အိုင္ဒီယာလန္းလြန္းလို႔ ေထာင္က်ရေတာ့မည့္ ေကာ္ဖီဆိုင္ပိုင္ရွင္...



ယေန႔ေခတ္မွာ စီးပြားေရးလုပ္ရတာ သိပ္ေတာ့ လြယ္ကူလွတဲ့အလုပ္မဟုတ္ပါဘူး၊ ေအာင္ျမင္တဲ့ စီးပြာေရးျဖစ္ဖို႔ဆိုတာ ကိုယ့္ရဲ့ၿပိဳင္ဘက္ေတြထက္သာလြန္တဲ့ အိုင္ဒီယာေတြနဲ႔ ေစ်းကြက္ကို ထိုးေဖာက္ဖို႔လိုပါတယ္။

ဒါေပမယ့္ ကိုယ္ရဲ့ အိုင္ဒီယာက အနည္းငယ္ အတိမ္းအေစာင္းရွိသြားခဲ့ရင္ေတာ့ ကိုယ္တိုင္ျပန္ၿပီး ဒုကၡေရာက္တတ္ပါေသးတယ္။



ဘန္ေကာက္ၿမိဳ႕က ေကာ္ဖီဆိုင္တစ္ဆိုင္ရဲ့ ပိုင္ရွင္ျဖစ္သူဟာ သူ႔ရဲ့ လုပ္ငန္းကို ေရာင္းအားျမႇင့္တင္ဖို႔ ေၾကာျငာဆိုင္းဘုတ္ေတြ၊ တီဗီေၾကာ္ညာေတြအတြက္ ကုန္က်ခံမယ့္အစား ေမာ္ဒယ္တစ္ေယာက္ကို ငွားရမ္းၿပီး စားပြဲထိုးခိုင္းလိုက္ပါတယ္။

အိုင္ဒီယာက လန္းလြန္းလို႔ ခ်က္ျခင္း အြန္လိုင္းမွာ ဓါတ္ပုံေတြနဲ႔ နာမည္ႀကီးသြားေပမယ့္ မသင့္ေတာ္တဲ့ အျပဳအမူေၾကာင့္ ေကာ္ဖီဆိုင္ပိုင္ရွင္ ေထာင္က်မယ့္ကိန္း ဆိုက္ေနပါတယ္။



ထိုင္းေဖာ္ခၽြတ္ေမာ္ဒယ္ “အရီဆာ ဆူဝန္နာေဝါင္း” ကို ငွားရမ္းၿပီး ေဒါက္ျမင့္ဖိနပ္စီး၊ ဘာအဝတ္စားမွ မဝတ္ခိုင္းပဲ မီးဖိုေဆာင္သုံး ႀကိဳးဆြဲလည္စည္းကိုသာ ဝတ္ဆင္ေစၿပီး ဆိုင္မွာ စာပြဲထိုးခိုင္းၿပီး ဓါတ္ပုံေတြ ရိုက္ကူးခဲ့ပါတယ္။

“ကၽြန္မအေနနဲ႔ အခေၾကးေငြမယူပဲ ကူညီ႐ုံသက္သက္ပါ၊ အစပ်ိဳးတဲ့ စီးပြားေရးလုပ္ငန္းတစ္ခု ေအာင္ျမင္ပါေစဆိုတဲ့ စိတ္ေကာင္းေလးနဲ႔ ကူညီခဲ့တာပါ” ဟု ေမာ္ဒယ္ျဖစ္သူက ေျပာၾကားခဲ့ပါတယ္။



ေကာ္ဖီဆိုင္ပိုင္ရွင္ “ဆပ္ခြန္” က “ေကာ္ဖီဆိုင္မွာ ရိုက္ထားတဲ့ပုံေတြကို စီးပြားေရးေၾကာျငာတစ္ခုလို အြန္လိုင္းမွာ အသုံးျပဳခဲ့တာပါ၊ လိင္ပိုင္းဆိုင္ရာ ႏွိုးဆြလိုစိတ္နဲ႔ ရည္ရြယ္ခဲ့တာ မဟုတ္ပါဘူး၊ အဲဒီအတြက္လည္း ေတာင္းပန္ပါတယ္” လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္ ထိုင္းရဲေတြကေတာ့ ဒီကိစၥကိုအလြတ္မေပးေသးပဲ ပုံေတြကို အြန္လိုင္းေပၚကေန ျပန္ဖ်က္သြားေပမယ့္ အမွုကက်ဴးလြန္ၿပီးသား ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

ေကာ္ဖီဆိုင္ပိုင္ရွင္ကေတာ့ ဒီကိစၥကို သူသိပ္မကၽြမ္းက်င္ပါဘူး၊ ပုံေတြက အဝတ္မပါတဲ့ ပုံေတြမဟုတ္လို႔ ဒီလိုျဖစ္လိမ့္မယ္လို႔ မထင္မိေၾကာင္း သူ႔ရဲ့ဆိုင္လူသိမ်ားေအာင္ လုပ္လိုက္တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကမွ ဆိုင္ကို စဖြင့္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

