သတင္းအမွားမ်ားကို သတိျပဳပါ..။ အဆင့္ျမင့္ နည္းပညာမ်ားသံုးၿပီး ရွာေဖြရန္ အသင့္ျဖစ္ေနေၾကာင္း



သတင္းအမွားမ်ားကို သတိျပဳပါ၊ ေရက်သည္ႏွင့္ ၀င္ရွာရန္ အဆင္သင့္ျဖစ္ေၾကာင္း ေရတပ္ အသိေပး

Update: 8:30PM ၊ 27/6/2018



ရွာေဖြေရးလုပ္ငန္း စတင္ေဆာင္ရြက္သည့္ အခ်ိန္ကစ၍ ဇြန္လ(၂၇)ရက္ေန႔ ည(၆)နာရီအထိ မယ္ဆိုင္ဂူအတြင္း ကေလးမ်ားကို ေတြ႔ရွိရျခင္း၊ အသံမ်ားၾကားေနရျခင္း၊ ကေလးတစ္ဦး၏ အေလာင္းအား ေတြ႔ရွိရျခင္း ဆိုသည္မ်ားမွာ ေကာလာဟလမ်ားသာ ျဖစ္ေၾကာင္း ႏွင့္ ေရေၾကာင့္ ရွာေဖြေရး ခက္ခဲေနသည့္အတြက္ ေရမ်ားအေတာ္အသင့္ က်သြားပါက ခ်က္ခ်င္းရွာေဖြရန္ အဆင့္သင့္ျဖစ္ေနေၾကာင္း ထိုင္းေတာ္၀င္ေရတပ္က အသိေပးထားရွိသည္။



ျမန္မာ – ထိုင္းနယ္စပ္၊ ထိုင္းႏိုင္ငံ(ေျမာက္ပိုင္း)၊ ခ်င္း႐ိုင္းခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕၊ ပုံဖာရပ္ကြက္ရွိ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီး ဇြန္လ (၂၃)ရက္ေန႔ ကတည္းက လူငယ္(၁၃)ဦး ပိတ္မိေနသည့္ ဂူအတြင္း ရွာေဖြကယ္ဆယ္မႈ လုပ္ငန္းမ်ားကို နည္းလမ္းမ်ားစြာျဖင့္ ဇြန္လ(၂၃)ရက္ေန႔ ညပိုင္းကတည္းကစ၍ ယေန႔ ဇြန္လ(၂၇)ရက္ေန႔ ထိုင္းစံေတာ္ခ်ိန္ ညေန(၉)နာရီေက်ာ္အထိ ရွာေဖြမႈမ်ား ျပဳလုပ္ေနလ်က္ရွိရာ လူငယ္(၁၃)ဦးအား ရွာေဖြေတြ႔ရွိရျခင္း မရွိေသးသျဖင့္ ရွာေဖြကယ္ဆယ္မႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနလ်က္ရွိသည္။

#TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate

ထိုင္းစံေတာ္ခ်ိန္ ၂၀:၀၀ ခ်ိန္ ေရငုပ္ကၽြမ္းက်င္သူအဂၤလန္ႏိုင္ငံသား(၃) ဦးႏွင့္အျခားအင္အားျဖည့္အဖြဲ႕မ်ား ဂူအတြင္းသို႕ေရာက္ရွိၿပီး ရွာေဖြေရးလုပ္ငန္းမ်ားတိုးျမႇင့္ေဆာင္ရြက္လွ်က္ရွိပါသည္ ။

credit ကုိစည္သူ



သတင်းအမှားများကို သတိပြုပါ၊ ရေကျသည်နှင့် ဝင်ရှာရန် အဆင်သင့်ဖြစ်ကြောင်း ရေတပ် အသိပေး

Update: 8:30PM ၊ 27/6/2018

ရှာဖွေရေးလုပ်ငန်း စတင်ဆောင်ရွက်သည့် အချိန်ကစ၍ ဇွန်လ(၂၇)ရက်နေ့ ည(၆)နာရီအထိ မယ်ဆိုင်ဂူအတွင်း ကလေးများကို တွေ့ရှိရခြင်း၊ အသံများကြားနေရခြင်း၊ ကလေးတစ်ဦး၏ အလောင်းအား တွေ့ရှိရခြင်း ဆိုသည်များမှာ ကောလာဟလများသာ ဖြစ်ကြောင်း နှင့် ရေကြောင့် ရှာဖွေရေး ခက်ခဲနေသည့်အတွက် ရေများအတော်အသင့် ကျသွားပါက ချက်ချင်းရှာဖွေရန် အဆင့်သင့်ဖြစ်နေကြောင်း ထိုင်းတော်ဝင်ရေတပ်က အသိပေးထားရှိသည်။



မြန်မာ – ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းများစွာဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ယနေ့ ဇွန်လ(၂၇)ရက်နေ့ ထိုင်းစံတော်ချိန် ညနေ(၉)နာရီကျော်အထိ ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိရာ လူငယ်(၁၃)ဦးအား ရှာဖွေတွေ့ရှိရခြင်း မရှိသေးသဖြင့် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။

#TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate

ထိုင်းစံတော်ချိန် ၂၀:၀၀ ချိန် ရေငုပ်ကျွမ်းကျင်သူအင်္ဂလန်နိုင်ငံသား(၃) ဦးနှင့်အခြားအင်အားဖြည့်အဖွဲ့များ ဂူအတွင်းသို့ရောက်ရှိပြီး ရှာဖွေရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လျှက်ရှိပါသည် ။

credit ကိုစည်သူ

Comments