ဟင်္သာတဆေးရုံကြီးမှာ ၇ ရက် ထပ်တက်ရတယ်။

ပြန်ဆင်းပြီး ၁ လခွဲအကြာမှာ ရက်ချိန်းစေ့လို့ မေလ ၂၈ ရက်နေ့က ဟင်္သာတဆေးရုံကြီးကို ပြန်တက်တာပါ”ဟု ဒေါ်တင်မော်က ထပ်မံ ရှင်းပြသည်။

ဟင်္သာတခရိုင်ဆေးရုံကြီး၌ စတင် တက်ရောက်ကုသခဲ့စဉ်ကာလမှ ဇွန်လ ၂၀ ရက်နေ့အထိ ဆေးရုံအုပ်ကြီး အပါအဝင် ခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် ဆရာဝန်ဆရာမများက ဂရုစိုက် ကုသပေးခဲ့ကြကြောင်း....

အဆိုပါ ကတ်ကြေးကြောင့် ခံစားရသည့် ဝေဒနာအတွက် နှစ်ပေါင်း ၂၀ ကျော်ကြာ ကုသခဲ့ရာ ပိုင်ဆိုင်သည့် လယ်ယာမြေနှင့် ခြံများ၊ ရွှေထည်များ ဆုံးရှုံးခဲ့သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနထံ အသနားခံစာတင်ပြ၍ အကူအညီ တောင်းခံမည်ဖြစ်ကြောင်း....

ပေါ့ဆစွာ ကုသပေးခဲ့သာ ဆရာဝန်များကို မကျေနပ်ချက်ဖြင့် တိုင်ကြားခြင်းမျိုး မဟုတ်ကြောင်း ဒေါ်တင်မော်က ပြောဆိုသည်။

ဦးဝင်းခိုင်၏ အူမကြီးအတွင်းမှ တွေ့ရှိခဲ့သော ခွဲစိတ်ခန်းသုံး ၆ လက်မခန့်ရှိ သွေးကြောဖမ်းကိရိယာကို ခွဲထုတ်ပေးလိုက်ပြီးဖြစ်ကာ ဟင်္သာတခရိုင် ဆေးရုံကြီးထံ တင်ပို့ထားကြောင်း...

ဇွန်လ ၂၀ ရက်နေ့ အခြေအနေအရ ၇၅ ရာခိုင်နှုန်းခန့် ကျန်းမာရေး ကောင်းမွန်နေပြီဖြစ်၍ အနာကျက်ပါက အစာပြန်စားနိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း ခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

ခွဲစိတ်ကုသမှုခံထားရသည့် ဦးဝင်းခိုင်ကို အစွမ်းကုန်စောင့်ရှောက်ပေးထားပြီး သီးသန့်ခန်းအတွင်း ကုသပေးနေကြောင်း ဆေးရုံကြီးက ထောက်ပံ့ပေးထားသည့်အပြင် အခြားအလှူရှင်များနှင့်လည်း ချိတ်ဆက်ပေးထားကြောင်း ဟင်္သာတခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ဦးက ပြောဆိုသည်။

Source: The Voice News

Via: Yuyuthantun

Comments