မည္သို႔ပင္ဆိုေစကာမူ ဆိုင္ပိုင္ရွင္ “ဆပ္ခြန္” အေနနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ကေန ၅ ႏွစ္ ဒါမွမဟုတ္ ဒဏ္ေငြ ဘတ္ ၁ သိန္း (က်ပ္ ၄၂ သိန္းခန႔္) ျပစ္ဒဏ္က်ခံရဖို႔ရွိေနပါတယ္။

Lwin Pyin

==============

ယနေ့ခေတ်မှာ စီးပွားရေးလုပ်ရတာ သိပ်တော့ လွယ်ကူလှတဲ့အလုပ်မဟုတ်ပါဘူး၊ အောင်မြင်တဲ့ စီးပွာရေးဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့ပြိုင်ဘက်တွေထက်သာလွန်တဲ့ အိုင်ဒီယာတွေနဲ့ စျေးကွက်ကို ထိုးဖောက်ဖို့လိုပါတယ်။

ဒါပေမယ့် ကိုယ်ရဲ့ အိုင်ဒီယာက အနည်းငယ် အတိမ်းအစောင်းရှိသွားခဲ့ရင်တော့ ကိုယ်တိုင်ပြန်ပြီး ဒုက္ခရောက်တတ်ပါသေးတယ်။

ဘန်ကောက်မြို့က ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်သူဟာ သူ့ရဲ့ လုပ်ငန်းကို ရောင်းအားမြှင့်တင်ဖို့ ကြောငြာဆိုင်းဘုတ်တွေ၊ တီဗီကြော်ညာတွေအတွက် ကုန်ကျခံမယ့်အစား မော်ဒယ်တစ်ယောက်ကို ငှားရမ်းပြီး စားပွဲထိုးခိုင်းလိုက်ပါတယ်။

အိုင်ဒီယာက လန်းလွန်းလို့ ချက်ခြင်း အွန်လိုင်းမှာ ဓါတ်ပုံတွေနဲ့ နာမည်ကြီးသွားပေမယ့် မသင့်တော်တဲ့ အပြုအမူကြောင့် ကော်ဖီဆိုင်ပိုင်ရှင် ထောင်ကျမယ့်ကိန်း ဆိုက်နေပါတယ်။

ထိုင်းဖော်ချွတ်မော်ဒယ် “အရီဆာ ဆူဝန်နာဝေါင်း” ကို ငှားရမ်းပြီး ဒေါက်မြင့်ဖိနပ်စီး၊ ဘာအဝတ်စားမှ မဝတ်ခိုင်းပဲ မီးဖိုဆောင်သုံး ကြိုးဆွဲလည်စည်းကိုသာ ဝတ်ဆင်စေပြီး ဆိုင်မှာ စာပွဲထိုးခိုင်းပြီး ဓါတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။

“ကျွန်မအနေနဲ့ အခကြေးငွေမယူပဲ ကူညီရုံသက်သက်ပါ၊ အစပျိုးတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ပါစေဆိုတဲ့ စိတ်ကောင်းလေးနဲ့ ကူညီခဲ့တာပါ” ဟု မော်ဒယ်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

ကော်ဖီဆိုင်ပိုင်ရှင် “ဆပ်ခွန်” က “ကော်ဖီဆိုင်မှာ ရိုက်ထားတဲ့ပုံတွေကို စီးပွားရေးကြောငြာတစ်ခုလို အွန်လိုင်းမှာ အသုံးပြုခဲ့တာပါ၊ လိင်ပိုင်းဆိုင်ရာ နှိုးဆွလိုစိတ်နဲ့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး၊ အဲဒီအတွက်လည်း တောင်းပန်ပါတယ်” လို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းရဲတွေကတော့ ဒီကိစ္စကိုအလွတ်မပေးသေးပဲ ပုံတွေကို အွန်လိုင်းပေါ်ကနေ ပြန်ဖျက်သွားပေမယ့် အမှုကကျူးလွန်ပြီးသား ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကော်ဖီဆိုင်ပိုင်ရှင်ကတော့ ဒီကိစ္စကို သူသိပ်မကျွမ်းကျင်ပါဘူး၊ ပုံတွေက အဝတ်မပါတဲ့ ပုံတွေမဟုတ်လို့ ဒီလိုဖြစ်လိမ့်မယ်လို့ မထင်မိကြောင်း သူ့ရဲ့ဆိုင်လူသိများအောင် လုပ်လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ ဆိုင်ကို စဖွင့်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဆိုင်ပိုင်ရှင် “ဆပ်ခွန်” အနေနဲ့ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၁ သိန်း (ကျပ် ၄၂ သိန်းခန့်) ပြစ်ဒဏ်ကျခံရဖို့ရှိနေပါတယ်။

Lwin Pyin

Comments