ဂူေပါက္မ်ားေတြ႔ရွိပါက ကေလးမ်ားရွိႏိုင္မည္ဟု ယူဆရသည့္ေနရာမ်ားတြင္ စားစရာမ်ားကို ပစ္ခ်ေပးရန္ အတြက္ေဆာင္ရြက္...



9:50AM ၊ 29/6/2018

----------------------

ဂူအျပင္ ေတာေတာင္အစပ္မွ တဆင့္ လူ၀င္ ဂူေပါက္မ်ား ရွာေဖြေရးအဖြဲ႔အေနျဖင့္ ဂူေပါက္မ်ားေတြ႔ရွိပါက ကေလးမ်ားရွိႏိုင္မည္ဟု ယူဆရသည့္ေနရာမ်ားတြင္ စားစရာမ်ားကို ....

ပစ္ခ်ေပးရန္အတြက္ အစားအစာ၊ ေရ ႏွင့္ ေဆးပါသည့္ ဗူးမ်ားကို ယူေဆာင္သြားေလ့ရွိၿပီး၊ ဂူေပါက္မ်ားေတြ႔ရွိသည့္ ေနရာမ်ားတြင္လည္း အဆိုပါ အစားအစာပါသည့္ ဗူးမ်ားကို....

ခ်ေပးေၾကာင္းႏွင့္ ဆက္လက္၍လည္း ျပင္ပရွာေဖြေရးအဖြဲ႔မွာ ၎နည္းအတိုင္းေဆာင္ရြက္ေနၾကေၾကာင္း သိရသည္။





အစားအစာမ်ား ေတာင္ထိပ္ရွိ ဂူ၀မွ ခ်ေပးမႈကို ေလတပ္စတင္ေရာက္ရွိသည့္ေနကစ၍ ေဆာင္ရြက္ေၾကာင္း သိရသည္။





ျမန္မာ - ထိုင္းနယ္စပ္၊ ထိုင္းႏိုင္ငံ(ေျမာက္ပိုင္း)၊ ခ်င္း႐ိုင္းခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕၊ ပုံဖာရပ္ကြက္ရွိ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီး ဇြန္လ (၂၃)ရက္ေန႔ ကတည္းက....

လူငယ္(၁၃)ဦး ပိတ္မိေနသည့္ ဂူအတြင္း ရွာေဖြကယ္ဆယ္မႈ လုပ္ငန္းမ်ားကို နည္းလမ္းမ်ားစြာျဖင့္ ဇြန္လ(၂၃)ရက္ေန႔ ညပိုင္းကတည္းကစ၍ ...

ယေန႔ ဇြန္လ(၂၉)ရက္ေန႔ ထိုင္းစံေတာ္ခ်ိန္ နံနက္(၁၀)နာရီေက်ာ္အထိ ရွာေဖြမႈမ်ား ျပဳလုပ္ေနလ်က္ရွိရာ လူငယ္(၁၃)ဦးအား ရွာေဖြေတြ႔ရွိရျခင္း မရွိေသးသျဖင့္ ရွာေဖြကယ္ဆယ္မႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနလ်က္ရွိသည္။





***

photo crd. SNN

=============

9:50AM ၊ 29/6/2018





ဂူအပြင် တောတောင်အစပ်မှ တဆင့် လူဝင် ဂူပေါက်များ ရှာဖွေရေးအဖွဲ့အနေဖြင့် ဂူပေါက်များတွေ့ရှိပါက ကလေးများရှိနိုင်မည်ဟု ယူဆရသည့်နေရာများတွင် စားစရာများကို ....

ပစ်ချပေးရန်အတွက် အစားအစာ၊ ရေ နှင့် ဆေးပါသည့် ဗူးများကို ယူဆောင်သွားလေ့ရှိပြီး၊ ဂူပေါက်များတွေ့ရှိသည့် နေရာများတွင်လည်း အဆိုပါ အစားအစာပါသည့် ဗူးများကို....

ချပေးကြောင်းနှင့် ဆက်လက်၍လည်း ပြင်ပရှာဖွေရေးအဖွဲ့မှာ ၎င်းနည်းအတိုင်းဆောင်ရွက်နေကြကြောင်း သိရသည်။





အစားအစာများ တောင်ထိပ်ရှိ ဂူဝမှ ချပေးမှုကို လေတပ်စတင်ရောက်ရှိသည့်နေကစ၍ ဆောင်ရွက်ကြောင်း သိရသည်။





မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက....

လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းများစွာဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ...

ယနေ့ ဇွန်လ(၂၉)ရက်နေ့ ထိုင်းစံတော်ချိန် နံနက်(၁၀)နာရီကျော်အထိ ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိရာ လူငယ်(၁၃)ဦးအား ရှာဖွေတွေ့ရှိရခြင်း မရှိသေးသဖြင့် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။






photo crd. SNN

Comments